26.3 C
Yangon

ကုန်တွင်းပိတ် တရုတ်တောင်ပိုင်းအတွက် မြန်မာနိုင်ငံမှတစ်ဆင့် အိန္ဒိယသမုဒ္ဒရာသို့ ပင်လယ်ထွက် ပေါက် ဖန်တီးပေးမည်ဟု မင်းအောင်လှိုင်က ကမ်းလှမ်း၊ ရခိုင်နှင့်တရုတ်သို့ ဆက်သွယ်မည့် ကျောက်ဖြူ -ကူမင်း ရထားလမ်းစီမံကိန်း အကောင် အထည်ဖော်ရန် တွန်းအားပေး

Must read

ရန်ကုန်၊ စက်တင်ဘာ ၁

မြန်မာနိုင်ငံက ကုန်းတွင်းပိတ်တရုတ်တောင်ပိုင်းပြည်နယ်များအတွက် အိန္ဒိယသမုဒ္ဒရာသို့ ပင်လယ်ထွက်ပေါက် ဖန်တီးပေးမည်ဟု မင်းအောင်လှိုင်က တရုတ်ကို ကမ်းလှမ်းလိုက်သည်။

ယမန်နေ့ ဩဂုတ်လ ၃၁ ရက်နေ့ တရုတ်စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံစဉ် မင်းအောင် လှိုင်က ထိုသို့ ကမ်းလှမ်းလိုက်ခြင်းဖြစ်သည်။

တရုတ်နိုင်ငံ၏ ကုန်တွင်းပိုင်း ပင်လယ်ထွက်ပေါက်မရှိသည့် တောင်ပိုင်းပြည်နယ်များကို မြန်မာနိုင်ငံမှ တစ်ဆင့် ပင်လယ်ထွက်ပေါက် ရရှိစေနိုင်ကြောင်း၊ ကျောက်ဖြူ- ကူမင်း ရထားလမ်းစီမံကိန်းသည် တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်အဖြစ် ပုံပေါ်လာနိုင်မည့် အလားအလာရှီသော အခွင့်အလမ်းများရှိကြောင်း၊ လက်ရှိတွင် မန္တလေး-မူဆယ်ရထားလမ်းနှင့်မန္တလေး-ကျောက်ဖြူရထားလမ်းစီမံကိန်းများကို အကောင် အထည်ဖော်နေကြောင်း မင်းအောင်လှိုင်က ဆိုသည်။

မြန်မာနိုင်ငံက လမ်းပန်းဆက်သွယ်မှုအနေဖြင့် တောင်အာရှ၊ အရှေ့တောင်အာရှနှင့် တ ရုတ် နိုင်ငံတို့ဆုံဆည်းရာနေရာတွင် ပထဝီဝင် အနေအထားအရ အချက်အချာကျကျ တည်ရှိလျက်ရှိကြောင်း၊ တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက်ကို ဖန်တီးပေးနိုင်မည့်နိုင်ငံဖြစ်ကြောင်း၊ တရုတ်နိုင်ငံအတွက် အလားအလာကောင်းများရှိနေကြောင်း မင်းအောင်လှိုင်က ဆိုသည်။

လက်ရှိ တရုတ်-မြန်မာနယ်စပ်ဒေသ မတည်ငြိမ်မှုများကြောင့် တရုတ်ယူနန်ပြည်စီးပွား ရေးကို ထိခိုက်နေကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် နှစ်နိုင်ငံနယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်နိုင်မည်ဆိုပါက ကုန်စည်စီးဆင်းမှုများ ယခင်ထက်ပိုမိုတိုးတက်အောင် ဆောင်ရွက်နိုင်မည် ဖြစ်သည့်အပြင် မြန်မာနိုင်ငံအရှေ့မြောက်ဒေသမှ တစ်ဆင့် တရုတ်၊ယူနန်ပြည်နယ်၊ စီချွမ်ပြည်နယ်၊ ချုံချင့်မြူနီစပယ်ဒေသ၊ ကွမ်းရှီပြည်နယ်၊ နန်နင်းမြို့အထိ ကုန်သွယ်ရေး လမ်းကြောင်းတိုးချဲ့နိုင်မည်ဖြစ်ကြောင်း၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးနှင့်လုံခြုံ ရေးပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း မင်းအောင်လှိုင်ကဆိုသည်။

မင်းအောင်လှိုင် လက်ရှိ မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် ကျောက်ဖြူရေနက်ဆိပ် ကမ်း စီမံကိန်း၊ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း၊ ရေနံနှင့်သဘာ၀ဓာတ်ငွေ့ပိုက်လိုင်း စီမံ ကိန်းတို့ကို ပူးပေါင်းဆောင်ရွက်နေကြောင်း၊ မြန်မာနိုင်ငံသို့ တရုတ်လုပ်ငန်းရှင်များ ယုံယုံကြည်ကြည်လာရောက် ရင်းနှီးမြှုပ်နှံကြရန်နှင့် နစ်နာမှုမရှိအောင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောဆိုသည်။

ထို့ပြင် လာမည့် ဒီဇင်ဘာလ မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ ပြုလုပ်ပြီး နိုင်ငံရေး တည်ငြိမ်မှုများ ပိုမိုအားကောင်းလာစေမည်ဖြစ်ကြောင်း၊ တည်ငြိမ်မှုရှိလာသည်နှင့်အမျှ စီးပွားရေးဆောင်ရွက်မှု အခွင့်အလမ်းများ ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း မင်းအောင်လှိုင်က တရုတ်စီးပွားရေးလုပ်ငန်းရှင်များထံသို့ ကမ်းလှမ်းခဲ့သည်။

မင်းအောင်လှိုင်သည် တရုတ်နိုင်ငံသို့ ဩဂုတ်လ ၃၀ ရက်နေ့မှ စက်တင်ဘာလ ၆ ရက်နေ့အထိ သွားရောက်နေခြင်းဖြစ်ပြီး စီးပွား ရေးဖိုရမ်နှင့် တရုတ်က ပြုလုပ်မည့် နှစ် ၈၀ ပြည့် ဂျပန်ကိုအောင်နိုင်ခြင်း စစ်ရေးပြအခမ်းအနားတို့ကို တက်ရောက်မည်ဖြစ်သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article