27.9 C
Yangon

လက်ပံတန်းမြို့နယ်၊ သရက်ချောင်းရွာကို စစ်တပ်က ဒရုန်းဖြင့် ဗုံး ၂ လုံး ကျဲချမှု ပြည်သူ ၁ ဦး သေဆုံး

Must read

ရန်ကုန်၊ စက်တင်ဘာ ၄

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ သရက်ချောင်းရွာကို အကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် ဗုံး ၂ လုံး ကျဲချ တိုက်ခိုက်ရာ ပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင်း ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ စက်တင်ဘာလ ၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် လက်ပံတန်းမြို့ပေါ်တွင် တပ်စွဲထားသော အကြမ်းဖက် စစ်သားများသည် ဆင်တလင်းရွာကို ရောက်ရှိလာပြီးနောက် သရက်ချောင်းရွာကို ဒရုန်းဖြင့် ဗုံး ၂ လုံးကျဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း ကျေးနေပြည်သူ ဦးဇေယျာလင်း နေအိမ်ပေါ် ဗုံးသီးကျရောက် ပေါက်ကွဲခဲ့ပြီး ပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

“လက်ပံတန်းမြို့ပေါ်က စစ်ခွေးတွေ ဒီနေ့ နံနက်ပိုင်းမှာ ဆင်တလင်းရွာကို ရောက်လာပြီးတော့ ၂ မိုင်လောက်ပဲဝေးတဲ့ သရက်ချောင်းရွာကို ဒရုန်းနဲ့ ဗုံးကျဲ တိုက်ခိုက်သွားတာ စစ်ခွေးတွေ ကျဲချတဲ့ ဗုံး ၁ လုံးက ကျေးရွာနေ ပြည်သူ ဦးဇေယျာလင်း နေအိမ်ပေါ်ကျရောက်ပေါက်ကွဲပြီး ပြည်သူ ၁ ဦး သေဆုံးတယ်” ဟု ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်သည် သာယာဝတီခရိုင်အတွင်းရှိ ကျေးရွာများကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်း၊ လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ် တိုက်ခိုက်လျက်ရှိသည်။

ဩဂုတ်လ ၂၈ ရက်နေ့ကလည်း အုတ်ဖိုမြို့နယ်၊ တိမ်မြုပ်ကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က ဒေါင်လေးရွာသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိ ဒရုန်းဖြင့် ဗုံး ၂ လုံး ကျဲချ တိုက်ခိုက်ခဲ့ခြင်းကြောင့် အသက် ၅ နှစ်အရွယ် မယွန်းမီမီ နှင့် မိခင်ဖြစ်သူ အသက် ၃၂ နှစ်အရွယ် ဒေါ်ဇင်မာသင်းတို့ ပွဲချင်းပြီး သေဆုံးခဲ့သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article