မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ မဲဇလီကုန်းရဲစခန်းမှ ထွက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား၊ ပျူစောထီး ၂၁ ဦးသေဆုံးခဲ့ကြောင်း မြိုင်ပကဖက ထုတ်ပြန် သည်။
စက်တင်ဘာလ ၄ ရက်နေ့က ပွင့်ဖြူမြိုနယ် ၊ မဲဇလီကုန်းရဲစခန်းမှ ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ၏ ခလရ ၂၅၃ / ၂၅၄/ ၂၅၅ တပ်များမှ စစ်သားများ၊ ဝါတပ်မှ စစ်သားများ၊ မဲစလီကုန်း ရဲစခန်းမှ ရဲ၊ စစ်သားများ၊ ကျောင်ကုန်းကြီးရွာမှ ပျူစောထီး၊ ရွာခိုင်ရွာမှ ပျူစောထီးများ၊ ကုန်းဇောင်း ရွာမှ ပျူစောထီးများ ပူးပေါင်း အင်အား ၂၀၀ ကျော်ပါ စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များက ညောင်ကိုင်းကျေးရွာ အနောက်မြောက်ဘက် မြေနီ ကုန်းတောကျောင်းအနီးအရောက် ပစ် ခတ်တိုက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုသည် မိနစ် ၃၀ ခန့်ကြာမြင့်ခဲ့ပြီးစစ်သား၊ ပျူစောထီး ၂၁ ဦး သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရဿည်။
ယင်းအကြမ်းဖက်စစ်တပ် စစ်ကြောင်းသည် ထပ်မံ၍ အင်အားအများအပြား ဖြည့်တင်းကာ ရှေ့ဆက် ရန် ပြင်ဆင်လျက်ရှိပြီး ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့များ ဘက်မှလည်း အသင့်နေရာယူထားကာ ပြန် လည်တိုက် ခိုက်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း အသိပေးထားသည်။
အဆိုပါ တိုက်ခိုက်မှုကို မြိုင် ပကဖ ၊ မင်းဘူးခရိုင်တပ်ရင်း ၄ ၊ မြိုင်/ပေါက် ပကဖ စုဖွဲ့မှု နှင့် မြိုင်/ ပေါက် Drone Team တပ် ၊ ပခုက္ကူ ပကဖ နှင့် ပွင့်ဖြူမြို့နယ် ပလဖ တို့ နယ်မြေမခွဲခြားပဲ ညီညီ ညွှတ်ညွှတ်ဖြင့် ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အလားတူ မကွေးတိုင်း၊ မြိုင်မြို့နယ်တောင်ပိုင်းရှိ သရက်ကန် ပျူစောထီးရွာကို လက်နက်ကြီးနှင့် ဒရုန်းဖြင့် ၂ရက် ဆက်တိုက် တိုက်ခိုက်မှုတွင် အကြမ်ဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း TYK ပြောက်ကြားတပ်ဖွဲ့ မှ ရဲဘော် စောကြီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
စက်တင်ဘာလ ၂ရက်နေ့ ၃ရက်နေ့တို့တွင် မြိုင်မြို့နယ်တောင်ပိုင်းရှိ သရက်ကန် ပျူစောထီးရွာကို လက်နက်ကြီးနှင့် ဒရုန်းဖြင့် တော်လှန်ရေး တပ်ဖွဲ့များက ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်းသိရှိရသည်။
စစ်ဆင်ရေးတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီ တပ်သားများကို လောင်းကစား ပြုလုပ်နေသော နေရာသို့ ကျရောက် ပေါက်ကွဲခဲ့ကြောင်း၊ ပျူစောထီး ၁ ဦးမှာ လက်မောင်းနှင့်ခြေထောက်ကို ထိမှန်ခဲ့ပြီး နောက် ၁ ဦးမှာလည်း လက်မောင်းကို ရှက်ထိခဲ့ကြောင်းသိရှိရသည်။
“စစ်ခွေး အင်အား ၁၀၀ ကျော် တပ်စွဲထားတာပါ။ စစ်ခွေး ရဲခွေး ပျူခွေး အားလုံး ၁၀၀ ကျော်ခန့်ပါ။ စစ်ခွေးသေစာရင်းကတော့ စုံစမ်းနေတုန်း ပဲ လက်တလော ထိခိုက်မှုကတော့ ပျူစောထီး ၂ကောင် ထိတယ် တစ်ယောက်က လက်မောင်းနဲ့ ခြေထောက်ထိသွားတယ်။ ကျနော်တို့က ကင်း ထောက်ဝဲပြီးကြည့်လိုက်တော့ ဒီကောင်တွေ လောင်းကစား (ဖဲရိုက်) နေတော့ တွေ့လိုက်လို့ ကျနော်တို့ကနေပြီး ဒရုန်း တွေနဲ့ချတယ်။ စစ်ခွေးတွေဘက်တော့ သေဆုံးမှုရှိနိုင်ပါတယ်။ လက်နက်ကြီးက ၂ရက်နေ့က စပြီးပစ်တာပါ အဲချိန်မှာ ရွာထဲက အော်ပြီးငိုသံတွေလကြားရပါတယ်။ ပြီးခဲ့တဲ့ရက်ကလဲ သရက်ကန်ပျူရွာရဲ့ ပြည်သူ့စစ်ခေါင်းဆောင်မှ စစ်တပ်ထံ စားနပ် ရိက္ခာ အကူညီတောင်းခံတာလည်း ရှိခဲ့ပါတယ် သူတို့မှာက စားစရာက မရှိတော့ဘူးလေ။ စက်တင်ဘာ ၂ရက်နေ့ လက်နက်ကြီးကို နေ့လည်ပိုင်းတွေမှာ ပစ်ခတ်ခဲ့ပြီး ၃ရက်နေ့မှာလည်း ဒရုန်းနဲ့ ကျဲချခဲ့တာပါ။ ပြန်လည်ပစ်ခတ်တာမျိူးတော့ မရှိဘူးဗျ။ သူတို့အနေနဲ့ကလည်း ခံစစ်ပဲအား ကိုးနေတော့တာလေ စစ်ကြောင်းကလည်း လွယ်လွယ်နဲ့ရောက်မလာနိုင်တော့ သူတို့က ခဲယမ်းကို မဖြုန်းတီးရဲတော့ဘူးလေ။ထိုရွာထဲက ပြည်သူတွေနဲ့ စစ်တပ်လက်အောက်ခံတွေ ငြိမ်းချမ်းစွာဖြင့် ပြည်သူ့အရိပ်ကို မြန်မြန်ခိုလှုံပေးဖို့ ပြောချင်ပါတယ်”ဟု TYK ပြောက်ကြားတပ်ဖွဲ့ မှ ရဲဘော် စောကြီးက ပြောဆိုသည်။
အဆိုပါတိုက်ခိုက်မှုကို မြိုင် ပကဖ တပ်ဖွဲ့ဝင်(လက်အောက်ခံ)များ ဖြစ်သော TYKပြောက်ကြားတပ်ဖွဲ့ ၊ စင်္ကြာဒေသကာကွယ်ရေးအဖွဲ့ ၊ ဒေါင်းမာန်အဖွဲ့ နှင့် ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့မှ ညီညွတ်စွာ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်းသိရှိရသည်။
ဓာတ်ပုံ – တော်လှန်ရေးတပ်များနှင့် တိုက်ပွဲအတွင်း သေဆုံးသော စစ်တပ်ဘက်တော်သား ၁ ဦးကို ဖြစ်သလို နာရေးသဂြိုလ်နေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
