အကြမ်းဖက်အာဏာသိမ်းစစ်တပ်၏ ရွေးကောက်ပွဲကို ဆန့်ကျင်ရန်အပါအဝင် နိုင်ငံရေးအရ အတူတကွ ပူးပေါင်း၍ စစ်ရေးအရ အပြန်အလှန်ကူညီ ရပ်တည်သွားမည်ဟု မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ကာကွယ်ရေးဌာန (DoD) နှင့် လူထုတော်လှန် ရေးမဟာမိတ်အင်အားစု (PRA – Magway) တို့ သဘောတူညီခဲ့ကြခြင်းဖြစ်သည်။
ဩဂုတ်လ ၃၀ ရက်နေ့ မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ၊ ကာကွယ်ရေးဌာန (DoD) ဌာနမှူးနှင့် ကိုယ်စားလှယ်အဖွဲ့ တို့သည် လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA – Magway) မှ ဥက္ကဌ ရဲဘော်နေမွန် ဦးဆောင်သော ဗဟိုကော်မတီဝင်များ၏ ပထမအကြိမ်တွေ့ဆုံမှုကို အွန်လိုင်းမှတဆင့် လုပ်ဆောင်ခဲ့ပြီး ဘုံ သဘောတူချက်များ ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
“ကျနော် မွန်ဖက်ဒရယ်ကောင်စီ ကာကွယ်ရေးဌာနကနေ တစ်ဆင့် PRA မကွေးနဲ့ စစ်ရေး နိုင်ငံရေး နှစ်ခုလုံး ပူးပေါင်းပြီး အတူ တကွ လုပ်ဆောင်သွားဖို့ ရှိပါတယ်။ ကျနော် တို့ ဘုံသဘောတူညီချက် ၃ ချက်ထွက်လာတယ်။ စစ်ကောင်စီက လုပ်မယ့် ရွေး ကောက်ပွဲကို အတူတကွ ဆန့်ကျင်သွားမယ်။ စစ်ရေးအရရော နိုင်ငံရေးအရရော တောက်လျှောက် တစ်ဖွဲ့နဲ့ တစ်ဖွဲ့ အပြန် အလှန် ကူညီပြီးတော့ တိုက်ပွဲဝင်သွားကြမယ်ဆိုတဲ့ သဘောတူညီချက်ပါ။ ဒီ ၃ ချက်ပေါ်အခြေခံပြီး ရှေ့လျှောက် ဆက်လက်လုပ် ဆောင်စရာတွေ အများကြီးလည်း ရှိနေပါဦးမယ်”ဟု MSFC မှ ကာကွယ်ရေးဌာနမှူး နိုင်တလနိုင် က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ထို့ပြင် မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသည့် နိုင်ငံရေး၊ စစ်ရေး အခြေအနေများ၊ ပြည်သူ လူထုအပေါ် နည်းမျိုးစုံဖြင့် ဒုက္ခပေးနေသည့် အကြမ်းဖက် စစ်ကောင်စီကို တိုက်ခိုက်ချေမှုန်းသွားရန်နှင့် အာဏာရှင်ဟူသမျှ အမြစ်ပြတ်သည်အထိ အတူတကွ ပူးပေါင်းတိုက် ခိုက်၍ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်သည်အထိ အတူတကွ တိုက်ပွဲဝင်သွားရန် ဆွေးနွေးခဲ့ကြသည်ဟု သိရှိရသည်။
ဓာတ်ပုံ – မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC)မှ တော်လှန်ရေးတပ်ဖွဲ့ဝင်များ။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
