29.2 C
Yangon

စစ်တပ်ခန့် ပဲခူးတိုင်းဝန်ကြီးချုပ် မျိုးဆွေဝင်းက ကျေးရွာ/ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးခေါင်းဆောင်များကို တစ်ဦးလျှင် မြေကွက် ၁ ကွက်စီ ချပေး

Must read

ရန်ကုန်၊ စက်တင်ဘာ ၄

အကြမ်းဖက် စစ်တပ်ခန့် ပဲခူးတိုင်းဝန်ကြီးချုပ် မျိုးဆွေဝင်းက ပဲခူးမြို့ရှိ ကျေး ရွာ/ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်ပျူစောထီးခေါင်းဆောင်များကို ၁ ဦးလျှင် မြေကွက် ၁ စီးချပေး လိုက် ကြောင်း ပဲခူးမြို့ အထွေထွေအုပ်ချုပ်ရေးအုပ်ချုပ်ရေးဦးစီးဌာန၊ သတင်း ရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၂ ရက်နေ့တွင် ပဲခူးတိုင်း ဝန်ကြီးချုပ် မျိုးဆွေဝင်းကိုယ်တိုင် ကျေးရွာ/ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ ပျူစောထီးခေါင်းဆောင်များကို တွေ့ ဆုံခဲ့ကြောင်း၊ ယင်းနောက် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးတို့တွင် ၎င်းတို့၏ ပါဝင်ဆောင်ရွက်မှုများအတွက် ကျေးဇူး တင်သည့်အနေဖြင့် ပဲခူးတက္ကသိုလ် ပတ်ဝန်းကျင်ရှိ တိုင်းအစိုးရ စီမံခန့်ခွဲခွင့်ရရှိထားသော မြေများအနက်မှ ၁ ဦးလျှင် ပေ ၄၀ နှင့် ပေ ၆၀ မြေကွက် ၁ ကွက်နှုန်းဖြင့် ၁၀၆ ကွက် ချထားပေးခဲ့ကြောင်း သိရှိရသည်။

“ပဲခူးကောလိပ်ဘက်မှာ မြေလွတ်မြေရိုင်းမြေတွေရှိတယ်။ အဲဒါတွေက တိုင်းအစိုးရပိုင်ဆိုင်ခွင့်ရထားတာ။ အဲဒါတွေကို ၁၀၆ ကွက် အုပ်ချုပ်ရေးမှူးတွေကို ပေးတယ်။ နောက် ပြီး စားနပ်ရိက္ခာနဲ့ ကြက်ဥတွေပါပေးတယ်။ ပြည်သူ့စစ်တွေနဲ့ အုပ်ကြီးတွေ ရကြတာ” ဟု ထွေ/အုပ်သတင်းရင်းမြစ်က ဆိုသည်။

ထို့ပြင် ပဲခူးတိုင်းဝန်ကြီးချုပ်က အုပ်ချုပ်ရေးမှူးများနှင့်ပျူစောထီးများကို လာမည့် ရွေး ကောက်ပွဲကာလနှင့် ရွေးကောက်ပွဲအလွန်ကာလများတွင်လည်း နိုင်ငံတော်အတွက် တာဝန်ကျေပွန်စွာ အလုပ်လုပ်ပေးကြရန်စေလိုသည်ဟု ထုတ်ဖော်ပြောဆိုခဲ့ကြောင်း သိရှိရသည်။

ပဲခူးတိုင်းဝန်ကြီးချုပ် မျိုးဆွေဝင်းသည် စစ်တပ်အရာရှိဟောင်းတစ်ဦးဖြစ်ပြီး ရဲတပ်ဖွဲ့တွင် ဒုရဲချုပ် ၁ အထိ တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်ကာ စစ်အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်က ပဲခူးတိုင်းဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့ခြင်းဖြစ်သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article