26.3 C
Yangon

စစ်အုပ်စု၏ ရွေးကောက်ပွဲ ဂျပန်အစိုးရ လက်မခံ၊ ပြင်းထန်သော ဆန့်ကျင်မှုများ ဖြစ်ပေါ်စေမည့်အပြင် ငြိမ်းချမ်းစွာ ဖြေရှင်းရေး ပိုမို ခက်ခဲစေမည်ဟု သတိပေး

Must read

🟥 ဒေါ်အောင်ဆန်းစုကြည်နှင့် ဖမ်းဆီးထားသူများကို လွှတ်ရန် ဂျပန်အစိုးရ တောင်းဆို

ရန်ကုန်၊ စက်တင်ဘာ ၁

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်လူအများအပြားကို ဖမ်းဆီးပြီး စစ်တပ်က ရွေးကောက်ပွဲ ပြုလုပ်ရန် စီစဉ်မှုမှာ မြန်မာပြည်သူများ၏ ပြင်းထန်သော ဆန့် ကျင် တုံ့ ပြန်မှုများ ဖြစ်ပေါ်စေမည့်အပြင် မြန်မာ့အရေး ငြိမ်းချမ်းစွာ ဖြေရှင်းရေး ပိုမို ခက် ခဲလာစေ မည်ဖြစ်ကြောင်း ဂျပန်အစိုးရက ယနေ့ ထုတ်ပြန်ကြေညာသည်။

ယနေ့ စက်တင်ဘာလ ၁ ရက်နေ့တွင် မြန်မာနိုင်ငံ၏ အခြေအနေနှင့်ပတ်သက်၍ ဂျပန်အစိုး ရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပြီး အဆိုပါ ကြေ ညာချက်တွင် ယင်းကဲ့သို့ စစ်တပ်၏ ရွေးကောက်ပွဲကို လက်မခံကြောင်း အတိအလင်း ထုတ်ဖော်ပြောဆိုလာခြင်းဖြစ်သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီး ၄ နှစ်ခွဲကြာသည့်တိုင် မြန်မာနိုင်ငံတွင် ဆက်လက်ဖြစ်ပေါ်နေသည့် အခြေအနေများကို လေးလေးနက်နက် စိုးရိမ်ပြီး ရှုတ်ချကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် လူအများအပြားကို စစ်တပ်က ဆက်လက် ဖမ်းဆီးထားဆဲဖြစ်ပြီး အခြေအနေမှာ တိုးတက်မှု အရိပ်အယောင် မပြဘဲ လေကြောင်း တိုက်ခိုက်မှုနှင့် အခြားသော အကြမ်းဖက်မှုများ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်ကြောင်း ဂျပန်အစိုးရက ဆိုသည်။

ထိုသို့သော အခြေအနေမျိုးတွင် မြန်မာစစ်အစိုးရက အရေးပေါ် အခြေအနေ ရုပ်သိမ်းပြီး လာမည့် ဒီဇင်ဘာလနှင့်ဇန်နဝါရီလတွင် အထွေထွေ ရွေးကောက်ပွဲများ ကျင်းပမည်ဟု ကြေညာခဲ့ကြောင်း၊ ဖမ်းဆီးထားသူများကို ပြန်လည် လွှတ်ပေးခြင်းမရှိခြင်း၊ အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးမှုများ မရှိခြင်း အပါအဝင် နိုင်ငံရေးတိုးတက်မှုမရှိဘဲ အထွေထွေ ရွေးကောက်ပွဲများ ကျင်းပမည် ဆိုပါက မြန်မာ ပြည်သူများ၏ ပိုမို ပြင်းထန်သော တုံ့ပြန်မှုများကို ဖြစ်ပေါ်စေပြီး ငြိမ်းချမ်းသော ဖြေရှင်းမှု များကို ပိုမို ခက်ခဲလာစေမည် ဖြစ်ကြောင်း ဂျပန်အစိုးရက ဆိုသည်။

ဂျပန်အစိုးရအနေဖြင့် အချက် ၃ ချက် တောင်းဆိုလိုက်ပြီး အကြမ်းဖက်မှုများကို ချက်ချင်းရပ်တန့်ရန်၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးထားသူများကို လွှတ်ပေးရန်နှင့် မြန်မာ့ဒီမိုကရေစီစနစ်ကို အမြန်ပြန်လည်ထူထောင်ရန် ဂျပန်က ထပ်မံတိုက်တွန်းသည်။

စစ်တပ်က အရေးပေါ်အခြေအနေ ရုပ်သိမ်းပြီးပါက စစ်တပ်အနေဖြင့် ရိုးရိုးသားသား ဆောင်ရွက်မည်ဟု ဂျပန်က မျှော်လင့်ကြောင်း၊ တစ်ချိန်တည်းမှာပင် ဂျပန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံတစ်ဝန်း အပစ်အခတ်ရပ်စဲရေး နှင့် လက်တွေ့ကျယုံကြည်ရသော အကောင်အထည်ဖော်မှု အောင်မြင်ရန် မျှော်လင့်ကြောင်း၊ မြန်မာ့နိုင်ငံရေးအတွက် သက်ဆိုင်သူအားလုံးက ငြိမ်းချမ်းသော ဆုံးဖြတ်ချက်တစ်ခုဆီသို့ စိတ်ရင်းမှန်ဖြင့် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ဂျပန်က အခိုင်အမာ မျှော်လင့်ကြောင်း ထုတ်ပြန် ကြေညာသည်။

ဂျပန်နိုင်ငံအနေဖြင့် မြန်မာ့အရေး ဖြေရှင်းရေးအာဆီယံ၏ ကြိုးပမ်းမှုများကို အပြည့် အ၀ထောက်ခံကြောင်း၊ အထူးသဖြင့် လူ သားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်ရေး အပါအဝင် အာဆီယံဘုံသဘောတူညီချက်၅ ရပ်အကောင် အထည်ဖော်ရေး အပြည့်အ၀ ထောက်ခံကြောင်း ကြေညာသည်။

ဂျပန်နိုင်ငံက မြန်မာပြည်သူများ၏ အသံများကို ဂရုတစိုက် နားထောင်ပြီး သက်ဆိုင်သူ အသီးသီးနှင့် တွေ့ဆုံဆွေးနွေးမှုများ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ယခုမတ်လ ငလျင်ဒဏ်ကြောင့် မြန် မာပြည်သူများ အသက်မွေးဝမ်းကြောင်းပြုခြင်း နှင့် ကာလရှည်ကြာ ပဋိပက္ခများ ကြောင့် ထိခိုက်နေရသော မြန်မာနိုင်ငံ ပြည်သူများ၏ ဘဝတိုးတက်ရေး အတွက် လူသားချင်းစာနာ ထောက်ထားမှု အကူအညီ နှင့် ပံ့ပိုးကူညီမှုများ ဆက်လက်ပံ့ပိုးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာသည်။

ဓာတ်ပုံ – ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်နေ့ ဂျပန်နိုင်ငံသို့ သွားရောက်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်ကို ဂျပန်အစိုးရက ဂုဏ်ပြု တပ်ဖွဲ့ဖြင့် ကြိုဆိုခဲ့စဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်နေ့ ဂျပန်နိုင်ငံသို့ သွားရောက်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်ကို ဂျပန်အစိုးရက ဂုဏ်ပြု တပ်ဖွဲ့ဖြင့် ကြိုဆိုခဲ့စဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article