ရန်ကုန်၊ စက်တင်ဘာ ၅
ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်တွင် တရားမဝင် မြန်မာနိုင်ငံသား ၄၃ ဦးကို ဖမ်းဆီးရရှိကြောင်း ထိုင်းသတင်းဌာနများက သတင်းဖော်ပြသည်။
ယမန်နေ့ စက်တင်ဘာလ ၄ ရက်နေ့ နံနက် ၁၁ နာရီခွဲခန့်အချိန် ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင် ၊ထောဖာဖူမြို့နယ် ဟိင်ဒတ်ကျေးရွာ အုပ်စု ၆ တွင် တရား မဝင်နယ်စပ်မှ ဖြတ်ကျော်လာသည့် မြန်မာနိုင်ငံသား ၄၃ ဦးကို ဖမ်း ဆီးရရှိကြောင်း၊ အဆိုပါ မြန်မာနိုင်ငံသားများက ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်ရန် လူတစ်ဦးလျှင် ထိုင်းဘတ် ၁၃၀၀၀ မှ ထိုင်းဘတ် ၁၅၀၀၀ အထိ ပေးခဲ့ရကြောင်း သိရှိရသည်။
အဆိုပါ မြန်မာနိုင်ငံသား ၄၃ ဦးကို ထိုင်းရဲတပ်ဖွဲ့က အမှုဖွင့် ဖမ်းဆီးအရေးယူထားကြောင်း သိရှိရသည်။
အလားတူ ထိုင်းနိုင်ငံ စမွတ်ဆာခွန်ခရိုင်ရှိ ကော်ဇွန်းထုတ်လုပ်သည့် စက်ရုံတစ်ခုတွင် မြန်မာအလုပ်သမား ၄၇ ဦးကို လုပ်အားခများ မပေးသည့်အပြင် အလုပ်မှ ထုတ်ပယ်ခဲ့ကြောင်း ၊ ထိုကဲ့သို့ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရသည့်အတွက် ထိုက်သင့်သော နစ်နာကြေးရရှိရေး ကူညီဆောင်ရွက်ပေးနေကြောင်း 𝐌.𝐇.𝐀.𝐂 မဟာမိတ်အဖွဲ့ မှ အေအေစီ ကိုရဲမင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
အလုပ်သမား ၄၇ ဦးက နစ်နာခဲ့မှုများအတွက် ကူညီဆောင်ရွက်ပေးရန် 𝐌.𝐇.𝐀.𝐂 မဟာမိတ်အဖွဲ့ သို့ အကူအညီတောင်းခံလာခြင်း ဖြစ်သည်ဟု သိရှိရသည်။
ထို့ကြောင့် စက်တင်ဘာလ ၃ ရက်နေ့တွင် နစ်နာရသည့် မြန်မာအလုပ် သမား ၄၇ ဦး အတွက် 𝐍𝐔𝐆 အလုပ်သမားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးဦးနိုင်ထွန်းဦးနှင့်အတူ ထိုင်းနိုင်ငံဥပဒေအတိုင်းထိထိရောက်ရောက် ဆောင် ရွက်နိုင်စေရန် သက်ဆိုင်ရာ နယ်မြေခံအလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံး(ဆဝါဒီကန်)၏ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။
နစ်နာရသည့် အလုပ်သမားများအတွက် ထိုင်းဥပဒေပါအတိုင်း တရားမျှတမှုရရှိစေရန် အမှုပြီးဆုံးအောင်မြင်အထိ ကူညီဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း အေအေစီ ကိုရဲမင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar


