စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်၊ တောင်းအင်စစ်တပ်စခန်းကို သေနတ်တစ်ချက်မှ မဖောက်ရဘဲ သိမ်းပိုက်ရရှိခဲ့ကြောင်းဒေသ တော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။
ဩဂုတ်လ ၁၅ ရက်နေ့ မော်လိုက်မြို့နယ်၊ ထော်သာပျူစခန်းကို သိမ်းပိုက်ပြီးနောက် တော် လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တောင်းအင်းစစ်တပ်စခန်းကို ထွက်ပေါက်ပေးပြီး ဝိုင်းဝန်းပိတ် ဆို့ထားရာ စက်တင်ဘာလ ၁ ရက်နေ့ညပိုင်းက စစ်သား၊ ပျူစောထီးများအားလုံးစခန်းစွန့်ခွာထွက် ပြေးသွားသဖြင့် သေနတ်တစ်ချက်မှ ပစ်ဖောက်ရခြင်းမရှိဘဲ စခန်းသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ထော်သာစခန်းသိမ်းပြီးကတည်းက တောင်းအင်ကို ထွက်ပေါက်တစ်ခုပဲ ပေးထားပြီး ပတ် ချာလည် ဝိုင်းဝန်းပိတ်ဆို့ထားတာ၊ ပိတ်ဆို့ထားတော့ မတိုက်လိုက်ရဘူး။ ၁ ရက်နေ့က ညကပဲ စခန်းစွန့် ထွက် ပြေးသွားကြတာ၊ ထွက်ပြေးသွားတာဆိုတော့ လက်နက်ပစ္စည်းတွေ မရလိုက်ဘူးထင်တယ်။ ရ၊ မရ တော့ အခုထိ သေချာမသိရသေးဘူး” ဟု ဒေသတော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ ပြောကြားသည်။
တောင်းအင်းကျေးရွာမှ ဆုတ်ခွာသွားသော စစ်သား၊ ပျူစောထီးများမှာ အော် – နားပင်ကျေးရွာအုပ်စု လမ်းပိုင်းမှ ကင်းတပ်ရွာသို့ လည်းကောင်း၊ တောင်တွင်းရွာ ချောင်းဖျားဖက်ရှိ လောင်းကောင်းစစ် စခန်း ကိုလည်းကောင်း၊ တောင်တွင်းရွာ၊ ညောင်သပြေရွာ၊ ညောင်ဝန်းရွာ ဗျူဟာလမ်းခွဲ အတိုင်း ချင်း တွင်းမြစ်ကို ဖြတ်ကာ မော်လိုက်မြို့ပေါ်ရှိ ခမရ ၃၆၄ ၊ ၃၆၅ ၊ ၃၆၆ တပ်ရင်းများထံသို့လည်း ကောင်း သွားရောက်ပူးပေါင်းနိုင်ဖွယ်ရှိသည်ဟု သိရသည်။
“ညကြီးဆုတ်သွားတာဆိုတော့ ဘယ်သွားပေါင်းလည်းမသိဘူး။ ပေါင်းရမယ့် လမ်း ကြောင်းကတော့ ၃ ကြောင်းရှိတယ်။ လမ်းကြောင်း ၁ က အော်အုပ်စုနဲ့ နားပင်ကျေးရွာ အုပ်စု လမ်းပိုင်းကနေ ဖွတ်မျိုး ပေါတဲ့ ကင်းတပ်ရွာကို သွားပေါင်းနိုင်တယ်၊ လမ်းကြောင်း ၂ ကတော့ တောင်တွင်းရွာ ချောင်းဖျား ဖက်ကနေ လောင်းကောင်းစခစခန်းကို သွားပေါင်းနိုင်တယ်၊ လမ်းကြောင်း ၃ ကတော့ တောင်တွင်း ရွာ၊ ညောင်သပြေရွာ၊ ညောင်ဝန်းရွာ ဗျူ ဟာ လမ်းခွဲအတိုင်း ချင်းတွင်းမြစ်ကို ဖြတ်ပြီး မော်လိုက်မြို့ ပေါ်က ၃၆၄၊ ၃၆၅ ၊ ၃၆၆ တပ်တွေကို သွားပေါင်းနိုင်တယ်၊ ကျနော်ထင်ထားတာတော့ လမ်းကြောင်း ၃ ဖြစ်နိုင်ခြေ များတယ်၊ ခရီးတိုတယ်၊ ကားလမ်းပွင့်တယ်၊ အဲဒီလမ်းက” ဟု ဒေသတော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
အလားတူ ဩဂုတ်လ ၁၅ ရက်နေ့ကလည်းစစ်ကိုင်းတိုင်း၊ မော်လိုက်ခရိုင်၊ မော်လိုက်မြို့နယ်ရှိ ပျူစောထီးခေါင်းဆောင် အဲပန် ဦးစီးသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ အခြေချနေထိုင်သည့် ထော်သာရွာ (ပျူစောထီး) စခန်းကို မော်လိုက်ခရိုင် တပ်ရင်း ၂၊ ၄ နှင့် ဖောင်းပြင်မြို့နယ် ပကဖ ပူးပေါင်းအဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ပျူစောထီး ခေါင်းဆာင် အဲပန် အပါ ပျူစောထီးများ၏ မိသားစုဝင် ၁၉၀ ဦးကို ဖမ်းဆီးရမိခဲ့သည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
