29.4 C
Yangon

မော်လိုက်မြို့ ၊ထော်သာကျေးရွာတွင် စစ်တပ်က ရိက္ခာမထောက်ပံ့ဘဲ ပစ်ထားခဲ့၍ လချီ ငတ်ပြတ်ခဲ့ရပြီး PDF က ဖမ်းမိသောအခါမှ စစ်သုံ့ပန်း စစ်သား၊ ပျူစောထီးနှင့်မိသားစုဝင် ၂၀၀ နီးပါး အစာ ၀လင်စွာစားရ

Must read

🟥စစ်သားနှင့်ပြည်သူ့စစ်များအားလုံး လက်နက်ချ အလင်းဝင်ကြရန် စစ်သုံ့ ပန်းများ နှင့် မိသားစုများက တညီတညွတ်တည်း တိုက် တွန်း

ရန်ကုန်၊ စက်တင်ဘာ ၁

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့ ၊ထော်သာကျေးရွာတွင် စစ်တပ်က ရိက္ခာမထောက် ပံ့ဘဲ ပစ် ထားခဲ့၍ လချီ ငတ်ပြတ်ခဲ့ရပြီး PDF က ဖမ်းမိသောအခါမှ စစ်သုံ့ပန်း စစ်သား၊ ပြည်သူ့စစ်နှင့်မိသားစုဝင် ရာချီ အစာ ၀လင်စွာစားရကြောင်း စစ်သုံ့ပန်း စစ်သားများ၊ ပြည်သူ့စစ်များနှင့် မိသားစုဝင်များက ပြောဆိုသည်။

ဩဂုတ်လ ၁၅ ရက်နေ့ စစ်ကိုင်းတိုင်း၊ မော်လိုက်ခရိုင်၊ မော်လိုက်မြို့နယ်ရှိ ပျူစောထီးခေါင်းဆောင် အဲပန် ဦးစီးသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ အခြေချနေထိုင်သည့် ထော်သာရွာ (ပျူစောထီး) စခန်းကို မော်လိုက်ခရိုင် တပ်ရင်း ၂၊ ၄ နှင့် ဖောင်းပြင်မြို့နယ် ပကဖ ပူးပေါင်းအဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ပျူစောထီး ခေါင်းဆာင် အဲပန် အပါ ပျူစောထီးများ၏ မိသားစုဝင် ၁၉၀ ဦးကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးရရှိခဲ့သော စစ်သားများနှင့် ပျူစောထီးများက ၎င်းတို့မှာ လချီ စားနပ် ရိက္ခာ မရှိ၍ ငတ်ပြန်ခဲ့ရသော်လည်း PDF က ဖမ်းမိသောအခါမှ ကောင်း ကောင်း မွန်မွန်စားသောက်ရကြောင်း၊ PDF က ဖမ်းမိလျှင် စစ်သားများနှင့် ပြည်သူ့စစ်များကို သတ်ဖြတ်သည်ဆိုသည်မှာလည်း မှန်ကန်မှုမရှိကြောင်း ပြောဆိုကြသည်။

ထော်သာကျေးရွာမှ စစ်သုံ့ပန်း တပ်သား ချစ်ဦးမောင်က စစ်တပ်က အာဏာ ရှင်ဆန်ပြီး ပြည် သူ့ကာကွယ်ရေးတပ်များက စစ်သုံ့ပန်းများကိုပင်လျှင် ကောင်း မွန်စွာ ဆက်ဆံ ကျွေး မွေးကြောင်း၊ အလင်းဝင်လျှင် PDF များက သတ်ဖြတ်မည်ဆိုသော စစ်တပ်၏ ဝါဒဖြန့်မှုများမှာ မှန်ကန်မှုမရှိသည်ကို စစ်သုံ့ပန်းဖြစ်လာချိန်တွင်မှ သိရှိရကြောင်း ပြောဆိုသည်။

“ထော်သာစခန်းကုန်းမှာ စပြီးတော့ ဆား၊ ငပိ စပြတ်ခဲ့ပါတယ်။ ကျွန်တော်တို့ဆိုရင် နေစရာမရှိ စားစရာမရှိ အဖြစ်မျိုးတွေနဲ့ ကြုံခဲ့ရပါတယ်။ အဲဒီနောက် ပိုင်းမှာ ငတ်မွန်ခေါင်းပါးခဲ့ပါတယ်။ ၈ လပိုင်း ၁၅ ရက်နေ့မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်ကနေ ကျွန်တော်တို့ကို ထိန်းသိမ်းခြင်း ခံခဲ့ရပါတယ်။ အရင်တုန်းကလည်း ကျွန်တော်တို့ကလည်း အလင်းဝင်ဖို့ စဉ်းစားခဲ့ပါတယ်။ မဟုတ်တဲ့ ဝါဒတွေ ဖြန့်ချိတယ် ။ တပ်မတော်သားတွေ၊ ပြည်သူ့စစ်တွေ အား လုံးကို PDFပြည်သူ့တပ်မတော်နဲ့ ပူးပေါင်းမယ်ဆိုရင် နည်းမျိုးစုံနဲ့ သတ်ဖြတ်တယ်။ အမျိုးမျိုး ဒုက္ခပေးတယ်၊ ရန်ရှာတယ် အဲဒါမျိုးတွေ အမျိုးမျိုး သတင်း စကားတွေ အမှားတွေ လွှင့်ခဲ့ပါတယ်။ အခုလက်တွေ့မှာ ခြေကောင်း လက် ကောင်း အားလုံး အသက်ခန္ဓာတည်မြဲနေဆဲဖြစ်ပါတယ်။ ပြည်သူ့တပ်ဖွဲ့ကနေ ထိန်းသိမ်းထားရတာ လုံလည်း လုံခြုံတယ်၊ ညီအစ်ကိုရင်းပမာလိုလည်း စောင့် ရှောက်ထားတယ်။ သူတို့ ကြက်သားဟင်းနဲ့ စားရင် ကျွန်တော်တို့လည်း ကြက် သားဟင်းနဲ့ စားတယ်။ သူတို့ ဝတ်စားကောင်းလှဝတ်ရရင် ကျွန်တော်တို့လည်းဝတ်ကောင်း စားလှ ဝတ်ရတယ်” ဟု စစ်သုံ့ပန်း တပ်သား ချစ်ဦးမောင်က ဆိုသည်။

ထော်သာကျေးရွာတွင် စစ်တပ်၏ လျစ်လျူရှုမှုကြောင့် ငတ်ပြတ်မှု ပြဿနာပေါ်ပေါက်ခဲ့ပြီး ကလေးငယ်များမှာ လူတစ်ကိုယ်လုံး ဦးခေါင်းပင် ကျန်တော့ သည်အထိ ပိန်လှီသွားကြကြောင်း၊ PDF ဖမ်းမိချိန် အစာအစားများ ကျွေးမွေးမှသာ ပြန်လည် ပြည့်ပြည့်၀၀ ဖြစ်လာကြောင်း ၎င်းက ပြောဆိုသည်။

“တပ်မတော်သားတွေက တကယ် အာဏာရှင်ဆန်ကြပါတယ်။ တကယ် အာ ဏာရှင်စနစ်တွေပါ။ ကျွန်တော်တို့ကို နှစ်နဲ့ချီပြီးတော့ ဆီ၊ ဆား၊ ငပိပြတ်အောင်ကို ပစ်ထားတယ်။ ကျွန်တော်တို့မှာ စားသုံးခဲ့ရတာဆိုလို့ရှိရင်လည်း တကယ် မျှစ်ပြုတ်တို့၊ အရွက်ပြုတ်တို့ ၊ ရုံးပတီသီးပြုတ်တို့နဲ့ စားခဲ့ရပါတယ်။ တချို့ရက်တွေများဆိုရင် ထမင်းရည်နဲ့ ခေါက်ပြီးသောက်ခဲ့ရပါတယ်။ ကလေးတွေဆိုလို့ရှိရင်လည်း နဂိုက ဝဝဖြီးဖြီး ရှိခဲ့တဲ့ ကလေးတွေဆိုလို့ရှိရင်လည်း ခေါင်းတွေပဲ ကျန်ပါတော့တယ်။ အခု ကျွန်တော်တို့ ထိန်းသိမ်းခံပြီးမှ ပြည့်ပြည့်ဝဝ ပြန်ဖြစ်လာတာပါ” ဟု ၎င်းက ဆိုသည်။

PDF များက ထော်သာကျေးရွာမှ ဖမ်းဆီးရရှိသော စစ်သုံ့ပန်းများကို သတ် ဖြတ်ခြင်းမရှိဘဲ ကောင်းမွန်စွာ ထားသည့်အပြင် ကျန်းမာရေးနှင့် နေစားရေးမှ အစ ကူညီနေကြောင်း၊ ထို့ကြောင့် အခြားစစ်သားနှင့် ပြည်သူ့စစ်များအားလုံး အမြန်ဆုံး အလင်းဝင်စေလိုကြောင်း ၎င်းက တိုက်တွန်းသည်။

