27.6 C
Yangon

တရုတ်ရောက် မင်းအောင်လှိုင်က မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် အပါအဝင် နိုင်ငံတကာ ခေါင်းဆောင်များကို လိုက်လံ နှုတ်ဆက် ဓာတ်ပုံအတွဲရိုက်ခံကာ နိုင်ငံတကာ အသိအမှတ်ပြုသည့်ပုံစံ ဝါဒဖြန့်

Must read

ရန်ကုန်၊ စက်တင်ဘာ ၃

တရုတ်နိုင်ငံရောက် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် အပါအဝင် နိုင်ငံတကာ ခေါင်းဆောင်များကို လိုက်လံနှုတ်ဆက်ပြီး ဓာတ်ပုံနိုင်ငံရေးလုပ်နေမှုများကို မြင်တွေ့ရသည်။

အကြမ်းဖက် မင်းအောင်လှိုင်သည် တရုတ်နိုင်ငံတွင် ဩဂုတ်လ ၃၀ ရက်နေ့မှ စက် တင်ဘာလ ၆ ရက်နေ့အထိ ရှန်ဟိုင်းပူး ပေါင်း ဆောင်ရွက်မှုအဖွဲ ထိပ်သီးအစည်းအဝေး နှင့် ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲ အောင်နိုင်ခြင်းနှစ် ၈၀ ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်း အနားများသို့ တက်ရောက်ခဲ့သည်။

အဆိုပါ အစည်းအဝေးနှင့် စစ်ရေးပြအခမ်းအနားများသို့ တက်ရောက်စဉ် မင်းအောင်လှိုင်က တရုတ်နိုင်ငံသို့ လာရောက်သည့် နိုင်ငံတကာခေါင်းဆောင်များကို တကူးတက လိုက်လံ နှုတ်ဆက်ကာ ၎င်းမှာ မြန်မာနိုင်ငံမှ ဖြစ်ကြောင်း မိတ်ဆက်နေသည်ကို စစ်တပ်လော်ဘီ တယ်လီဂရမ်များတွင် ဗီဒီယိုနှင့်တကွ ဖော်ပြထားသည်။

ရုရှားလက်အောက်ခံ နိုင်ငံတချို့ကိုလည်း လိုက်လံ နှုတ်ဆက်ပြီး မြန်မာနိုင်ငံနှင့် သံအမတ်ကြီးထားရှိရန်၊ သံရုံးပူးတွဲ ထားရှိလိုကြောင်း မင်းအောင်လှိုင်က စကားပြန်နှင့်အတူ လိုက် လံ ပြောဆိုခဲ့သည်။ မင်းအောင်လှိုင်က အင်ဒိုနီးရှားသမ္မတ၊ မလေးရှားဝန်ကြီးချုပ် အပါအဝင် အာဆီယံနိုင်ငံခေါင်းဆောင်တချို့ကိုလည်း လိုက်လံ နှုတ်ဆက်ပြီး ဓာတ်ပုံရိုက်ခံကာ စစ်တပ်လော်ဘီ တယ်လီဂရမ်ချန်နယ်များတွင် ဖြန့်ဝေခဲ့သည်။

ယနေ့ စက်တင်ဘာလ ၃ ရက်နေ့ ပြုလုပ်သည့် တရုတ် စစ်ရေးပြအခမ်းအနားတွင်လည်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ကို မင်းအောင်လှိုင်က တကူးတက သွားရောက် နှုတ်ဆက်ပြီး နှစ်ယောက်တွဲ ဓာတ်ပုံများကို စစ်တပ်၏ တယ်လီဂရမ်ချန်နယ်များတွင် ဖြန့်ဝေခဲ့သည်။

တရုတ်နိုင်ငံသို့ လာရောက်ခဲ့သည့် နိုင်ငံတကာ ခေါင်းဆောင်မှန်သမျှကို မင်းအောင်လှိုင်က ဓာတ်ပုံအတူတွဲ အရိုက်ခံကာ တယ်လီဂရမ်ချန်နယ်များတွင် ဖြန့်ဝေခြင်းဖြင့် ၎င်းမှာ နိုင်ငံ တကာနှင့် အဆင်ပြေသော ဆက်ဆံရေး ထူထောင်နိုင်သော ခေါင်းဆောင်ပုံစံမျိုး ဓာတ်ပုံနိုင်ငံရေးဖြင့် ဝါဒဖြန့်မှုများ အကြီးအကျယ် လုပ်ဆောင်လာသည်ကို မြင်တွေ့ရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article