27.5 C
Yangon

အမရပူရမြို့နယ်၊ ကျောက်စိမ်းဘုရားအနီး ဆီဘောက်ဆာကား ၁ စီးက လက်ဖက်ရည်ဆိုင်ကို ဝင်တိုက်မှု မီးလောင်မှုဖြစ်ပွားပြီး လူ ၂ ဦးသေဆုံးကာ ၁ ဦး ရှာမရဘဲ ပျောက်နေ

Must read

ရန်ကုန်၊ စက်တင်ဘာ ၁

မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ ကျောက်စိမ်းဘုရားအနီး ဆီဘောက်ဆာကား ၁ စီးက ကောင်းကောင်းနန်းတော် စားဥယျာဉ် လက်ဖက်ရည်ဆိုင်ကို ဝင်တိုက်ခဲ့ရာ မီး လောင်မှုဖြစ်ပွားပြီး လူ ၂ ဦးသေဆုံးခဲ့ကြောင်း ပရဟိတ အဖွဲ့တစ်ခုမှ ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ စက်တင်ဘာလ ၁ ရက် နံနက် ၆ နာရီ ၄၅ မိနစ်ခန့်အချိန် အမရပူရမြို့နယ်၊ စစ်ကိုင်း-မြစ်ငယ်ဖြတ်လမ်း ကျောက်စိမ်းဘုရားအနီးတွင် ဆီဘောက်ဆာ ကားက ကောင်းကောင်းနန်းတော် စားဥယျာဉ် လက်ဖက်ရည်ဆိုင်ကို ဝင်တိုက်ရာ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထို ဖြစ်စဉ် အတွင်း လူ ၂ ဦး ပွဲချင်းပြီး သေဆုံးပြီး ၁ ဦး ပျောက်ဆုံးကြောင်း၊ လူ ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၁ ဦးမှာ ဒဏ်ရာအခြေအနေ စိုးရိမ်ရကြောင်း၊ ထိခိုက် ဒဏ်ရာ ရရှိသူများကို လူမှုကူညီကယ်ဆယ်ရေး အသင်းများက မန္တလေးပြည်သူ့ဆေးရုံကြီးနှင့် အမရပူရ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် သေဆုံးသူ ၂ ဦး၏ ရုပ်အလောင်းကို မန္တလေးဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင်ထားပြီး လက်ရှိအချိန်အထိ ရှင်းလင်းရေးများ လုပ်ဆောင်လျက်ရှိကြောင်း၊ ဆီဘောက်ဆာကားအောက်တွင် ပိမိနေသည်ဟု ယူဆရသော ပျောက်ဆုံးနေသူ ၁ ဦးကိုလည်း ထုတ်ယူနိုင်ရန် ကူညီမှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

“သေဆုံးသူ ၂ ဦးက လက်ဖက်ရည်ဆိုင် ထိုင်နေတဲ့ သူတွေတော့ ဖြစ်နိုင်တယ်။ ကျနော်တို့လည်း အတိအကျမသိရသေးဘူးပေါ့။ ကျနော်တို့လည်း အခုချိန်ထိ ကယ်ဆယ်ရေးမပြီးသေးတော့ အတိအကျမပြောနိုင်သေးတာပါ” ဟု ပရဟိတအဖွဲ့တစ်ခုက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article