25.3 C
Yangon

မြင်းခြံ၊ ကုက္ကဲအထက်တန်းကျောင်းခွဲတွင် တပ်စွဲထားသော စစ်တပ်ကို ဝင်ရောက်တိုက် ခိုက်မှု စစ်သား ၇ ဦးသေဆုံးပြီး လက်နက် ၈ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ စက်တင်ဘာ ၄

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကုက္ကဲအထက်တန်းကျောင်းခွဲတွင် အထိုင်ချတပ်စွဲထားသော စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်း ဆည်းရရှိကြောင်း ရွှေခြံသားပြောက်ကြားတပ်ဖွဲ့ က သတင်းထုတ်ပြန်သည်။

စက်တင်ဘာလ ၂ ရက်နေ့ နံနက် ၉ နာရီ ၁၅ မိနစ်အချိန် မြင်းခြံမြို့နယ် ကုက္ကဲအထက် တန်းကျောင်းခွဲတွင် အထိုင်ချတပ်စွဲထားသော စစ်တပ်က ပြည်သူများနှင့်ခရီးသွားပြည်သူများကို ဆက်ကြေးကောက် နေ့စဉ်အနိုင်ကျင့်လုယက်နှိပ်စက်နေမှုကြောင့် ယင်းနေရာကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းစခန်းနေရာကို ရှေ့ထွက်‌ပဒေသာမိုင်းများဖြင့် အသင့်စောင့်ဆိုင်း ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး စစ်သား ၇ ဦးကို ပစ်ခတ်သုတ်သင်ရှင်းလင်းခဲ့ကြောင်း သိရှိရသည်။

ထိုသို့တိုက်ခိုက်မှုအတွင်း စစ်သား ၇ ဦးသေဆုံးပြီး MA 3 ၆လက်၊ ကျည်ဘောက် ၂၀၊ MA5 ၁ လက်၊ ၆၀ မမ ၁ လက်၊5.56 ကျည် ၉၀၄ တောင့်၊ 9 မမ ကျည် ၅တောင့်၊ ၆၀ မမကျည် ၃ ခု၊ အီနီဂါ ၂ လုံး ၊ဓား ၅ ချောင်း၊လက်ပစ်ဗုံး ၂ လုံး၊လေးခွ ၂ လက်၊ဝက်အူ လှည့် ၁ ချောင်း၊ငွေသား ၁၄၉,၂၀၀၀ကျပ်၊ ဖုန်း ၇ လုံး၊လက်ပတ်နာရီ ၂ လုံး၊စစ်သုံးဆောင်အများအပြားကို သိမ်းဆည်းရမိကြောင်း သိရှိရသည်။

ပြည်သူကို ဖိနှိပ်နေသော အကြမ်းဖက်စစ်တပ်ကို ရွှေခြံသားပြောက်ကြားတပ်ဖွဲ့ ၊တိုက်နယ် ၁ က ဆက်လက်တိုက်ခိုက်သုတ်သင်ရှင်းလင်းသွားမည်ဖြစ်ကြောင်း၊ ပြည်သူများအနေ ဖြင့် ဗုံးခိုးကျင်းများအသင့်အနေအထားဖြင့် အထူးသတိပြုနေထိုင်ကြရန် တိုက် တွန်းသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက ရွှေခြံသားပြောက်ကြားတပ်ဖွဲ့ ထံသို့ တိုက်ပွဲနှင့်စစ်ရေး အခြေအနေများ အသေးစိတ်သိရှိနိုင်ရေး ဆက်သွယ်ထားသော်လည်း အဆက်အသွယ်မရရှိပေ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article