27.5 C
Yangon

ဘားအံခရိုင် ပိုင်ကျုံမြို့ နော်တခီး အခြေခံပညာအလယ်တန်းကျောင်းကို စစ်တပ်က အသေခံ ဒရုန်းဖြင့် ဖောက်ခွဲ တိုက်ခိုက်မှု ကျောင်းသား ၁ ဦး အပါအဝင် ၃ ဦး ထိခိုက်ဒဏ်ရာရ

Must read

ရန်ကုန်၊ စက်တင်ဘာ ၃

ကရင်ပြည်နယ်၊ ဘားအံခရိုင် ပိုင်ကျုံမြို့ နော်တခီး အခြေခံပညာအလယ်တန်းကျောင်းကို အကြမ်းဖက် စစ်တပ်က အသေခံ ဒရုန်းဖြင့် ဖောက်ခွဲ တိုက်ခိုက်မှု ကျောင်းသား ၁ ဦး အပါအဝင် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

ယနေ့ စက်တင်ဘာလ ၃ ရက်နေ့ နံနက် ၉ နာရီ ၅၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က ပိုင်ကျုံမြို့ ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန (KECD) လက်အောက်ရှိ ကော်သူးလေကျောင်းအမှတ် ၇၀၈၂ နော်တခီးအခြေခံပညာအလယ်တန်းကျောင်းကို အသေခံ ဒရုန်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် ဖောက်ခွဲ တိုက်ခိုက်စဉ်တွင် ကလေးသူငယ်များ ကျောင်းတက်နေသည့် အချိန်ဖြစ်သောကြောင့် နော်တခီး ကျေးရွာ စာသင်ကျောင်းမှ ဆရာမ ၁ ဦး၊ ဆရာ ၁ ဦး နှင့် ကျောင်သားငယ် ၁ တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကျောင်းရုံးခန်း ၁ လုံးလည်း ပျက်စီးခဲ့ကြောင်း သိရသည်။

ထို တိုက်ခိုက်မှုသည် ကျောင်းသူကျောင်းသားများ ကျောင်းတက်နေချိန် တိုက်ခြင်းဖြစ်သောကြောင့် အကြမ်းဖက် စစ်တပ်က ရည်ရွယ်ချက်ရှိရှိ ကလေးသူငယ်များကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းဖြစ်ကြောင်း KNU ဗဟိုက ပြောဆိုထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article