27.5 C
Yangon

မင်းအောင်လှိုင်ကို ယာယီသမ္မတဟု ရည်ညွှန်းခြင်း ရပ်စဲရန်၊ စစ်အုပ်စုကို အသိအမှတ်ပြုမှု ဆိုင်းငံ့ရန်နှင့် စစ်တပ်၏ ရွေး ကောက်ပွဲ လေ့လာစောင့်ကြည့်ရေး ငြင်းပယ်ရန် NUG နိုင်ငံခြားရေးဝန်ကြီးက တရုတ်အစိုးရထံ စာပို့

Must read

ရန်ကုန်၊ စက်တင်ဘာ ၃

အကြမ်းဖက် မင်းအောင်လှိုင်ကို ယာယီသမ္မတဟု ရည်ညွှန်းခြင်း ရပ်စဲရန်၊ စစ်အုပ်စုကို အသိအမှတ်ပြုမှု ဆိုင်းငံ့ရန်နှင့် စစ်တပ်၏ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေး ငြင်းပယ်ရန် အမျိုးသားညီညွတ်ရေးအစိုးရ-NUG၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် က တရုတ်အစိုးရထံ စာပေးပို့ တောင်းဆိုလိုက်သည်။

စက်တင်ဘာလ ၁ ရက်နေ့အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က မြန်မာပြည်သူများနှင့်အမျိုး သားညီညွတ်ရေးအစိုးရ၏ ကိုယ်စား အချက် ၃ ချက်ပါဝင်သည့် တိုက်တွန်းစာတစောင်ကို တရုတ်အစိုးရထံသို့ ပေးပို့ခဲ့သည်။

အဆိုပါစာတွင် အကြမ်းဖက်စစ်အုပ်စုခေါင်းဆောင်မင်းအောင်လှိုင်၏ အမိန့်ပေးကွပ်ကဲမှုအောက်တွင် အကြမ်းဖက်စစ်တပ်သည် ရက်စက်ကြမ်းကြုတ်မှုများကို စနစ်တကျ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နေပြီး အဆိုပါလုပ်ရပ်များသည် မြန်မာ နိုင်ငံ၏စီးပွားရေးကို ထိခိုက်စေခဲ့သည့်အပြင် မြန်မာပြည်၏လူဦးရေ ထက်ဝက်နီးပါးကို ဆင်းရဲတွင်းသို့တွန်းပို့ခဲ့ပြီး နိုင်ငံခြားရင်းနှီးမြှပ်နှံမှုများကိုလည်း အဟန့်အတားဖြစ်စေခဲ့ကြောင်း၊ ထို့အပြင် ၂၀၂၀ခုနှစ်တွင် သမ္မတရှီကျင့်ဖျင်နှင့် သမ္မတဦးဝင်းမြင့်တို့ရေးထိုးခဲ့သည့် တရုတ်-မြန်မာစီးပွားရေးစင်္ကြံစီမံကိန်း(CMEC) အပါအဝင် အခြေခံစီးပွားရေးအဆောက်အအုံများစွာကိုလည်း ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးစေခဲ့ကြောင်း ထောက်ပြထားသည်။

အကြမ်းဖက်စစ်အုပ်စုခေါင်းဆောင်က တရားမဝင်စီးပွားရေးလုပ်ငန်းဖြစ်သည့် အကြီးစားအွန်လိုင်းလိမ်လည်မှုလုပ်ငန်းများကို မြန်မာနိုင်ငံနယ်စပ်ဒေသများ၌ ဖွင့်ပေးခဲ့၍ မြန်မာနယ်ကြားစောင့်တပ် (Myanmar Army’s Border Guard Force (BGF) ထိန်းချုပ်ထားသော မြဝတီမြို့အနီးတဝိုက်တွင် တရားမဝင်အွန်လိုင်းလိမ်လည်မှုလုပ်ငန်းပေါင်း ၁သိန်းကျော် လုပ်ကိုင်ဆောင်ရွက်နေကြောင်း၊ တရုတ်နိုင်ငံ၏ CCTV သတင်းဌာန ဖော်ပြချက်အရ အဆိုပါ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများတွင် တရုတ်နိုင်ငံသားအများစု ထိခိုက်နစ်နာခဲ့ရပြီး ငွေကြေးဒေါ်လာဘီလီယံပေါင်းများစွာဆုံးရှုံးခဲ့၍ ၁၀ဦးထက်မနည်း အသက်ဆုံးရှုံးခဲ့ရဟုသိရှိရကြောင်း ဖော်ပြထားသည်။

