ရန်ကုန်၊ စက်တင်ဘာ ၃
ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ် ၊ အမှတ် ၉ ရပ်ကွက် ဖအောင်ဝဲအုပ်ချုပ်ရေးမှူးလည်းဖြစ်၊ ပျူစောထီးခေါင်း ဆောင်လည်းဖြစ်သူ ခင်ဝင်း ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း တော် လှန်ရေးသတင်းရင်းမြစ်ထံမှ သိရှိရသည်။
ယမန်နေ့ စက်တင်ဘာလ ၂ ရက်နေ့ ညနေ ၆ နာရီ ၄၀ မိနစ်အချိန် ဒိုက်ဦးမြို့နယ်၊ အမှတ် ၉ ရပ်ကွက် ဖအောင်ဝဲ အုပ်ချုပ်ရေးမှူး ခင်ဝင်းသည် ဖဲ၀ိုင်းမှ အပြန် 9 Stars UGအဖွဲ့က လမ်းမှစောင့်၍ သေနတ်ဖြင့် ၅ ချက် ပစ်ခတ်ခဲ့ကြောင်း၊ ခင်ဝင်းမှာ သေနတ်ဒဏ်ရာ ၃ ချက် ထိမှန်ပြီး နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသွားကြောင်း သိရှိရသည်။
အုပ်ချုပ်ရေးမှူးခင်ဝင်းမှာ NLD လက်ထက်ကတည်းက ရပ်ကွက်အုပ်ချုပ်ရေးမှူး လုပ်ဆောင်ခဲ့သူဖြစ်သော်လည်း စစ်အာ ဏာသိမ်းချိန်တွင် ပြည်သူလူထုဘက်မှ ရပ်တည် ခြင်းမရှိတော့ဘဲ စစ်တပ်ဘက်တော်သားအဖြစ် ခံယူကာ ဆန္နပြပြည်သူကို မတရားဖမ်းဆီးစေခိုင်းခြင်း၊မတရားငွေညှစ်ခြင်း၊CDMဆရာ၊ဆရာမများအပေါ် နည်းမျိုးစုံအကောက်ကြံကာ ဖမ်းဆီးနှိပ်စက်ထောင်ကျစေခိုင်းခြင်း၊တော်လှန်ရေးUGအဖွဲ့များကို သတင်းပေးစုံစမ်းခြင်းများ ကျူးလွန်ခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် ခင်ဝင်းမှာ စစ်မှုထမ်းဥပဒေ အသက်ဝင်လာသောအခါ စစ်မှုထမ်းကြေးအဖြစ် ပြည်သူများကို ခြိမ်းခြောက်ငွေကောက်ခံခြင်း၊ ဆက်ကြေးကောက်ခံခြင်း၊ လောင်းကစားဝိုင်းများနှင့် ပြည့်တန်ဆာလုပ်ငန်းများကို လိုင်းကြေးယူ ဖွင့်လှစ်ပေးခြင်း၊ စစ်တပ်၊ရဲများနှင့်ပူးပေါင်းကာ ပြည်သူလူထုကို ဖိနှိပ်ခဲ့သူဖြစ်ကြောင်း သိရှိရသည်။
ခင်းဝင်းကို ရှင်းလင်းခဲ့သော “9 Stars UG”အဖွဲ့မှာ ဒုတိယအကြမ်မြောက် စစ်ဆင်ရေး လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပထမအကြိမ် အဖြစ် ၂၀၂၄ ခုနှစ် တွင်လည်း အုပ်ချုပ်ရေးမှူး ခင်ဝင်းနှင့်အဖွဲ့ကို ပစ်ခတ်ခဲ့ကြောင်း၊ ထိုအချိန်က ခင်ဝင်းမှာ လည်ပင်း ရှပ်ထိဒဏ်ရာဖြင့် အသက်ဘေးမှ လွတ်မြောက်သွားခဲ့ပြီး သူ၏ တပည့် ရာအိမ်မှူး ခင်မောင်အေး သာသေဆုံးခဲ့ကြောင်း သိရှိရသည်။
“ပထမအကြိမ်တုန်းက ခင်ဝင်းကလည်ပင်းရှပ်ထိသွားကာ အသက်မသေဘဲ အုပ်ချုပ်ရေးမှူး ဆက်လုပ်မယ်။ ငါ့အဖေလည်း ဒီလိုနဲ့ပဲသေခဲ့တာသေပါစေ ဆက်လုပ်မယ်”လို့ကြိမ်းဝါးခဲ့တယ်။ အခုတော့ အုပ်ကြီး ဆက်မလုပ်နိုင်အောင် တစ်ခါတည်း ငရဲပြည်ကိုအပြီးပို့ပေးခဲ့တာပါ” ဟု 9 Stars UG အဖွဲ့ ခေါင်းဆောင် မြွေပွေးက ပြောဆိုသည်။
ထို့ပြင် စစ်တပ်က လာမည့် ဒီဇင်ဘာလ ပြုလုပ်မည့် တရားမဝင် ရွေးကောက်ပွဲကို ပူးပေါင်းပါဝင်သော အုပ်ချုပ်ရေးမှူးများ၊ရာအိမ်မှူးများ၊ဆယ်အိမ်မှူးများ ၊ စစ်ကောင်စီအလိုကျ နိုင်ငံရေးပါတီဝင်ပုဂ္ဂိုလ်ကြီးများအားလုံးကို 9 Stars UG က သတိပေးလိုက်ကြောင်း သိရှိရသည်။
“ပါးစပ်နဲ့ မပြောတော့ဘဲ သေနတ်နဲ့ပြည်သူကိုအနိုင်ကျင့်ခဲ့သမျှ သေနတ်နဲ့ပဲ ပြန်လည် တုံ့ပြန်မယ်။ စစ်တပ် ဒေါက်တိုင်တွေ ရှေ့ ဆက်တိုးနိုင်ပါတယ်” ဟု 9 Stars UG အဖွဲ့ ခေါင်းဆောင် မြွေပွေးက သတိပေးသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
