29.2 C
Yangon

ကျွန်းလှမြို့နယ် ရွာကုန်းကြီးရွာအနီးသို့ စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်များဖြင့် ဗုံးကျဲ၊ ကျောက်မဲတွင်လည်း စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲပြန်

Must read

ရန်ကုန်၊ စက်တင်ဘာ ၄

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ် ရွာကုန်းကြီးရွာအနီးသို့ စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်များဖြင့် ဗုံးကျဲချခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

စက်တင်ဘာလ ၂ ရက်နေ့ ည ၈ နာရီအချိန် စစ်ကိုင်းတိုင်း ကန့်ဘလူခရိုင် ကျွန်းလှမြို့နယ် ရွာကုန်းကြီးရွာအနီးကို အကြမ်းဖက်စစ်တပ်၏ တံတားဦးတက် ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံး၊ Y 12 လေယာဉ် ဖြင့် ဗုံး ၂၈ လုံး ကျဲချခဲ့ကြောင်း သိရှိရသည်။

“တိုက်ပွဲမဖြစ်ဘဲ ကျဲချတာပါ။ ပြည်သူထိခိုက်မှု မရှိပါဘူး”ဟု ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်မှ တာဝန်ရှိသူက ပြောကြားသည်။

အကြမ်းဖက်စစ်တပ်သည် ကန့်ဘလူခရိုင်အတွင်း စစ်ကြောင်းထိုးမှုများ ဆက်တိုက်လုပ်ဆောင်နေ‌ကြောင်း၊ ဩဂုတ်လ ၃၁ ရက်နေ့တွင်လည်း ဦးကင်းကြည်ရွာနှင့် နှောကုန်းဘက်ကို ဒရုန်းဖြင့် ဗုံးများချခဲ့သည့်အပြင် ပုဏ္ဏားကြီးရွာမှ စစ်ဘေးရှောင် ဇနီးမောင်နှံ ၂ ဦးကို ပစ်ခတ်သစ်ဖြတ်ခဲ့ကြောင်း၊ စစ်ရှောင်တဲ ၄ လုံးကိုလည်းစစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင် ထံမှ သိရှိရသည်။

အလားတူ ယနေ့ စက်တင်ဘာလ ၄ ရက်နေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်အချိန် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ TNLA သိမ်းပိုက်ထားသော ကျောက်မဲမြို့နယ်၊ ပန်ကွမ်ကျေးရွာ ဘုန်းကြီး ကျောင်းသို့ စစ်တပ်က လေယာဉ်ဖြင့် ပေါင် ၂၅၀ ဗုံး ၂ လုံးကျဲချခဲ့ကြောင်း၊ အဆိုပါ ဗုံးကျဲမှုအတွင်း ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရှိရသည်။

“ဒီမနက် ဗုံးကျဲတာက ရွာ ဘုန်းကြီးကျောင်းနားကို ကျဲသွားတာ။ လူထိခိုက်မှုမရှိဘူး။ ကျောက်မဲမှာက တော်တော်များများ စစ်ဘေးရှောင်နေကြပြီ။ အိမ်စောင့်နေတဲ့သူတချို့နဲ့မပြေးဘဲ ဘာဖြစ်ဖြစ် နေမယ်ဆိုတဲ့ လူ​တွေလောက်ပဲ ကျန်တာပါ”ဟု ကျောက်မဲမြို့မှ ပရဟိတအဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ – ယနေ့ နံနက်ပိုင်း ကျောက်မဲမြို့နယ်၊ ပန်ကွမ်ကျေးရွာ ဘုန်းကြီး ကျောင်းသို့ စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချခဲ့စဉ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ယနေ့ နံနက်ပိုင်း ကျောက်မဲမြို့နယ်၊ ပန်ကွမ်ကျေးရွာ ဘုန်းကြီး ကျောင်းသို့ စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချခဲ့စဉ်။
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article