27.5 C
Yangon

Khit Thit သတင်းဌာန၏ စက်တင်ဘာ ၁ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ စက်တင်ဘာ ၁ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • မြန်မာစစ်အုပ်စုက လုပ်မယ့် ရွေးကောက်ပွဲကို ဂျပန်အစိုးရက လက်မခံဘူးလို့ ထုတ်ပြန်လိုက်ပြီး အဲ့ဒီ့ရွေးကောက်ပွဲကြောင့် ပြင်းထန်တဲ့ ဆန့်ကျင်မှုတွေ ဖြစ်ပေါ်စေမည့်အပြင် မြန်မာ့အရေး ဖြေရှင်းဖို့ ပိုမို ခက်ခဲစေမယ်လို့ သတိပေးလိုက်တဲ့အပြင် ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖမ်းဆီးထားသူတွေကို လွှတ်ပေးဖို့ကိုပါ ဂျပန်အစိုးရက တောင်းဆိုလိုက်ပါတယ်။
  • စစ်ကိုင်းတိုင်း မော်လိုက်မြို့က ထော်သာကျေးရွာမှာ အကြမ်းဖက် စစ်ကောင်စီတပ်က သူ့လက်အောက် ခံ တပ်ဖွဲ့တွေကို ရိက္ခာမထောက်ပံ့ဘဲ ပစ်ထားခဲ့တဲ့အတွက် စစ်တပ်မိသားစုတွေ လနဲ့ချီ ငတ်ပြတ်ခဲ့ရပြီး PDF တွေက ဖမ်းမိတဲ့အခါကျမှ စစ်သုံ့ပန်း စစ်သား၊ ပျူစောထီး နဲ့ မိသားစုဝင်အယောက် ၂၀၀ နီးပါး ဟာ အစာ ၀ဝလင်လင်စားရတယ်လို့ အဲဒီစစ်သုံ့ပန်းတွေကိုယ်တိုင် ဝန်ခံပြောဆိုထားကြပါတယ်။
  • ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ပဒဲကျေးရွာကနေ ထွက်လာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ် စစ်ကြာင်း ကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဝိုင်းဝန်းတိုက်ခိုက်ခြေမှုန်းမှုအတွင်း စစ်ကောင်စီ တပ်သား ၁၀ ဝန်းကျင်ကတော့ အသီးသီး သေကုန်ကြပြီးနောက် စစ်တပ်က အထိနာပြီး ပြန်ဆုတ်ပြေးသွားကြတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article