ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုကို အကြမ်းဖက်စစ်ကောင်စီတပ် က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် ၂ ဦးအပါအဝင် စစ်ဘေးရှောင်ပြည်သူ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယနေ့ စက်တင်ဘာလ ၁ ရက်နေ့ နံနက် ၈ နာရီ ၄၀ မိနစ်အချိန် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းရှိ စစ်ဘေးရှောင် စခန်းတစ်ခုကို အကြမ်းဖက်စစ်ကောင်စီတပ်က Y12 လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ စစ်ဘေး ရှောင်ကလေးငယ် ၂ ဦးနှင့် အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။
“စစ်ဘေးရှောင်စခန်းတွေကိုပဲ ပစ်မှတ်ထားပြီးကျဲနေတာ၊ လေယာဉ်ရော၊ ဒရုန်းရော၊ လက် နက်ကြီးတွေ ရော မိုးရွာသလို တအုန်းအုန်းပဲ ဆော်နေတာ၊ အခုထိလည်း လေယာဉ်တွေက တောက်လျှောက်ဝဲနေ တုန်းပါ၊ ကတုတ်ကျင်းက ကိုထွက်လို့မရဘူး။” ဟု ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အလားတူ ယနေ့ စက်တင်ဘာလ ၁ ရက် နံနက်ပိုင်း ဖရူဆိုမြို့နယ်အတွင်းရှိ စစ်ဘေးရှောင် စခန်း တစ်ခုကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၃ ဦး ထိ ခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အကြမ်းဖက်စစ်တပ်က တိုက်ပွဲ မရှိသည့် နေရာ ၊ တော်လှန်ရေးတပ်ဖွဲ့များ၏ တပ်စခန်းများ မရှိသည့် နေရာများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားကာ လေကြောင်း ၊ လက် နက်ကြီး များဖြင့် ဗုံး ကျဲ ပစ်ခတ်တိုက်ခိုက်လျက်ရှိသောကြောင့် ပြည်သူများနေဖြင့် စစ်ရေးအသိ၊ စစ်ရေသတိရှိရန် လိုအပ်ပြီး ဗုံးခိုကျင်းများ ခိုင်ခိုင်မာမာတူးထားကြရန် တော်လှန် ရေးအဖွဲ့အစည်းများက တိုက်တွန်း ထားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
