30.1 C
Yangon

စစ်ကိုင်းငလျင်ဘေးအတွက် လှူဒါန်းထားသော အမိုး အကာ၊ တာပေါ် လင်စနှင့် ရွက်ဖျင်တဲများကို စစ်တပ်က ပြည်သူများကို မပေးဘဲ ဥပ္ပါတသန္တိစေတီပြုပြင်ရေး၊ ဝန်ကြီးဌာအဆောက်အအုံ ပြင်ဆင်ရေးနှင့် လမ်းတံတားပြုပြင်ရေးများတွင် ချသုံး

Must read

ရန်ကုန်၊ စက်တင်ဘာ ၄

မြန်မာနိုင်ငံတွင် ယခုနှစ် မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့သော စစ်ကိုင်းငလျင်ကြီးကြောင့် အိုးအိမ်ပျက်စီး သေကြေ အတိဒုက္ခရောက်ခဲ့ရသည့် ငလျင်ဘေးသင့်ပြည်သူများအတွက် နိုင်ငံတကာက လှူဒါန်းထားသော အမိုးအကာ၊ တာပေါ်လင်စနှင့် ရွက်ဖျင်တဲများကို စစ်တပ်က ပြည်သူများကို ဖြန့်ဝေခြင်းမပြုဘဲ အခြားနေရာများတွင် အသုံးချလျက်ရှိကြောင်း သိရှိရသည်။

နေပြည်တော်တွင် နေထိုင်နေသော ပြည်သူတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ဆက်သွယ်၍ စစ်တပ်က ငလျင်ဘေးသင့်ပြည်သူများအတွက် လှူဒါန်းထားသော အမိုး အကာများ၊ တာပေါ်လင်စနှင့်ရွက်ဖျင်တဲများကို အများပြည်သူနှင့် မည်သို့မှ သက်ဆိုင်ခြင်းမရှိသော နေရာများတွင် အသုံးပြုနေကြောင်း သတင်းပေးပို့ကြသည်။

လက်ရှိတွင် နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီပြုပြင်ရေးအတွက် စစ်အင်ဂျင်နီယာတပ် ရင်းများက ဦးဆောင်၍ လုပ်ဆောင်နေပြီး ယင်းပြင်ဆင်ရေးလုပ်ငန်းများတွင် ငလျင်ဘေးသင့် ပြည်သူများအတွက် လှူဒါန်းထားသော အမိုးအကာ တာပေါ်လင်စနှင့်ရွက်ဖျင်တဲများကို ထုတ်သုံးနေကြောင်း နေပြည်တော်မှ ပြည်သူများက ရှင်းပြသည်။

” နိုင်ငံတကာက အိုးအိမ်မဲ့သွားတဲ့ ပြည်သူတွေ နေထိုင်ဖို့ လှူထားတဲ့ အမိုးအကာတွေ ဥပ္ပါတ သန္တိစေတီ ရင်ပြင်တစ်ခုလုံးမှာ သုံးထားတယ်။ ဘုရား ရင်ပြင်တော် ကျောက်ပြားတွေ ပြန် ခွာကပ်တာနဲ့ စေတီတော်ပြုပြင်ရေးမှာ သုံးနေတာ။ တကယ်တော့ အဲဒီ အမိုးအကာတွေက ပြည်သူတွေကို ပေးရမှာကို မပေးဘဲ တလွဲသုံးနေတာမြင်ရတယ်” ဟု နေပြည်တော်မှ ပြည်သူတစ်ဦးက ဆိုသည်။

ထို့ပြင် စစ်အင်ဂျင်နီယာတပ်ရင်းတချို့က တာဝန်ယူ လုပ်ဆောင်နေသော လမ်းပြုပြင်ရေး လုပ်ငန်းများတွင်လည်း ငလျင်ဘေးသင့် ပြည်သူများအတွက် လှူဒါန်းထားသော ရွက်ဖျင်တဲများကို လမ်းလုပ်သားများနှင့်စစ်အင်ဂျင်နီယာတချို့က အသုံးပြုနေသည်ကိုလည်း မြင်တွေ့ရကြောင်း သိရှိရသည်။

အလားတူပင် မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့သော ငလျင်ကြီးကြောင့် ဝန်ကြီးဌာန အ ဆောက် အအုံများပြန်လည်ပြင်ဆင်မှုများရှိနေရာ ယင်းကဲ့သို့သော ပြင်ဆင်ရေးများတွင်လည်း အများပြည်သူအတွက် လှူဒါန်းထားသော တာပေါ်လင်စ၊ ရွက်ဖျင်တဲနှင့် အမိုး အကာ များကို ကာရန်အသုံးပြုမှုများ မြင်တွေ့ရကြောင်း နေပြည်တော်ဝန်ထမ်းအသိုင်းအ၀ိုင်းက ပြောဆိုသည်။

ယခုနှစ် မတ်လ ၂၈ ရက်နေ့ ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ စစ်ကိုင်းငလျင်ကြီးကြောင့် မန္တလေး၊ စစ်ကိုင်း အပါအဝင် မြန်မာနိုင်ငံအလယ်ပိုင်းမြို့ကြီးများတွင် ပြည်သူ ၄၀၀၀ နီးပါး သေဆုံးခဲ့ရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article