26.3 C
Yangon

အုတ်ဖိုမြို့နယ်တွင် ပျူစောထီးများ လိုက်ပါလာသော ဆိုင်ကယ် ယာဉ်တန်းကို ပစ်ခတ် တိုက်ခိုက်မှု ပျူစောထီး ၁ ဦးသေဆုံးပြီး ဆိုင်ကယ် ၁ စီး သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ စက်တင်ဘာ ၅

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် ပျူစောထီးများ လိုက်ပါလာသော ဆိုင်ကယ် ယာဉ်တန်းကို ပစ်ခတ် တိုက်ခိုက်ရာ ပျူစောထီး ၁ ဦးသေဆုံးပြီး ဆိုင်ကယ် ၁ စီး သိမ်းဆည်းရရှိခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၃ ရက်နေ့တွင် မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်တွင် အုတ်ဖိုမြို့နယ်အပိုင် ပဲခူးရိုးမပေါ်သို့ အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးနိုင်ရန် ရှေ့ပြေးတက်လာသည့် အေးမြသာယာမြို့ ပျူခေါင်းဆောင် ဝန ဦးဆောင်သော ဆိုင်ကယ် ၅ စီးပါ ယာဉ်တန်းကို စဥ့်ကူးချောင်းဂေါင်းဆည် တာဘောင်ပေါ်၌ တော်လှန်ရေး တပ်ဖွဲ့များက စောင့်ကြို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ စောင့်ကြို တိုက်ခိုက်မှုအတွင်း အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားကာ ပျူစောထီး ကျော်ဝင်းစိန် နေရာတွင် သေဆုံးပြီး ကျန်ပျူစောထီးများ ထွက်ပြေးသွားကာ ဆိုင်ကယ် ၁ စီးလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

“လူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးပြီး ခြိမ်းခြောက် ငွေညှစ်နေတဲ့ ပျူစောထီး ခေါင်းဆောင် ဝန ဦးဆောင်တဲ့ ဆိုင်ကယ်တွေကို စဥ့်ကူးချောင်း ဂေါင်းဆည်ဘက်ကို တက်လာတယ်လို့ ဖရဲသီးဆီက သတင်းရတာနဲ့ စောင့်တိုက်တာပါ။ ကျွန်တော်တို့ ရဲဘော်တွေလက်ချက်နဲ့ ပျူစောထီး ​ကျော်ဝင်းစိန် သေသွားရော ကျန်တဲ့ပျူတွေက သေနတ်နဲ့ ၂ ချက်ပြန်ပစ်ပြီး ဖရိုဖရဲထွက်ပြေးကြတာ

ပျူခေါင်းဆောင် ဝန ဆိုရင် ကျွန်တော်တို့ထပ်လာဆော်မှာ ကြောက်ပြီး အေးမြသာယာက သူ့အိမ်မှာတောင် မနေရဲလို့ ရှောင်နေတယ်ကြားပါတယ်” ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုမှ တာဝန်ရှိသူက ပြောဆိုသည်။

သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့ အနေဖြင့် ပြည်သူများနှင့် တော်လှန်ရေးတပ်ဖွဲ့များကို ဒုက္ခပေးနေကြသည့် အကြမ်းဖက် စစ်တပ်နှင့် ၎င်းတို့ ဒေါက်တိုင်များကို တိုက်ခိုက်သွားမည်ဖြစ်၍ ပြည်သူများအနေဖြင့် ၄င်းတို့အနီး သွားလာနေထိုင်ခြင်းများ မပြုလုပ်ကြရန် အသိပေးပြောဆိုထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article