” အခု ဖမ်းဆီးခံလိုက်ရတဲ့ မိသားစု ၁၀၀ ကျော်လုံးကိုလည်း တပ်မတော်ကနေ ကျွန်တော်တို့ကို သတ်ဖို့ ရှာပါတယ်။ ကျွန်တော်တို့ကိုလည်း သတ်ပစ်ပြီလို့လည်း ပြည်သူတွေကို သွေးထိုးခဲ့ပါတယ်။ လှုံ့ဆော်ခဲ့ပါတယ်။ အမှန်တကယ်တော့ ကျွန်တော်တို့ ပြည်သူတွေ ၊ မိန်းမ ယောက်ျား ကလေးအားလုံး အစ အကုန်လုံး ရှိပါတယ်။ ဒီမှာပဲ တစ်နေရာတည်းမှာ ထိန်းသိမ်းခြင်းခံထားရတာပါ။ ကျွန်တော်တို့ကို ဘာမှ သတ်လည်း မသတ်ပါဘူး ရန်လည်း မရှာပါဘူး။ ညီအစ်ကိုရင်းသဖွယ် ကျွန်တော်တို့ကို စောင့်ရှောက်ထားပါတယ်။ ကျွန်တော် မှာချင်တာကတော့ အားလုံး လက်နက်ချပြီးတော့ လာရောက်ပူးပေါင်းစေချင်ပါတယ်” ဟု စစ်သုံ့ပန်းတပ်သား ချစ်ဦးမောင်က ဆက်လက်ပြောဆိုသည်။

အလားတူ စစ်သုံ့ပန်းတပ်သား ရဲမင်းထက်ကလည်း ဖမ်းဆီးခံရချိန်မှ အစာကောင်းမွန်စွာ စားရသဖြင့် စစ်တပ်၏ ဝါဒဖြန့်မှုများ မှားယွင်းသည်ကို လက် တွေ့သိရှိလာရသည်ဟု ပြောဆိုသည်။

“တပ်မတော်က ကျွန်တော်တို့ကို ပစ်ထားပါတယ်။ မင်းအောင်လှိုင်က ။ ကျွန်တော် တို့ စခန်းကုန်းမှာ စားတောင် မစားရပါဘူးဗျ။ အရွက်ပြုတ်စားရပါတယ်ဗျ။ အကုန်လုံး အပြုတ်ဗျ၊ မျှစ်ပြုတ် အရွက်ပြုတ်စားရပါတယ်ဗျ။ PDF အဖွဲ့ လက်ထဲ ရောက်မှ ကောင်း ကောင်းမွန်မွန် စားရသောက်ရပါတယ်။ သူတို့ စားသလိုလည်း စားရတယ်။ ဆေးဝါးတွေလည်း အကုန်ကုသပေးတယ်။ ကျွန်တော်ရဲ့ ညီအစ်ကိုတွေ ၊ လော်ဘီတွေ၊ တပ်မတော်က ကောင်တွေကိုလည်း ပြောချင်ပါတယ်။ အချိန်မနှောင်းခင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီ အလင်းဝင်ဖို့ သတင်းစကားလေး ပါးချင်ပါတယ်ဗျ။ နဂိုက သိထားသလို သူတို့ ဖြန့်ထားတဲ့ ဝါဒတွေလည်း မဟုတ်ပါဘူး။ ကောင်းကောင်းမွန်မွန်နေရတယ်။ ရိုက်လည်း မရိုက် နှက်လည်း မနှက်ပါဘူး” ဟု ၎င်းက ပြောသည်။

ထော်သာကျေးရွာမှ ဖမ်းဆီးခံ ပြည်သူ့စစ် အောင်မျိုးဦးကလည်း စစ်သားများနှင့် ပြည်သူ့စစ်များ အချိန်မတိုင်မီ ပြည်သူ့ဘက်သို့ ခိုလှုံသင့်ကြောင်း တိုက် တွန်းပြောဆိုသည်။

“အရင်က သိရတာက လက်နက်ချပြီးတော့ ဖမ်းဆီးခံရတယ်ဆိုရင် သတ်ဖြတ်ခံရတယ်လို့ ဝါဒတွေ ဖြန့်ခံရပါတယ်။ အဲဒီဝါဒတွေက တကယ် မဟုတ်ပါဘူး။ ကျွန်တော်တို့ ဒီရောက်တော့မှ ကောင်းကောင်းမွန်မွန်ထားတယ်။ လက်နက်ချပြီး အလင်းဝင်တဲ့ လူတွေကိုလည်း ဆုကြေးတွေ ပေးတယ်။ ဘဝတူ ညီအစ်ကိုတွေကို သတင်းပါးချင်ပါတယ်။ အချိန်မနှောင်းခင် ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ ပူးပေါင်းပြီးတော့ လက်နက်ချ အလင်းဝင်ကြပါ” ဟု ပြောဆိုသည်။

ထော်သာကျေးရွာမှ သုံ့ပန်းများဖြစ်ကြသည့် ပျူစောထီး မိသားစုဝင်များဖြစ်သော မောင်သန်းဇော်ထွန်းနှင့် မောင်ဇော်မင်းဦး၊ မသန္တာလှိုင်တို့ကလည်း ကောင်းမွန်စွာ ကျွေးမွေး စောင့်ရှောက်ပေးထားသည့်အတွက် PDF များကို ကျေးဇူးတင်ကြောင်း၊ စစ်သားများနှင့် ပျူစောထီးများအားလုံး လက်နက်ချ အလင်းဝင်သင့်ကြောင်း ထုတ်ဖော်ပြောဆိုကြသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article