29.5 C
Yangon

မန္တလေးဒေသ ကြားကာလ အစီအမံ မူကြမ်းကို အတည်ပြုပြဌာန်းရန် လုပ်ဆောင်နေပြီး အုပ်ချုပ်ရေး ယန္တရားများ စတင်အကောင်အထည်ဖော်မည်

Must read

ရန်ကုန်၊ စက်တင်ဘာ ၃

မန္တလေးဒေသ ကြားကာလ အစီအမံ မူကြမ်းကို အတည်ပြုပြဌာန်းရန် လုပ်ဆောင်နေပြီး အုပ်ချုပ်ရေး ယန္တရားများ စတင်အကောင်အထည်ဖော်မည်ဟု မူကြမ်းရေးဆွဲရာတွင် ပါဝင်ခဲ့သည့် Anti-junta Forces Coordination Committee – Mandalay (AFCC) မှ ဦးမြင့်အောင်မိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၂ ရက်နေ့တွင် မန္တလေးဒေသ ပြည်သူ့တော်လှန်ရေးအင်အားစုများဖြင့် စုဖွဲ့ထားသော ပေါင်းစပ်ညှိနှိုင်းမှုစင်္ကြံပထမ အကြိမ် အစည်းအဝေးဖွင့်ပွဲတွင် မန္တလေးဒေသ ကြားကာလ အစီအမံ မူကြမ်းကို မဏာမ အဆင့် အတည်ပြုရေး လုပ် ငန်းစဉ်များ ဆောင် ရွက်ခဲ့ကြောင်း သိရသည်။

ထို ကြားကာလ အစီအမံ မူကြမ်းကို အတည်ပြုပြီးပါက မန္တလေးတိုင်း လွှတ်တော်သို့ ပေးပို့ကာ အတည်ပြုပြဌာန်းသွားမည်ဖြစ်ကြောင်း၊ ယင်းသို့ အတည်ပြု ပြဌာန်းပြီးပါက အုပ်ချုပ်ရေး ကောင်စီ ဖွဲ့စည်းပြီး တော်လှန်ရေး စိုးမိုးထိန်းချုပ်နယ်မြေများ အပါအဝင် စစ်တပ် ထိန်းချုပ်ထားသော နယ်မြေများ၌ပါ အုပ်ချုပ်ရေး ယန္တရားကို အမျိုးသား ညီညွတ်ရေး အစိုးရ NUG နဲ့ ချိတ်ဆက် ညှိနှိုင်းပြီး ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

“မန္တလေး ဒေသရဲ့ ကြားကာလ နိုင်ငံရေး အစီမံမူကြမ်းကို ပဏာမ အဆင့် အတည်ပြုရေး လုပ်ငန်းစဉ်ကို ကျနော်တို့ မန္တလေး ဒေသ တော်လှန်ရေး အင်အားစုများ ပေါင်းစပ်ရေး စင်္ကြံကနေ ပဏာမ အတည်ပြုတဲ့ လုပ်ငန်းစဉ်ကို စက်တင်ဘာလ ၂ ရက်နေ့နဲ့ ၃ ရက်နေ့မှာ နိုင်ငံတော် ယာယီ သမ္မ အပါအဝင် ဝန်ကြီးချုပ်တို့ ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြု ကော်မတီတို့ ဖိတ်ကြားပြီးတော့ ပဏာမ အတည်ပြုရေး လုပ်ငန်းစဉ်ကို ဆောင်ရွက်တာပါ။ အဓိက ရည်ရွယ်ချက်ကတော့ မန္တလေး ဒေသအပါအဝင် တစ် နိုင်ငံလုံးက တော်လှန်ရေး အမြန်ဆုံးပြီးဖို့ အတွက် ကျနော်တို့ အထောက်အကူဖြစ်ရမယ် အထောက်အပံ့ ပေးရမယ်။ မန္တ လေး ဒေသမှာရှိနေတဲ့ စိုးမိုးထိန်းချုပ်ထားတဲ့ ကျနော်တို့ အုပ်ချုပ်ရေး လည်ပတ်နိုင်တဲ့ နေရာတွေမှာ လေဟာနယ်တွေ မဖြစ်ဖို့ အတွက် အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးကို စနစ်တကျ ဖော်ဆောင်ပြီးတော့မှ ပြည်သူလူထု အကျိုးလုပ်နိုင်ဖို့ အတွက် ရည် ရွယ်ချက်နဲ့ ကြားကာလ နိုင်ငံရေး အစီအမံကို ကျနော်တို့ ရေးဆွဲခဲ့တာပါ” ဟု Anti-junta Forces Coordination Committee – Mandalay (AFCC) မှ ဦးမြင့်အောင်မိုးက ပြောဆိုသည်။

အဆိုပါ မန္တလေး ဒေသ ကြားကာလ နိုင်ငံရေး အစီမံ မူကြမ်းကို ၂၀၂၄ ခုနှစ် အောက် တိုဘာလ ပိုင်းမှ စတင်ပြီး အစုအဖွဲ့ခြောက်ခုမှ ကိုယ်စားလှယ် ၄၀ ဦးဖြင့် ဖွဲ့စည်းပြီး စတင်ရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ ရေးဆွဲရာတွင် မန္တလေးဒေသ ပြည်သူများ၏ သဘော ဆန္ဒများ၊ အကြံပြုချက်များကို မြေပြင်ကွင်းဆင်း၍ သော်လည်းကောင်း၊ Online မှ သော် လည်းကောင်း၊ နားထောင်ရယူ ပြီး ရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ပြင် တိုင်ပင်ဆွေးနွေးသင့်သော အစုအဖွဲ့အသီးသီးနှင့်လည်း တိုင်ပင် ဆွေးနွေးမှုများ အကြိမ် ကြိမ် ပြုလုပ်ပြီး ရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article