30.1 C
Yangon

ဒီးမော့ဆို၊ ပထုံငံရွာ တိုက်ပွဲတွင် စစ်တပ်ဘက်မှ သေဆုံးမှုများပြားပြီး လက် နက်ခဲယမ်း များသိမ်းဆည်းရရှိ၊ တော်လှန်ရေး တပ်ဖွဲ့ဝင် ၃ ဦးကျဆုံး

Must read

ရန်ကုန်၊ စက်တင်ဘာ ၄

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်၊ ပထုံငံရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၃၀ နီးပါး သေဆုံးပြီး လက်နက်ခဲယမ်းများသိမ်းဆည်းရရှိခဲ့ကြောင်း Kayan National Army -KNA တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

စက်တင်ဘာလ ၂ ရက်နေ့ ဒီးမော့ဆိုမြို့နယ်နှင့် ဖရူဆိုမြို့နယ်အစပ် ထိုလိပလံရွာနှင့် ပထုံငံရွာ တို့ဘက်သို့ ဝင်ရောက်လာသော အကြမ်းဖက်စစ်ကောင်စီတပ်စစ်ကြောင်းကို ကရင်နီတော်လှန်ရေး တပ်ပေါင်းစုက တိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်စစ်ကောင်စီတပ်သား ၃၀ နီးပါးသေဆုံးပြီး အများပြား ဒဏ်ရာရရှိကာ ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။

“ဒီးမော့ဆိုမြို့နယ်နဲ့ ဖရူဆိုမြို့နယ်အစပ်လို့ ပြောလို့ရတာပေါ့၊ ဒီးမော့ဆို အောက်နားသဲတောင်နားလေးမှာ၊ ထိတွေ့မှုဖြစ်တာက ထိုလိပလံနဲ့ ပထုံငံဆိုတဲ့ရွာမှာဖြစ်တာ၊ ရန်သူ ဘက်က အသေအပျောက်ကတော့ ၂၀ နဲ့ ၃၀ ကြားမှာရှိတယ်။ ပစ္စည်းတချို့လည်း သိမ်း ဆည်း ရရှိ တာ ရှိတယ်။ ဒါပေမယ့် တပ်ပေါင်းစုတွေက ထုတ်ပြန်ကြေညာချက်တွေ မထုတ်နိုင်သေးဘူး။ ပြီး တော့ ကျဆုံးရဲ ဘော် ၃ ဦးရှိတယ်။ ရန်သူကတော့ မနေ့က ပြန်ဆုတ်သွားတယ်။” ဟု Kayan National Army -KNA တပ်ဖွဲ့မှ တာဝန်ရှိသူက ရှင်းပြသည်။

အဆိုပါ တိုက်ခိုက်မှုကို ကရင်နီတော်လှန်ရေးတပ်ပေါင်းစုမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အလယ်ပိုင်းတိုင်း ပြည်ထောင်စုတပ်ရင်း အမှတ် ၁၁၀၉ မှ ရဲဘော် ၁ ဦး၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် – KNDF ရဲဘော် ၁ ဦး နှင့် Kayan National Army -KNA တပ်ဖွဲ့မှရဲဘော် ၁ ဦး စုစုပေါင်း တော်လှန်ရေးရဲဘော် ၃ ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

အကြမ်းဖက်စစ်တပ်က ကရင်နီပြည်အတွင်းသို့ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလျက်ရှိပြီး ဩဂုတ်လ ၁၅ ရက်နေ့တွင် ဒီးမော့ဆိုမြို့ပေါ် ဧရိယာများကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ကာ မြို့ပေါ်တွင် တပ်စွဲထားကြောင်း ကရင်နီစစ်ရေး သတင်းရင်းမြစ်က ရှင်းပြသည်။

စစ်တပ်က ကရင်နီပြည်တွင် မြေပြင်စစ်ကြောင်းထိုးမှုများသာမက လေ ကြောင်း တိုက်ခိုက်မှုများကို တစ်ဟုန်ထိုးလုပ်ဆောင်လျက်ရှိကြောင်း၊ ကရင်နီပြည်တွင် နေ့ရောညပါ ကင်းထောက်လေယာဉ်များ ပျံဝဲလျက်ရှိပြီး ဒီးမော့ဆို၊ ဖရူဆိုမြို့နယ်များတွင် မကြာခဏဆိုသလို ဒရုန်းဖြင့် ဗုံးကျဲခြင်း၊ လေကြောင်းတိုက်ခိုက်ခြင်းများကို လုပ်ဆောင်နေကြောင်း ကရင်နီစစ်ရေး သတင်းရင်းမြစ်က ဆိုသည်။

အခြားတစ်ဖက်တွင်လည်း တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ပြည်သူများစွာမှာ ဒီးမော့ဆိုမြို့နယ်အတွင်းမှ ထွက်ခွာနေကြရပြီး စစ်ရေးအခြေအနေမှာလည်း ဆက်လက်တင်းမာနေကြောင်း၊ စစ်တပ်က ဒီးမော့ဆိုမြို့ပေါ် ဧရိယာကို အဓိက အခြေပြုထားပြီး တော်လှန်ရေးတပ်များကလည်း မကြာခဏဆိုသလို သွားရောက်တိုက်ခိုက်လျက်ရှိကြောင်း သိရှိရသည်။

“စခတွေနဲ့ စစ်ဆိုင်ထားတာက အရမ်းကို နီးကပ်တယ်။ သူတို့က ဘယ်လောက်ပဲ မြို့ကို ထိန်းချုပ်တယ်လို့ ကြေညာထားပေမယ့် သူတို့လည်း ကတုတ်ကျင်းတွေထဲကနေ မထွက်ရဲဘူး။ တကယ်က ဒီးမော့ဆိုမြို့ဧရိယာဆိုတာက မြို့ပျက်ကြီးဖြစ်နေတာကြာပြီဆိုတော့ သူတို့လည်း သိမ်းသာသိမ်းထားတာ သူတို့ စစ်သားတွေကိုယ်တိုင် နေစရာမရှိဘူး။ ကျနော်တို့လည်း အချိန်မရွေး ဝင်ပစ်လို့ ရတဲ့အနေအထားပါ။ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာရင် စစ်ရေးအရ အဆုတ်အတက်လုပ်ရတာက တစ်သက်လုံး နယ်မြေဆုံးရှုံးသွားတာမဟုတ်ဘူး။ အခုလည်း သူတို့ အခုထက်ထိ ဒီးမော့ဆိုကို မသိမ်းနိုင်သေးပါဘူး” ဟု ကရင်နီစစ်ရေးသတင်းရင်းမြစ်က ဆက်လက်ရှင်းပြသည်။

ဓာတ်ပုံ – ဒီးမော့ဆိုမြို့နယ် ငွေတောင်ရွာသစ်တွင် တပ်စွဲထားသော အကြမ်း ဖက်စစ်တပ်ကို ၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၂၉ ရက်နေ့ တော်လှန်ရေးတပ်ပေါင်းစုက ဝင်ရောက်တိုက်ခိုက်ခဲ့စဉ် စစ်သားအလောင်းများနှင့် လက်နက်ခဲယမ်းများ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article