ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်တွင် တရားမဝင် မြန်မာအလုပ်သမား ၇၁ ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများက သတင်းဖော်ပြသည်။
ယင်းကား ၂ စီးတွင် မြန်မာနိုင်ငံသား ၇၁ ဦး လိုက်ပါလာပြီး ၎င်းတို့ထံတွင် မည်သည့်အထောက်အထားမှ မရှိကြောင်း၊ ထိုင်းနိုင်ငံသား ယာဉ်မောင်း ၂ ဦးကိုလည်း ဖမ်းဆီးရရှိခဲ့ပြီး ယင်းကဲ့သို့ မကြာခဏဆိုသလို လူသယ်ယူမှုများ လုပ်ဆောင်ခဲ့ဖူးသည်ဟု ယာဉ်မောင်းများက ဝန်ခံခဲ့ကြကြောင်း သိရှိရသည်။
ထိုင်းနိုင်ငံတွင်းသို့ တရားမဝင် မြန်မာများ သယ်ယူရန် တစ်ကြိမ်လျှင် ယာဉ်မောင်း အနေဖြင့် ထိုင်းဘတ်ငွေ ၁၀၀၀၀ ရရှိကြောင်း ၊ လတ်တလော မြန်မာနိုင်ငံသား ၇၁ ဦးနှင့် ယာဉ်မောင်း ၂ ဦးကို တရားဥပဒေနှင့်အညီ အမှုဖွင့်အရေးယူသွားမည်ဖြစ်ကြောင်း သိရှိရသည်။
အလားတူ ထိုင်းနိုင်ငံ၊ချင်းမိုင်မြို့ရှိ Warorot စျေးကို ထိုင်းလ၀က အဖွဲ့က သွားရောက်စစ်ဆေးရာ စျေးရောင်းခွင့်မရှိဘဲ စျေးရောင်းနေသည့် မြန်မာအလုပ်သမား ၆ ဦးကို ဖမ်းဆီးရရှိခဲ့ကြောင်း သိရှိရသည်။
ထို့အတူ ထိုင်းနိုင်ငံ၊ဖူးကတ်မြို့တွင် ဆိုင်လုပ်ငန်းလိုင်စင်နှင့် လုပ်ခွင့်မရှိဘဲ မြန်မာစားသောက်ဆိုင်ဖွင့်လှစ်မှုကို ထိုင်းအာဏာပိုင်များ ဝင်ရောက် ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar






