ဒီကနေ့ စက်တင်ဘာ ၅ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ နှလုံးရောဂါ ဆိုးရွားစွာခံစားနေရပြီး နှလုံးရောဂါ အထူးကုဆရာဝန်နဲ့ ပြသဖို တောင်း ဆိုပေမယ့် စစ်တပ်က ငြင်းဆန်ထားတယ်လို ဗြိတိန်အခြေစိုက် The Independent သတင်းဌာနကနေ သတင်းဖော်ပြထားပါတယ်။
- ပဲခူးတိုင်း၊ ဥသျှစ်ပင်မြိုက အကြမ်းဖက် စစ်ကောင်စီရဲ့ လက်နက်ပစ္စည်းထုတ်လုပ်ရာ ကပစ ၆ စက်ရုံအနီးက ကာကင်းစခန်းတွေကို အာရက္ခတပ်တော် AA နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီလို ဒေသတွင်း သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- မြန်မာစစ်တပ်က ကလေးငယ်တွေအပေါ် ကြီးလေးတဲ့ ရာဇဝတ်မှုတွေ ချိုးဖောက်ကျူးလွန်နေတဲ့အပြင် တပ်သားအဖြစ်ပါ စုဆောင်းအသုံးချနေမှုတွေကို ကုလသမဂ္ဂ နဲ့ နိုင်ငံတကာက အရေးယူပေးဖို သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလအစည်းအဝေးမှာ တောင်းဆိုလိုက်တဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
