27.6 C
Yangon

ရန်ကုန်မြို့တွင် ၁၀ ရက်အတွင်း အသက်မပြည့်သေးသော ကျောင်းသားများ အပါအဝင် လူ ငယ် ၃၀ ကျော် ပျောက်ဆုံးနေပြီး လူငယ်တချို့ စစ်မှုထမ်းရန် ပေါ်တာဆွဲ ဖမ်းဆီးခံထားရ

Must read

ရန်ကုန်၊ စက်တင်ဘာ ၃

ရန်ကုန်မြို့တွင် ဩဂုတ်လ ၂၅ ရက်နေ့မှ စက်တင်ဘာလ ၃ ရက်နေ့အထိ အသက်မပြည့်သေးသော ကျောင်းသားများ အပါအဝင် လူငယ် ၃၀ ကျော်ပျောက်ဆုံးနေပြီး လူငယ်တချို့မှာ စစ်မှုထမ်းရန် ပေါ်တာဆွဲ ဖမ်းဆီးခံထားရကြောင်း ပျောက်ဆုံးနေသော လူငယ်များ၏ မိဘဆွေမျိုးများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်၊ စက်မှု ၂ လမ်းတွင် အသက် ၂၅ နှစ်အရွယ် မောင်လွင်ကိုထက်သည် ဩဂုတ်လ ၂၅ ရက်နေ့တွင် နေအိမ်သို့ ပြန်မရောက်ဘဲ ပျောက်ဆုံးသွားခဲ့ကြောင်း၊ ယင်းနောက် စစ်တပ်မှဟုဆိုကာ မောင်လွင်ကိုထက်ကို ပေါ်တာဆွဲဖမ်းဆီးပြီး ငွေညှစ်နေကြောင်း မောင်လွင်ကိုထက်၏ ဖခင်ဖြစ်သူ ဦးကျော်စွာထွေးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဩဂုတ်လ ၂၅ ရက် ၇ နာရီ ၂၀ မိနစ်ခန့်က ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်၊ စက်မှု ၂ လမ်းရှိ Stanol Myanmar Service center မှ နေအိမ်သို့ ပြန်လာသော အသက် ၂၅ နှစ်အရွယ် မောင်လွင်ကို ထက်ကို လူတစ်စုက ပေါ်တာဆွဲဖမ်းဆီးသွားပြီးနောက် ယနေ့အထိ အဆက်အသွယ်မရဘဲ ပျောက်ဆုံး နေကြောင်း၊ ယမန်နေ့ စက်တင်ဘာလ ၂ ရက်ညနေပိုင်းတွင် ခလရ ၂၀ တပ်ရင်းမှ ဗိုလ်ကြီး ကျော်နိုင်ဆိုသူက ဖုန်းဆက်ကာ ငွေ ၈ သိန်းလွှဲပေးရန် တောင်းဆိုမှုရှိခဲ့ကြောင်း သိရသည်။

“ကျနော့်သားဟုတ်ပါတယ်။ အသက်က ၂၅ နှစ်၊ သူ့အလုပ်ကနေ ည ၇ နာရီ ၂၀ လောက်ပြန်သွား တယ်။ ပြန်သွားပြီးတာနဲ့အိမ်ကို ဖုန်း ဆက်တယ်။ ပြန်လာနေပြီပြောပြီးတော့ နောက်ပိုင်း အဆက်အ သွယ် မရတော့ပဲ ပျောက်သွားတာ။ အခုထိတော့ အဆက်အသွယ်မရသေးဘူး။ အခုနကပဲ လူတစ် ယောက် ဖုန်းဆက်တယ်။ သူ့ကိုသူ ဗိုလ်ကြီးကျော်နိုင်ပါတဲ့၊ အုပ်ချုပ်ရေးမှူးနဲ့စကားပြောပါ၊ ငွေ ၈ သိန်း လွှဲ ပေး ပါဆိုပြီး လူလိမ်တစ်ယောက်က ဖုန်းဆက်တယ်။ အတင်းငွေလွှဲခိုင်းနေတယ်။ ကလေး နဲ့ စကားပြောမယ်ဆိုတော့လည်း အပြောမခံဘူး။ ပြီးတော့ သူက ခလရ ၂၀ တဲ့၊ ခလရ ၂၀ ကို စုံစမ်း တော့ ရခိုင်တပ်ဖြစ်နေတယ်၊ ပြီးတော့ ညောင်လေးပင်တဲ့၊ ညောင်လေးပင်မှာက ခမရ ၂၀ ၊ သူပြော တဲ့ အဲဒါ တွေက လွဲနေတယ်၊ ပြီးတော့ ကလေးနဲ့လည်း ပေးမတွေ့ဘူး။ ငွေပဲလွှဲခိုင်းနေတယ်၊ ကျ နော် တို့ စုံစမ်းကြည့်တော့လည်း တပ်ထဲ ရောက်သွားရင်လည်း အဲလိုမျိုးမလွဲခိုင်းဘူး။ လူချင်းတွေ့ပြီး တော့ပဲ ငွေစကားပြောတယ်။ လူချင်းလည်းတွေ့ပြီး ပိုက်ဆံယူချင်လည်း အပြင်မှာပဲယူတာပေါ့လေ။ အဲလိုမျိုး” ဟု မောင်လွင်ကိုထက်၏ ဖခင်ဖြစ်သူ ကိုကျော်စွာထွေးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။

သားဖြစ်သူ မောင်လွင်ကိုထက်ပျောက်ဆုံးမှုနှင့်ပတ်သက်၍ တောင်ဥက္ကလာပမြို့မရဲစခန်း၊ လူကုန် ကူးမှုတားဆီးနှိမ်ရေးရဲတပ်ဖွဲ့တို့ထံ တိုင်ချက်ဖွင့်ပြီး လိုက်လံစုံစမ်းရှာဖွေလျက်ရှိကြောင်း သိရသည်။

