ရန်ကုန်၊ စက်တက်ဘာ ၄
မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ တက်ဝန်ရွာမှ ပျူစောထီးများကို ဝင်ရောက် တိုက်ခိုက်ရာ ပျူစောထီး ခေါင်းဆောင် ဘိုထွန်း အပါအဝင် ၅ ဦးသေဆုံးပြီး လက်နက် ၈ လက် သိမ်းဆည်း ရရှိကာ ကား ၁ စီးကို ဖျက်ဆီးနိုင်ခဲ့ကြောင်း ငါးပြေမပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ စက်တင်ဘာလ ၄ ရက်နေ့ နံနက် ၅ နာရီ ၁၀ မိနစ်ခန့်တွင် နတ်မောက်မြို့နယ်၊ တက်ဝန်ကျေးရွာမှ ပျူစောထီး ခေါင်ဆောင် ဘိုထွန်း နှင့် ပျူစောထီးများကို သရက်ခရိုင် အမှတ် ၃ ငါးပြေမတပ်ရင်း၏ မြေပြန့်ကျားတပ်ခွဲမှ ဦးဆောင်၍ မဟာမိတ်တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ထိတွေ့ တိုက်ပွဲ မိနစ် ၄၀ ခန့် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
တိုက်ပွဲအတွင်း ပျူစောထီး ခေါင်းဆောင် ဘိုထွန်း အပါအဝင် ပျူစောထီး ၅ ဦး သေဆုံးပြီး ပျိုင့် ၂၂ လက်လုပ် ပစ္စတို သေနတ် ၁ လက် ၊ M1 ကာဘိုင် သေနတ် ၅ လက်၊ ကာဘိုင်ကျည် ၉၅ တောင့် ၊ပြောင်းချောသေနတ် ၂ လတ် ၊ပြောင်းချောကျည် ၃၀ တောင့် ၊လက်ပစ်ဗုံး ၂ လုံး၊ ငွေသား ၁ သိန်းကျပ်၊ စစ်ဝတ်တန်ဆာများ၊ ဖုန်း ၄ လုံးနှင့် စစ်မှုထမ်းစာအုပ်တစ်အုပ်တို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။
“နတ်မောက် တက်ဝန်ကျေးရွာက ပျူစောထီး ခေါင်ဆောင် ဘိုထွန်းနဲ့ ပျူစောထီးတွေကို ကျနော်တို့ သရက်ခရိုင် အမှတ် ၃ ငါးပြေမတပ်ရင်းရဲ့ မြေပြန့်ကျားတပ်ခွဲက ဦးဆောင်ပြီး မဟာမိတ်တပ်ဖွဲ့တွေနဲ့ ဝင်ရောက် စီးနင်း တိုက်ခိုက်ခဲ့တာပါ။ ထိတွေ့ တိုက်ပွဲ မိနစ် ၄၀ ခန့် ဖြစ်ပွားခဲ့တယ်။ ပျူစောထီး ခေါင်းဆောင် ဘိုထွန်း အပါအဝင် ပျူစောထီး ၅ ကောင်သေပြီး လက်နက်တွေလည်း သိမ်းဆည်းရရှိခဲ့တယ်” ဟု ငါးပြေမပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို သရက်ခရိုင်အမှတ် ၃ ငါးပြေမတပ်ရင်း၏ မြေပြန်ကျားတပ်ခွဲမှ ဦးဆောင်၍ ရေနံချောင်း ပကဖ ၊ မင်းဘူးခရိုင်စစ်ဌာန ပြည်သူလုံခြုံရေးတပ်ဖွဲ့၊ Chauk Revolutionary Army (CRA) နှင့် ဒေါင်းစစ်သည် ပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar



