ရန်ကုန်၊ စက်တင်ဘာ ၃
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်ရှိ တော်လှန်ရေးတပ်များ၏ စိုးမိုးနယ်မြေထဲသို့ ဝင်ရောက်လာ သော အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီး ၁ ဦးအပါအဝင် စစ်သား ၈ ဦး ထက် မနည်း သေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ အမှတ် ၂ စစ်ဆင်ရေးနယ်မြေ၊ သတင်း နှင့် ပြန်ကြားရေး တာဝန်ခံ စောဒိုရှင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ စက်တင်ဘာလ ၂ ရက်နေ့က ကျောက်ကြီးမြို့အခြေစိုက်၊ ခလရ ၆၀ တပ်ရင်းမှ စစ်သား များနှင့် ပျူစောထီးများ ပူးပေါင်း အင်အား ၁၀၀ ကျော်ဖြင့် စစ်တောင်းမြစ်ဝှမ်းဒေသ၊ PDF တပ်ဖွဲ့များ စိုးမိုးထိန်းချုပ်နယ်မြေအတွင်းသို့ ဝင်ရောက်လာသော အကြမ်း ဖက်စစ်ကောင်စီတပ်သားများကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦးအပါအဝင် စစ်သား ၈ ဦးထက်မနည်းသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထို့အပြင် စစ်ကောင်စီတပ်သားများ ကိုင်ဆောင်အသုံးပြုသော လက်နက်ငယ် ၇ လက်၊ RPG ၁ လက် နှင့် ခဲယမ်းများ၊ စစ်သုံးပစ္စည်းအချို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း၊ အထိနာသော အကြမ်းဖက် စစ်တပ် က ကျောက်ကြီးမြို့သို့ ပြန်ဆုတ်သွားကြောင်း သိရသည်။
“ရန်သူ့တပ်တွေကတော့ ကျောက်ကြီးက တပ်တွေပေါ့၊ ခလရ ၆၀ နဲ့ ပျူစောထီးတွေပါတယ်။ အင် အားကတော့ ၁၀၀ ကျော်တယ်။ သူတို့ပြန်ဆုတ်ခွာသွားတာကလည်း ကျောက် ကြီးဘက်ပါပဲ၊ ကျ နော်တို့ စိုးမိုးနယ်မြေကလည်း ကျောက်ကြီးမြို့နယ်အတွင်းမှာဖြစ်ပါတယ်။ သေဆုံးစစ်သား အ လောင်းတွေရရှိပြီးတော့ အတည်ပြုလို့ ရတာပဲ ထုတ်ပြန်တာပါ၊ အနည်းဆုံး ၈ ဦးရှိပြီးတော့ ဗိုလ် ကြီး အဆင့် တစ်ဦးလည်းပါဝင် ပါတယ်” ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ အမှတ် ၂ စစ်ဆင် ရေးနယ်မြေ၊ သတင်း နှင့် ပြန်ကြားရေး တာဝန်ခံ စောဒိုရှင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို အမှတ် ၂ စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ ၂၄ ၊ နဂါးနီ တပ်ရင်း (P-29903) ၊ အမှတ် ၃၅၀၂ တပ်ရင်း နှင့် KNLA တပ်ရင်း ၈ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