“ရဲစခန်းမှာတော့ လူပျောက်အကြောင်းကြားထားတယ်၊ နောက်ပြီးတော့ လူကုန်တားမှာလည်း အ ကြောင်းကြားထားတယ်။ အပြင်မှာတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဆက်စပ်ရာ ဟိုမေး၊ ဒီမေးတော့ မေးနေတာပေါ့၊ လိုင်းပေါ်တင်တယ်၊ ဒီလောက်ပဲလုပ်လို့ရတယ်၊ တခြားဘာမှလုပ်လို့မရဘူး ဖြစ်နေ တာ၊” လွင်ကိုထက်၏ ဖခင်ဖြစ်သူ ကိုကျော်စွာထွေးက ရှင်းပြသည်။

အလားတူ ရန်ကုန်မြို့၊ သာကေတမြို့နယ်၊ ရန်ပြေရပ်ကွက်တွင် အသက် ၂၆ နှစ်အရွယ် ကျန်းမာရေးမကောင်းမွန်သော မောင်နိုင်နိုင် ပျောက် ဆုံးသွားပြီး အဆက်အသွယ်မရဖြစ်နေကြောင်း မိသားစုဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။

ဩဂုတ်လ ၂၆ ရက်နေ့ ည ၈ နာရီခန့်အချိန် သာကေတမြို့နယ်၊ ရန်ပြေရပ်ကွက်အနီးတွင် နေအိမ်သို့ ပြန် လာသော အသက် ၂၆ နှစ်အရွယ် မောင်နိုင်နိုင် ပျောက်ဆုံးသွားသဖြင့် သက်ဆိုင်ရာ ရဲစခန်းတွင် လူ ပျောက်အမှုဖွင့် တိုင်တန်းကာလိုက်လံရှာဖွေနေသော်လည်း ယနေ့ စက်တင်ဘာလ ၂ ရက်နေ့အထိ မည့်သည့်အဆက်အသွယ်မျှ ရရှိခြင်းမရှိသေး ကြောင်း သိရသည်။

“ညဘက် အပြင်ခဏသွားပြီး ပြန်လာတုန်း ပျောက်သွားတာ၊ ပြန်လာတဲ့အချိန်အထိတော့ ပြန်လာ နေပြီ ဆိုပြီး အဆက်အသွယ်ရလိုက်သေးတယ်။ နောက်ပိုင်းကျတော့ စက်ပိတ်သွားတာ၊ သူငယ်ချင်း တစ်ယောက်အိမ်ကို အလည်သွားပြီး သာကေတ ရန်ပြေ ဘက်ကနေ ပြန်နေတုန်းပျောက်သွားတာ၊ ည ၈ နာရီကျော်လောက်တော့ရှိပြီ၊ အခုချိန်ထိဘာမှ တော့မကြားမိဘူး။ လူပျောက်တွေ၊ ဘာတွေ တော့ တိုင်ထားတယ်၊ ဘာမှတော့ သတင်းမရသေးဘူး။ သူကအစာအိမ်ရောဂါလည်းရှိတယ်။ ဆေး ခန်းပြထားတာလည်းသိပ်မကြာသေးဘူး။ စစ်မှုထမ်းခေါ်သွားတာမျိုးလည်း မကြားမိဘူး။ အဲလိုမျိုး ဆိုရင် လည်း တစ်ခုခုတော့ သတင်းကြားရမယ် ထင်တယ်၊ ဒါပေမယ့် ဘာမှ မကြားမိတဲ့အခါကျ တော့ ခန့်မှန်းပြီးတော့ မပြောတတ်ဘူး။ ဒီနေ့ဆိုရင် ၈ မြောက်ပြီ၊ ဖုန်းဆက်သွယ်လာတာတွေ လည်းမရှိဘူး။” ဟု မောင်နိုင်နိုင်၏ မိသားစုဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

ထို့အတူ ဩဂုတ်လ ၂၈ ရက်နေ့က ဗဟန်းမြို့နယ်တွင်နေထိုင်သူ အသက် ၁၅ နှစ်အရွယ် မောင် ကောင်းကောင်းမြတ် (ခ) ကောင့်ခန့်အောင်သည် နေအိမ်မှ ထွက်သွားပြီး ပျောက် ဆုံးသွားရာ ယနေ့ အထိ ပြန်လည်တွေ့ရှိခြင်းမရှိသေးကြောင်း သိရသည်။

ယင်းအပြင်း ဩဂုတ်လ ၂၉ ရက်နေ့ အင်းစိန်မြို့နယ်တွင် နေထိုင်သော အသက် ၁၉ နှစ်အရွယ် မောင်ထလာကျဲအိုလျန်သည် ရန်ကုန်မြို့ထဲတွင် ဂျပန်စာသင်တန်းတက်ရန် သွားရောက်ပြီးနောက် ပျောက်ဆုံးနေကြောင်း၊ မိဘများက ယနေ့အချိန်အထိ ရှာမတွေ့တော့ဘဲ လိုက်လံစုံစမ်းလျက်ရှိကြောင်း သိရှိရသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ အသိပေးအကြောင်းကြားလာသော မိဘဆွေမျိုးများ၏ တိုင်ကြားချက်များအရ ဩဂုတ်လ ၂၅ ရက်နေ့မှ စက်တင်ဘာလ ၃ ရက်နေ့အထိ ၁၀ ရက်အတွင်း ရန်ကုန်မြို့တစ်ဝန်းတွင် အသက်မပြည့်သေးသော ကလေးများ အပါအဝင် လူငယ် ၃၀ ကျော်ပျောက်ဆုံးလျက်ရှိကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article