ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ နို့ဖိုးရွာနှင့် ထီးမူထရွာဘက်ကို ထိုင်းပြန် အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးလာ၍ တိုက်ပွဲဖြစ်ပွားနေပြီး စစ်လေယာဉ်များကလည်း ဗုံးများကျဲချ စစ်ကူပေးနေကြောင်း ကရင် စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ စက်တင်ဘာလ ၂ ရက်နေ့တွင် BGF မှ ဗိုလ်မုတ်သုန် လက်အောက်ခံအဖွဲ့က သယ်ပို့ပေးမှုဖြင့် ထိုင်းနိုင်ငံသို့ ထွက်ပြေးပြီး မြဝတီသို့ ပြန်လည်ရောက်ရှိလာသော ခလရ ၂၇၅ တပ်ရင်းမှ အကြမ်းဖက် စစ်သား ၁၀၀ ခန့်မှာ နို့ဖိုးရွာ နှင့် ထီးမူးထရွာ ဘက်သို့ စစ်ကြောင်းထိုးလာကြောင်း၊ ထိ စစ်ကြောင်းကို KNLA မဟာမိတ် ပူးပေါင်း တပ်ဖွဲ့များက ပိတ်ဆို့ တိုက်ခိုက်နေ၍ စစ်ကြောင်း တစ်ခုလုံး ပိတ်မိကာ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်သည် ပိတ်မိနေသော စစ်ကြောင်းကို ဖောက်ထွက်နိုင်ရန် ယနေ့ စက်တင်ဘာလ ၃ ရက်နေ့ နံနက်ပိုင်း အထိ လက်နက်ကြီးများဖြင့် ပစ်ကူပေး တိုက်ခိုက်နေကာ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုကြောင့် နို့ဖိုးရွာနှင့် ထီးမူးထရွာသား ၁ ဦး သေဆုံးကာ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
“တိုက်ပွဲက ဖြစ်နေတုန်းပဲ KNLA မဟာမိတ်တွေ ပိတ်ဆို့ တိုက်ခိုက်နေလို့ စစ်ခွေး စစ်ကြောင်းက ပိတ်မိနေတယ်။ ဒီနေ့ ၃ ရက်နေ့ နံနက်ကြီးပိုင်း အထိ လက်နက်ကြီးပစ်ကူပေးပြီး ပိတ်မိနေတဲ့ စစ်ကြောင်း ကို ဖောက်ထွက်ဖို့ လုပ်နေပေမယ့် KNLA မဟာမိတ်တပ်ဖွဲ့ တွေ ချေမှုန်းနေတုန်းပဲ သင်္ဃန်းညီနောင်ကို စစ်ခွေး စစ်ကြောင်းရောက်တယ်ဆိုတာ သတင်း အမှားပါ။ ဘယ်နေရာမှ မဆုတ် ပေး ရသေးပါဘူး။ ကိုယ့်ဘက်က အပိုင် ပစ်ကွင်းတွေ ကနေ ပစ်နေရလို့ စစ်မှုထမ်း တပ်သားသစ်တွေ သေတာအများကြီးပဲ တော်လှန်ရေး တပ်ဖွဲ့ဘက်ကတော့ ၄၊ ၅ ယောက် ဒဏ်ရာရတာ ရှိပါတယ်။ သေတာ မရှိသေး ပါဘူး” ဟု ဒေသတွင်း စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
ယနေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ဝန်းကျင်အချိန် အကြမ်းဖက်စစ်တပ်၏ စစ်လေယာဉ်များက မြ၀တီမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားနေသော နေရာများသို့ ဗုံးများကျဲချခဲ့ကြောင်း သိရှိရသည်။
အလားတူ ကော့ကရိတ် နှင့် မြဝတီ အကြား အာရှလမ်းမကြီးပေါ်ရှိ တောနော် ရေတံခွန်ဘက်တွင်လည်း အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်ဘက်မှ တပ်လှန်ကာ အကြိမ်ကြိမ် ပြန်လည် ဆုတ်ခွာနေရကြောင်း၊ လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ်သည် မြေပြင်တွင် အသားစီး ရနေသည့် ပုံစံဖြင့် စိတ်ဓာတ် စစ်ဆင်ရေးများ လုပ်ဆောင်နေပြီး တိုက်ပွဲအတွင်း ဒရုန်း တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း သိရသည်။
ဓာတ်ပုံ – အကြမ်းဖက်စစ်တပ်စစ်ကြောင်းများကို ချေမှုန်းတိုက်ခိုက်နိုင်ခဲ့သော ကော်ဘရာစစ်ကြောင်းမှ တော်လှန်ရေး တပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