ယင်းအခြေအနေမှာ ဒေသတွင်း ခြိမ်းခြောက်မှုတခုအဖြစ်မှ ယခုအခါ တကမ္ဘာလုံးထိ ကျယ်ပြန်လာပြီး လွန်ခဲ့သည့်နှစ်တွင် နိုင်ငံပေါင်း ၄၀ကျော်က နိုင်ငံသားများမြန်မာနိုင်ငံသို့ လူကုန်ကူးခံခဲ့ရကြောင်း၊ မကြာသေးမီက ကျင်းပပြုလုပ်ခဲ့သည် မဲခေါင်-လန်ချန်းအစည်းအဝေးတွင် နိုင်ငံခြား​ရေးဝန်ကြီး ဝမ်ယိက မြန်မာနိုင်ငံအတွက် ဦးစားပေးလုပ်ငန်းသုံးရပ်ဖြစ်သည့် ငြိမ်းချမ်းရေး၊ စစ်ပြုခြင်းရပ်စဲရေးနှင့် ပြည်သူများ၏ဆန္ဒပေါ်အခြေခံသည့် အုပ်ချုပ်ရေးစသည့်အချက်များအား အလေးပေးဖော်ပြခဲ့ကြောင်း၊ အကြမ်းဖက်စစ်အုပ်စုသည် ပြည်သူ့ဆန္ဒမပါဘဲ၊ ဖိနှိပ်ချုပ်ချယ်မှုအောက်တွင် တရားမဝင်အတုယောင် ရွေးကောက်ပွဲကျင်းပရန် ဆောင်ရွက်နေကြောင်း စာတွင် ရေးသားထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်အဖွဲ့များ(EROs)နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ(PDFs)သည် ပြည်သူလူထု၏ တခဲနက်ထောက်ခံမှုကိုရရှိထားပြီး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တိုက်ဖျက်နေသည်သာမက ဖက်ဒရယ်ဒီမိုကရေစီအနာဂတ်ဆီသို့ ဦးတည်ဆောင်ရွက်နေကြောင်း၊ ဤကဲ့သို့ အားလုံးပါဝင်မှု၊ တန်းတူညီမျှမှုနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်တို့အပေါ်အခြေခံသော စုပေါင်းခုံခံတော်လှန်ရေးအောင်မြင်မှုသည် မြန်မာနိုင်ငံ၏ ထာဝရငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ရေရှည်တည်တံ့ဖွံဖြိုးတိုးတက်ရေးအတွက် ယုံကြည်စိတ်ချရသော လမ်းကြောင်းတခုဖြစ်ကြောင်း NUG နိုင်ငံခြားရေးဝန်ကြီးက စာတွင် ပြောဆိုထားသည်။

တရုတ်နိုင်ငံအနေဖြင့် မြန်မာပြည်သူများကအလိုမရှိသည့် အကြမ်းဖက်စစ်အုပ်စုခေါင်း ဆောင်ကို ဖိတ်ကြားခြင်းအားဖြင့် ပြည်သူများ၏တန်ပြန်တုန့်ပြန်မှုကိုဖိတ်ခေါ်သကဲ့သို့ ဖြစ်စေပြီး၊ နှစ်နိုင်ငံပြည်သူများအကြား နှစ်ရှည်လများတည်ရှိခဲ့သည့် ရင်းနှီးချစ်ကြည်မှုကိုလည်း ထိခိုက်စေနိုင်မည်ဖြစ်ကြောင်း ထောက်ပြထားသည်။

ထို့အပြင်မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးပြန်လည်ရရှိရေးအတွက် တရုတ်နိုင်ငံက အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ဆက်လက်ပါဝင်နေမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ယုံကြည်နေဆဲဖြစ်ကြောင်း စာတွင် ရေးသားထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article