30.9 C
Yangon

ကန့်ဘလူတွင် စစ်တပ်က စစ်ဘေးရှောင် လင်မယား ၂ ဦးကို ရက်ရက်စက်စက် သတ် ဖြတ်ခဲ့ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီး

Must read

ရန်ကုန်၊ စက်တင်ဘာ ၁

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် စစ်တပ်က စစ်ဘေးရှောင် လင်မယား ၂ ဦးကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ပြီး နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ ဩဂုတ်လ ၃၁ ရက် နံနက် ၈ နာရီ ၃၀ မိနစ်အချိန် ကန့်ဘလူမြို့နယ်၊ချပ်သင်းအထိုင်စခန်းမှ စစ်သားနှင့် ပျူစောထီး အင်အား ၁၀၀ ခန့်ဖြင့် ပုဏ္ဏားကြီးရွာဘက်သို့ ထွက်လာသော စစ်ကြောင်းက ဦးကင်းကြည်ရွာနှင့် နှောကုန်းရွာကို ဒရုန်းဖြင့် ဗုံး ၄ လုံးချတိုက် ခိုက်ခဲ့ကြောင်း ၊ ထို့နောက် ပုဏ္ဏားကြီးရွာမှ စစ်ဘေးရှောင်နေသည့် အသက် ၄၅ နှစ်အရွယ် ကိုဇော်မျိုးလှိုင်နှင့် အ သက် ၄၄ နှစ်အရွယ် မမာမာသင်းတို့ လင်မယားနှစ်ဦးကို ပစ်ခတ်သတ်ဖြတ်ကာ ပါးစပ်၊ ဦးခေါင်းတို့ ကို ဓား ဖြင့် ခုတ်ဖြဲပစ်ခဲ့ကြောင်း၊ ထို့အပြင် စစ်ရှောင်တဲ ၄ လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရ သည်။

ထိုစစ်တပ် စစ်ကြောင်းက ယမန်နေ့ နံနက် ၁၀ နာရီအချိန် ပုဏ္ဏားကြီးကျေးရွာ အရှေ့ဘက်အရောက် ကန့်ဘူလူခရိုင်တပ်ရင်း ၂ ရဲဘော်များနှင့် ဒေသကာကွယ်ရေးအဖွဲ့များက စောင့်ကြိုတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၇ ဦးထက်မနည်း အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိပြီး ၅ ဦးကို နွားလှည်းပေါ်တင်၍ လည်းကောင်း၊ ကျန် ၂ ဦးကို ထမ်းစင်များဖြင့် ထမ်း ၍လည်းကောင်း သယ်ဆောင်သွားကြောင်း သိရသည်။

“ချပ်သင်းအထိုင်ကထွက်လာတဲ့ ‌စခတွေက အင်အား ၁၀၀ လောက်ရှိတယ်။ ၃ ဖွဲ့လောက်ခွဲထွက်ခဲ့ တာ ဒရုန်း နဲ့လည်း ဦးကင်းကြည်နဲ့ နှောကုန်းရွာတွေဘက် ဗုံးသီး ၄ လုံးချလို့ ‌ပြေးရတာ၊ စစချင်း စစ်ရှောင်တဲဘက်ဝင်တာ တဲတွေကို ဝိုက်ပစ်တာဆိုတော့ တဲနားရှိနေတဲ့ ကိုဇော်မျိုးလှိုင်တို့ လင်မ ယား နှစ်ယောက်လုံး သေတယ်။ သူတို့လင်မယားနှစ်ယောက်လုံးကိုလည်း ပါးစပ်တွေ ခေါင်းတွေ ဓားတွေနဲ့ဖြဲထားတာ ရက်ရက်စက်စက်ပါ။ ကြောက်စရာ။ လူစိတ်တကယ်မရှိတဲ့ သူတွေ ၊စစ်ရှောင်ပြည်သူမှန်းသိသားနဲ့ကို ရက်ရက်စက်စက်သတ် ဖြတ်သွားတာ။ ပြီးတော့ တဲတွေ မီးရှို့ခဲ့တာ၊ အဲ့နောက်မှာ ပုဏ္ဏားကြီးရွာကျော်မှ ပကဖတွေ၊ PDF တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ကြတာ၊ ခွေးတွေ ဘက်က ၇ ယောက်လောက်ထိတယ်၊ အထမ်းတွေရော လှည်းနဲ့ရောတင်သွားတာ” ဟု ဒေသ ပြည်သူတစ်ဦးက ပြောကြား သည်။

အဆိုပါ စစ်တပ်စစ်ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲမှာ ၁ နာရီခွဲခန့် ကြာမြင့်ခဲ့ပြီး စစ်တပ်က အထိနာ၍ ရှေ့ဆက်မတိုးတော့ဘဲ ယမန်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန်တွင် ချပ်သင်းအထိုင်စခန်းသို့ ပြန်ဆုတ်သွားကြောင်း သိရသည်။

“ဒဏ်ရာရတဲ့ စခ ၇ ဦးက ဒဏ်ရာအပြင်းအထန်ရလို့ လှည်းနဲ့တော့ တိုက်ထုတ်သွားတယ်ပြောပါ တယ်။ သေမသေတော့ အတိအကျပြောမရပါဘူး” ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန် ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article