ဒီကနေ့ စက်တင်ဘာ ၄ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- မင်းအောင်လှိုင်ရဲ့ အမိန့်နဲ့ ဟံသာဝတီမြို့ဟောင်း၊ ကမ္ဘောဇသာဒီနန်း တော်ရဲ့ ကျုံးနှင့်မြို့ရိုးကို ပြန်လည်တူးဖော်ဖို့အတွက် ပဲခူးမြို့ပေါ်မှာရှိတဲ့ ရပ်ကွက် ၅ ခုက ပြည်သူပိုင်နေအိမ် ရာပေါင်းများစွာကို အပြီးဖျက်သိမ်းရမယ်ဆိုပြီး စစ်တပ်က အမိန့်ပေးလာ တယ်လို့ နေအိမ် အဖျက်ခံရမယ့် ပြည်သူတွေက ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
- ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ နို့ဖိုးရွာနှင့် ထီးမူထရွာဘက်ကို ထိုင်းကို ထွက် ပြေးပြီး ပြန်ဝင်ရောက် လာတဲ့ စစ်သားတွေကို စုပေါင်းထားတဲ့ စစ်တပ်က စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲဖြစ်ပွားနေပြီး စစ်လေယာဉ်တွေကလည်း ဗုံးတွေကျဲချတာနဲ့အတူ စစ်ကူပေးနေတယ်လို့ ကရင် စစ်ရေးသတင်းရင်း မြစ်က ရန်ကုန်ခေတ်သစ် ကိုပြောပါတယ်။
- NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက် မှာရှိတဲ့ အထူးတိုင်း စစ်ဌာနက အကြမ်း ဖက်စစ်တပ်ရဲ့ တရားမဝင် ရွေးကောက် ပွဲ မပြုလုပ်နိုင်ဖို့ အတွက်ကို စစ်ဆင်ရေးတွေ ပူးတွဲ ဖော်ဆောင်မယ်လို့ အထူးတိုင်း စစ်ဌာန တိုင်းကွပ်ကဲရေးမှူး ရဲဘော် အောင်စံရှားကပြောဆိုလိုက်တဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
