ယနေ့ မွန်းလွဲ ၁၂ နာရီ ၂၂ မိနစ်အချိန် စစ်တပ်က ကျောက်မဲမြိုနယ်၊ ပန်သပြေကျေးရွာသို ရော့ကတ်ဗုံးများ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ဗုံးများကျရောက် ပေါက်ကွဲမှုကြောင့် အမျိုးသမီး ၁ ဦးထိမှန်ဒဏ်ရာရရှိပြီး နေအိမ် ၄ လုံးနှင့် စာသင်ကျောင်း ၁ ကျောင်း ဗုံးစထိမှန်ပျက်စီးခဲ့ကြောင်း သိရှိရသည်။
အလားတူ ယနေ့ နံနက်၁၀ နာရီ ၃၀ မိနစ် အချိန်တွင် စစ်တပ်က ကျောက်မဲမြို့နယ်၊ ပန်ကွမ်ကျေးရွာသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်မှ လေ ကြောင်းဖြင့် ပေါင် ၂၅၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း၊ စစ်တပ်၏ ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် စေတီပုထိုးများ ဗုံးစထိမှန်ပျက်စီးသွားခဲ့ကြောင်း သိရှိရသည်။
ထို့အတူ စက်တင်ဘာလ ၂ ရက်နေ့တွင်လည်း စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ သီပေါမြိုနယ်၊ ဘော်ကြိုကျေးရွာသို လေကြောင်းဖြင့် ပေါင် ၂၅၀ ဗုံး ၂ လုံး ကျဲချတိုက်ခိုက်မှုကြောင့် အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၃ လုံးလည်း ပျက်စီးသွားခဲ့ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar





