26.3 C
Yangon

ချောက်မြို့ပေါ်ရှိ ကိုရီးယားဘာသာစကား သင်တန်းကျောင်းကို စစ်တပ်က ဝင်ရောက် စီးနင်းပြီး အသက် ၂၀ အရွယ် လူငယ် ၁၃ ဦးကို ပေါ်တာဆွဲ ဖမ်းဆီး

Must read

ရန်ကုန်၊ စက်တင်ဘာ ၅

မကွေးတိုင်း၊ ချောက်မြို့ပေါ်ရှိ ကိုရီးယားဘာသာစကား သင်တန်းကျောင်းကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းပြီး အသက် ၂၀ ဝန်းကျင် လူငယ် ၁၃ ဦးကို ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း ပြည်သူ့ညီနောင် -စလင်း သတင်းတာဝန်ခံ ကိုပြည်သူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ယမန်နေ့ စက်တင်ဘာလ ၄ ရက်နေ့ ချောက်မြို့ပေါ်ရှိ ကိုရီးယားဘာသာ စကား သင်တန်းကျောင်းကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းခဲ့ခြင်းဖြစ်ပြီး အသက် ၂၀ အရွယ် လူငယ် အမျိုးသား ၁၃ ဦးကို ပေါ်တာဆွဲ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးခံရသော လူငယ်များ စလင်းမြို့နယ်၊ ရေပေါ်ကျွန်းကျေးရွာမှ ၁ ဦး ၊ လက်ပံကျွန်းကျေးရွာမှ ၆ ဦး နှင့် ကျန်လူငယ်များ၏ နေရပ်လိပ်စာကို မသိရှိရသေးကြောင်း၊ လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ်က ဖမ်းဆီးသွားသော လူငယ်များကို ချောက်မြို့ရဲစခန်းတွင် ချုပ်နှောင်ထားကြောင်း သိရှိရသည်။

“ကိုးရီးယား သင်တန်းကျောင်းတစ်ခုကို သူတို့ အကြမ်းဖက် စစ်အုပ်စုက ဝင်ဆွဲတာပါ။ ဒီဝင်ဆွဲတဲ့အထဲမှာ ယောကျာ်းလေးတွေပဲ အဆွဲ ခံရတာ အမျိုးသမီးတွေတော့မပါဘူး။ ယောကျာ်းလေးတွေကြီးပဲ ၁၃ ဦး အဆွဲခံရတယ်။ ၁၃ ဦးထဲမှာ စလင်းမြို့နယ် ထဲက ရေပေါ်ကျွန်းကျေးရွာနဲ့ လက်ပံကျွန်းကျေးရွာက လူငယ်တွေ ပါသွားတယ်လို့သိရတယ်။ လူငယ်လေးတွေ အကုန်လုံး အသက် ၂၀ ဝန်းကျင်လောက်တွေကြီးပဲ သူတို့ကို ချောက်မြို့ပေါ် ရဲစခန်းမှာ ချုပ်နှောင်ထားတယ်လို့ သိရတယ်” ဟု ပြည်သူ့ညီနောင် -စလင်း သတင်းတာဝန်ခံ ကိုပြည်သူက ပြောဆိုသည်။

အလားတူ စက်တင်ဘာလ ၃ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးခဲ့သော စလင်းမြို့နယ်၊ ဆင်ကျုံးကျေးရွာမှ လူငယ် ၂ ဦးကို ငွေကျပ် သိန်း ၇၀ ဖြင့် ပြန်ရွေးခိုင်းကြောင်း၊ ထို့ပြင် စလင်းမြို့နယ် Family House စားသောက်ဆိုင်အတွင်း အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးသွားသော အမျိုးသမီး ၁ ဦးကိုလည်း ငွေကြေးဖြင့် ပြန်လည် ရွေးထုတ်ရန် မိသားစုများနှင့် ညှိနှိုင်းမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

ဓာတ်ပုံ – ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန် စစ်တပ်ဆန့်ကျင်ရေး လူငယ်များကို စစ်သားများက အကြမ်းဖက် ဖမ်းဆီးခဲ့စဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန် စစ်တပ်ဆန့်ကျင်ရေး လူငယ်များကို စစ်သားများက အကြမ်းဖက် ဖမ်းဆီးခဲ့စဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article