ဒီကနေ့ စက်တင်ဘာ ၁ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- မြန်မာနိုင်ငံက ကုန်းတွင်းပိတ်တရုတ်တောင်ပိုင်းပြည်နယ်တွေ အတွက် အိန္ဒိယသမုဒ္ဒရာကို ပင်လယ်ထွက် ပေါက် ဖန်တီးပေးမယ်လို့ မင်းအောင်လှိုင်က တရုတ်ကို ကမ်းလှမ်း လိုက်သလို ရခိုင်နှင့်တရုတ်ကို ဆက်သွယ်မယ့် ကျောက်ဖြူ -ကူမင်း ရထားလမ်းစီမံကိန်း အကောင် အထည်ဖော်ဖို့ကိုလည်း တွန်းအားပေးလိုက်ပါတယ်။
- ချင်းပြည်နယ်မှာ အကြမ်းဖက် စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲကို လုံးဝဆန့်ကျင်ပြီး ရွေးကောက်မှာ ပါဝင်ပတ်သက်သူတွေကိုလဲ ပြည်သူ့ သစ္စာဖောက်အဖြစ်သတ်မှတ်ကာ ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ ချင်းပြည်ကောင်စီက အသိပေးထုတ်ပြန်ထားပါတယ်။
- ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံသားတွေရဲ့ ကွန်ဒိုအခန်းဝယ်ယူမှုနှုန်းက အခုနှစ် ပထမ ၆ လအတွင်း ၁၁၉ ရာခိုင်နှုန်း အထိကို ထိုးတက်သွားပြီး ထိုင်းဘတ် ငွေ ၁ ဒသမ ၃ ဘီလီယံတန်ဖိုးရှိတဲ့ ကွန်ဒိုအခန်း ၅၃၃ ခန်းဝယ်ယူထားတဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
