29.2 C
Yangon

ရန်ကုန်မြို့နှင့် စလင်းမြို့နယ် တို့တွင် စစ်တပ်က စိတ်ကျန်းမာရေး မကောင်းသည့် ကိုကောင်းဇေ အပါအဝင် ပြည်သူ ၁၆ ဦးကို ပေါ်တာဆွဲဖမ်းဆီးပြီး ထွက်ပြေးသူများကို သေနတ်ဖြင့် လိုက်လံ ပစ်ခတ်

Must read

ရန်ကုန်၊ စက်တင်ဘာ ၄

ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ် ၃၈ ရပ်ကွက် ပြင်ဦးလွင်လမ်းတွင် နေထိုင်သော စိတ်ကျန်းမာရေး မကောင်းသည့် ကိုကောင်းဇေ ကို အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်း မိသားစုဝင်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

၂၀၂၅ ခုနှစ် မတ်လ ၃ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် မြောက်ဒဂုံမြို့နယ် ၃၈ ရပ်ကွက် ပြင်ဦးလွင်လမ်းတွင် နေထိုင်သော စိတ်ကျန်းမာရေး မကောင်းသည့် ကိုကောင်းဇေသည် နေအိမ်မှ မုန့်ထွက်ဝယ်စဉ် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးခဲ့သော ကိုကောင်းဇေသည် စိတ်ကျန်းမာရေး မကောင်း၍ ဆေးသောက်နေရသူဖြစ်ပြီး လစဉ် စိတ်ကျန်းမာရေး ဆေးရုံပြနေရသူဖြစ်ကြောင်း သိရှိရသည်။

“သူက မုန့်ထွက်စားရင်း ပြန်မလာတာ အခုချိန်ထိပါပဲ လူပျောက်လဲ တိုင်ထားပါတယ်။ ဘာသတင်းမှလဲ အခုချိန်ထိ မကြားရပါဘူး။ စိတ်က ရူးနေတာတော့ မဟုတ်ဘူး။ ဆေးတော့ သောက်နေရသူပါ။ စိတ်ကျန်းမာရေး ဆေးရုံမှာလည်း လစဉ် ပြနေရပါတယ်” ဟု မိသားစုဝင်များက ပြောဆိုသည်။

အလားတူ မကွေးတိုင်း၊ စလင်းမြို့နယ်နှင့် ဆင်ဖြူကျွန်းမြို့တို့တွင် အကြမ်းဖက် စစ်တပ်က ပြည်သူ ၁၅ ဦးကို ပေါ်တာဆွဲဖမ်းဆီးခဲ့ပြီး ထွက်ပြေး သူများကို သေနတ်ဖြင့် လိုက်လံ ပစ်ခတ်ခဲ့ကြောင်း ပြည်သူ့ညီနောင် -စလင်း သတင်းတာဝန်ခံ ကိုပြည်သူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်

စက်တင်ဘာလ ၂ ရက်နေ့နှင့် ၃ ရက်နေ့တို့တွင် အကြမ်းဖက် စစ်တပ်က စလင်းမြို့နယ်နှင့် ဆင်ဖြူကျွန်းမြို့ ပေါ်ရှိ စျေးဝယ်လာသော လူငယ်များ နှင့် ရပ်ကွက်ထဲမှ လူငယ်များကို အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ထွက်ပြေးသူများကို သေနတ်ဖြင့် လိုက်လံ ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့ ပေါ်တာဆွဲဖမ်းဆီးပြီးနောက် အကြမ်းဖက် စစ်သားများက ပြည်သူ ၁၅ ဦးကို စလင်းမြို့နယ် ရဲစခန်းနှင့် စလင်း တောင်ဘက်ရှိ ၂၅၃ တပ်ရင်းထဲကို ခေါ်ဆောင်သွားကြောင်း သိရသည်။

“စလင်းနဲ့ ဆင်ဖြူကျွန်း နေရာ ၂ ခုမှာ ဆွဲတာ ဆင်ဖြူကျွန်းမြို့ဘက်မှာက ဘယ်နှစ်ယောက်ပါသွားလဲမသိဘူး။ စလင်းမြို့ပေါ်က ၅ ယောက်ပါသွားတယ်။ လူငယ်တွေနဲ့ လူလတ်ပိုင်းတွေ အဲဒီဖမ်းဆီးခံရသူတွေထဲက တစ်ယောက်က သူ့ကိုလိုက်ဖမ်းတော့ ထွက်ပြေးတယ်။ အကြမ်းဖက်ပျူတွေနဲ့စစ်အုပ်စုက သေနတ်နဲ့လိုက်ပစ်တာ။ ခြေထောက်မှန်တယ်လို့သိရတယ်။ ပေါ်တာဆွဲဖမ်းဆီးခံရသူတွေ ကိုတော့ စလင်းစခန်းထဲကို ခေါ်ဆောင်သွားတယ်။ ညနေပိုင်းလောက်မှာ စလင်းအချုပ်စခန်းကနေ စလင်းတောင်ဘက်ရှိ ၂၅၃ တပ်ရင်းထဲကို ခေါ်သွားတယ်လို့လည်း သိရတယ်​။ ပြည်သူ ၁၅ ဦးကျော်လောက် ပေါ်တာဆွဲ ဖမ်းဆီးခံရတယ်။ ပျူစောထီးတွေကို လက်နက်တပ်ဆင်ပေးပြီး ပြည်သူတစ်ယောက်ရလျှင် ငွေကျပ် ၃သိန်း ၄သိန်း ပေးတယ်” ဟု ပြည်သူ့ ညီနောင် -စလင်း သတင်းတာဝန်ခံ ကိုပြည်သူက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article