ဒီကနေ့ စက်တင်ဘာ ၄ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- စစ်ကိုင်းတိုင်းက မုံရွာမြို့ အခြေစိုက် အကြမ်းဖက် စစ်ကောင်စီရဲ့ အနောက်မြောက်တိုင်း တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေး နဲ့ စကားများရန်ဖြစ်တဲ့ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်စွာဝင်း ဆိုသူကို အဂတိလိုက်စားမှု အမည် တပ်ပြီး စစ်တပ်က သူ့လူအချင်ချင်း ပြန်ဖမ်းထားတယ်လို့ စစ်တပ်သတင်းရင်းမြစ် နဲ့ CDM ဗိုလ်ကြီး ဇင်ယော်ကပါ ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- မန္တလေး၊ စစ်ကိုင်း နဲ့ မကွေးမှာ သက်ဆိုင်ရာဒေသ အစိုးရတွေအဖြစ် လူထုဆန္ဒနဲ့အညီ ပေါ် ထွက်လာမယ်လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
- အကြမ်းဖက် မင်းအောင်လှိုင်ကို ယာယီသမ္မတလို့ ရည်ညွှန်းတာမျိုး ရပ်စဲဖို့ ၊ စစ်အုပ်စုကို အသိအမှတ်ပြုမှု ဆိုင်းငံ့ဖို့ နဲ့ စစ်တပ်ရဲ့ ရွေး ကောက်ပွဲ လေ့လာစောင့်ကြည့်ရေး ငြင်းပယ်ဖို့ NUG နိုင်ငံခြားရေးဝန်ကြီးက တရုတ်အစိုးရဆီကို စာပေးပို့တောင်းဆိုလိုက်ပါတယ်။
- စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်က အကြမ်းဖက် စစ်ကောင်စီရဲ့ တောင်းအင် စစ်တပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက သေနတ်တစ်ချက်မှ မဖောက်လိုက်ရပဲ သိမ်းပိုက်ရရှိခဲ့တဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
