ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်တွင် ဆိုင်ကယ်ကယ်ရီဘေးတွဲသမားများအား လုံးကို စစ်တပ်က ဆင့်ခေါ်ပြီး လာမည့်ရွေးကောက်ပွဲ မဖြစ်မနေ မဲပေးရမည်ဟု ခြိမ်း ခြောက် ဖိအားပေးကြောင်း အဆိုပါဖိအားပေးပွဲ တက်ရောက်ခဲ့သူ ဆိုင်ကယ် ကယ်ရီသမားတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ စက်တင်ဘာလ ၂ ရက်နေ့ ဒဂုံမြို့သစ်တောင်ပိုင်း၊ ၂၀ ရပ်ကွက် ဓမ္မာရုံတွင် တောင် ဒဂုံအတွင်းရှိ ဆိုင်ကယ်ကယ်ရီ ဘေးတွဲသမားများအားလုံးကို စစ်တပ်နှင့်ထွေ/အုပ်က ဆင့်ခေါ်ခဲ့ကြောင်း၊ ယင်းသို့ ဆင့်ခေါ်ပြီးနောက် အီလက်ထရောနစ်မဲပေးစက်ဖြင့် မဲပေးနည်းကို ပို့ချခဲ့ပြီး လာမည့် ရွေးကောက်ပွဲတွင် ဘေးတွဲဆိုင်ကယ်မောင်းနှင်သူများ အား လုံးသည် မဖြစ်မနေ ဆန္ဒမဲထည့်ရမည်ဖြစ်ကြောင်း ထွေ/အုပ်နှင့်စစ်တပ်က ခြိမ်းခြောက် ပြောဆိုလာကြောင်း သိရှိရသည်။
“မဲပေးစက်နဲ့ မဲပေးနည်း သင်ပေးတယ်။ ဘယ်လို ပေးရမလဲဆိုတာကို ပြောတယ်။ ပြီးတော့ ရွေးကောက်ပွဲမှာ မဖြစ်မနေ မဲပေးရမယ်။ မပေးလို့တော့ ရကိုမရဘူးလို့ပြောတယ်။ အခုမဲပေးစက်နဲ့ လေ့ကျင့်ပေးတာက ပြည်သူတွေ မပါသေးဘူး။ တောင်ဒဂုံမှာရှိတဲ့ ဘေး တွဲ သမားတွေအားလုံးကို ခေါ်ပြီး မဲပေးခိုင်းတာ” ဟု အခမ်းအနားတက်ရောက်ခဲ့သူ ဘေးတွဲသမားတစ်ဦးက ရှင်းပြသည်။
ထို့ပြင် အဆိုပါ မဲပေးနည်းလေ့ကျင့်ပွဲများတွင် မည်သည့်ပါတီကို မဲပေးရမည်ဟု ပြောဆိုခြင်းမရှိသော်လည်း တိုင်းပြည်အတွက် အမှန်တကယ်အကျိုးပြုမည့် ပါတီကို ရွေးချယ်မဲပေးရမည်ဖြစ် ကြောင်း၊ မဲမပေးလျှင် နိုင်ငံသားတာဝန်မကျေပွန်ဘဲ တိုင်းပြည်လည်း ထွက် ပေါက်ပျောက်မည်ဟု ပြောဆိုခဲ့ကြောင်း၊ ဆန္ဒမဲပေးရမည့်အပြင် အခြားပြည်သူများ မဲပေးလာရေးကိုလည်း စည်းရုံးရမည်ဟု ပြောဆိုခဲ့ကြောင်း သိရှိရသည်။
ဆန္ဒမဲပေးခြင်းကို ပျက်ပြားအောင် လှုံ့ဆော်ခြင်း၊ စည်းရုံးခြင်း၊ ဆန္ဒပြခြင်းများကို လုပ် ဆောင်သူများကို ရွေး ကောက် ပွဲပျက်ပြားအောင် လှုံ့ဆော်သူများကို အရေးယူမည့် ဥပဒေဖြင့် အရေးယူမည်ဖြစ်ပြီး အနည်းဆုံးထောင်ဒဏ် ၃ နှစ်မှ လူသေမှုပါ ဖြစ်ပွားပါက သေဒဏ်ပါ ချမှတ်မည်ဟု စစ်တပ်နှင့်ထွေ/အုပ်က ထုတ်ဖော်ပြောဆိုခြိမ်းခြောက်ကြောင်း သိရှိရသည်။
“မဲလာမပေးရင်တောင်မှ အရေးယူလို့ရတဲ့ပုံစံကို ခြိမ်းခြောက်နေတယ်။ ကျနော်တို့မှာ ရွေးစရာ ပေးချင်တဲ့ ပါတီမရှိရင်ကောလို့မေးတော့ မရှိရင် ရှိတဲ့ပါတီထဲက အကောင်းဆုံးဖြစ်တာကို ရွေးချယ် မဲပေးရမယ်ဆိုပြီးပြောတယ်။ မဲမပေးရင် ဘာမဆိုဖြစ်သွားနိုင်တယ်ဆိုတာမျိုးခြိမ်းခြောက်တယ်” ဟု လှိုင်သာယာမြို့နယ်တွင် မဲပေးနည်းလေ့ကျင့်ပွဲ တက်ရောက်ခဲ့သူ ပြည်သူတစ်ဦးက ပြောဆိုသည်။
အကြမ်းဖက်စစ်တပ်က လာမည့် ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလများတွင် ရွေး ကောက် ပွဲကို အပိုင်းလိုက်ပြုလုပ်မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar


