27.5 C
Yangon

စစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲဝင်မည့် ချင်းပြည်နယ်စည်ပင်ဝန်ကြီးဟောင်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုးထက်ကို NLD ပါတီက ထုတ်ပယ်

Must read

ရန်ကုန်၊စက်တင်ဘာ ၁

အကြမ်းဖက်စစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ချင်း ပြည်နယ်စည်ပင်ဝန်ကြီးဟောင်း၊ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ ပြည်နယ်လွှတ်တော်ကိုယ် စားလှယ် ဦးစိုးထက်ကို အမျိုးသားဒီမိုကေရစီအဖွဲ့ချုပ်ပါတီ-NLD က ထုတ် ပယ်လိုက်ကြောင်း ယနေ့ ထုတ်ပြန်ကြေညာသည်။

ဦးစိုးထက်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ချင်းပြည်နယ် ပလက်ဝမြို့နယ်အလုပ် အမှုဆောင်အဖွဲ့ဝင်နှင့် ၂၀၂၀ ရွေးကောက် ပွဲအနိုင်ရ ပလက်ဝမြို့ နယ် မဲဆန္ဒနယ်အမှတ် ၁ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဖြစ်သည်။ NLD အစိုးရ၏ ချင်းပြည်နယ် စည်ပင်သာယာရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင် ခဲ့သူလည်းဖြစ်သည်။

ဦးစိုးထက် (ခ) ဆလိုင်းမဲလုက စစ်ကောင်စီကျင်း ပမည့် အတုအယောင်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဥ်ပြိုင်မည်ဖြစ်၍ NLD ပါတီက ထုတ်ပယ်လိုက်ကြောင်း၊ စစ်တပ်က အခြေခံဥပဒေကိုချိုးဖောက်၍ နိုင်ငံတော် အာဏာကိုအဓမ္မလုယူခဲ့ကြောင်း၊ လွတ်လပ်သန့်ရှင်းတရားမျှတစွာကျင်းပနိုင်ခဲ့သည်ဟု ကမ္ဘာ့နိုင်ငံများက အသိ အမှတ်ပြုထုတ်ပြန်ထားခဲ့သော ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲရလဒ်ကို ငြင်းဆန်ကန့်ကွက်ကာ အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ် ဥက္ကဌဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံအကြီးအကဲများကို မတရားဖမ်းဆီးခဲ့ကြောင်း NLD ပါတီကထုတ်ပြန်ကြေညာသည်။

ထို့ကြောင့် အာဏာလု အဓမ္မစစ်တပ်၏ နိုင်ငံရေးတရားဝင်မှုရရှိစေရန်ရည် ရွယ် ၍ အတုအယောင်ရွေးကောက်ပွဲ ကျင်းပရန် ကြံစည်အားထုတ်နေမှုကို အမျိုသားဒီမိုကရေစီအဖွဲ့ချုပ်၏ ကြားကာလဗဟိုကော် မတီအစည်းအဝေး များတွင် အသိအမှတ်မပြုရန်နှင့် ပူးပေါင်းဆောင်ရွက်ခြင်းမပြုရန် ထုတ်ပြန်တား မြစ်ထားပြီးဖြစ်သည်ကို မျက် ကွယ်ပြု၍ စစ်ကောင်စီ ၏ ရွေးကောက်ပွဲဝင်မည့် ဦးစိုးထက်(ခ) ဆလိုင်းမဲလုသည် ပြည်သူ့ဆန္ဒကို ဆန့်ကျင်သူ ၊ NLD ပါတီ၏ ဆုံးဖြတ်ချက်များကိုလိုက်နာခြင်းမရှိသူအဖြစ် သတ်မှတ်ကာ ပါတီမှ ထုတ်ပယ်လိုက်ကြောင်း NLD က ကြေညာသည်။

ဦးစိုးထက်က ချင်းပြည်သစ်ကွန်ဂရက်ပါတီ(NCC) ကို ထူထောင်ကာ ၂၀၂၅ ခုနှစ်၊ မေလ ၂၆ နေ့တွင် ပါတီတည်ထောင်ခွင့် ရရှိခဲ့ပြီး ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၀ ရက်နေ့တွင် ပါတီမှတ်ပုံတင်ခွင့် ရရှိခဲ့သည်။

ဦးစိုးထက်သည် ပလက်ဝမြို့ဇာတိ ခူမီး(ချင်း) လူမျိုးဖြစ်ပြီး စစ်တပ်ထဲတွင် ဒုတိယဗိုလ်မှူး ကြီးအဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article