23 C
Yangon

ရန်ကုန်မြို့၊ တာမွေမြို့နယ်တွင် ရခိုင်တိုင်းရင်းသား Rapper အဆိုတော် ဇွဲပြည့်ပိုင်ကို စစ် တပ်က ဝင်ရောက်ဖမ်းဆီး

Must read

ရန်ကုန်၊ စက်တင်ဘာ ၃

ရန်ကုန်မြို့၊ တာမွေမြို့နယ်တွင် နေထိုင်သော ရခိုင်တိုင်းရင်းသား Rapper အဆိုတော် ဇွဲပြည့်ပိုင်(ခ) Mg Alpha ကို စစ်တပ်က ဝင်ရောက်ဖမ်းဆီးသွားကြောင်း အဆိုတော်ဇွဲပြည့်ပိုင်၏ မိတ်ဆွေများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ စက်တင်ဘာလ၃ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ဝန်းကျင်အချိန် ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ ကျောက်မြောင်းတွင် နေထိုင်သော Rapper အဆိုတော် ဇွဲပြည့်ပိုင်ကို အရပ်ဝတ် စစ်သားနှင့်ရဲများ အပါအဝင် စစ်တပ်က ဝင်ရောက် ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ကြောင်း၊ ဖမ်းဆီးခံရသော အဆိုတော် ဇွဲပြည့်ပိုင်မှာ အသက် ၂၀ ကျော်ဝန်းကျင်သာရှိသေးကြောင်း သိရှိရသည်။

“နေအိမ်မှာရှိနေတုန်း စစ်တပ်က ဝင်ဖမ်းတာ။ ဘာဖြစ်လို့ ဖမ်းတာလဲ မပြောဘူး။ သူက 11/Arakan သီချင်း ပိုင်ရှင်လည်းဖြစ်ပါတယ်။ သူက ရက်ပ်ပါအဆိုတော်ဖြစ်တဲ့အပြင် တေးရေးလည်းလုပ်ပါတယ်။ နောက်ပြီး Brand တွေလည်းထုတ်ပါတယ်” ဟု မိတဆွေဖြစ်သူက ပြောဆိုသည်။

လက်ရှိ ဇွဲပြည့်ပိုင် ဖမ်းဆီးခံရမှုအတွက် သတင်းတစ်စုံတစ်ရာမရရှိသေးဘဲ စိတ်ပူနေရကြောင်း၊ ဇွဲပြည့်ပိုင်သည် ဆက်ဆံရေးကောင်းမွန်သူဖြစ်ပြီး နေထိုင်ရာ ပတ်ဝန်းကျင်နှင့်လည်း အဆင်ပြေစွာ နေထိုင်သူဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article