27.3 C
Yangon

ကျောက်ကြီး- မုန်း ကားလမ်းတွင် စစ်ကြောင်းထိုးလာသော စစ်တပ်ကို တိုက်ခိုက်မှု ဒုတပ်ရင်းမှူး အပါအဝင် စစ်သား ၆ ဦးသေဆုံး ၊ ရေဦးတွင်လည်း စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်

Must read

ရန်ကုန်၊ စက်တင်ဘာ ၅

ပဲခူးတိုင်း၊ ကျောက်ကြီး- မုန်း ကားလမ်းတွင် စစ်ကြောင်းထိုးလာသော စစ်တပ်ကို တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ဒုတပ်ရင်းမှူး အပါအဝင် ၆ ဦးသေဆုံးကြောင်း KNU ကရင်အမျိုးသားအစည်းအရုံး (ဗဟို)က သတင်းထုတ်ပြန်သည်။

စက်တင်ဘာလ ၂ ရက်နေ့ ၊ ကျောက်ကြီး-မုန်းကားလမ်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့် အကြမ်းဖက်စစ်တပ်၏ စစ်ကြောင်းကို ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) ဦးဆောင်သော တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့တို့က မြက်ရဲရွာအနီးတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း၊ စစ်တပ်က လေယာဉ်များ၊ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ကူရခဲ့သော်လည်း ထိခိုက်သေဆုံးမှု အများအပြားဖြင့် တပ်ပြန် ဆုတ်ခဲ့ရကြောင်း သိရှိရသည်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်မှ ဒုတပ်ရင်းမှူး ၁ ဦးနှင့် တပ်ခွဲမှူး ၁ ဦးအပါအဝင် ၆ ဦး သေဆုံးပြီး ၁၆ ဦးခန့် ဒဏ်ရာရှိခဲ့ကြောင်း၊ လက်နက်ခဲယမ်း အများအပြားကိုလည်း တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့များက သိမ်းဆည်း ရရှိခဲ့ကြောင်း သိရှိရသည်။

ကျောက်ကြီး-မုန်းကားလမ်းပိုင်းကို စစ်တပ်က ပြန်လည်ရယူရန် အတွက် လက်နက်ကြီးများဖြင့် နေ့စဥ်ပစ်ခတ်လျက်ရှိကြောင်း၊ မြေပြင်စစ်ကြောင်းများဖြင့် အဆက်မပြတ် ထိုးစစ်များ လုပ်ဆောင်လျက်ရှိသောကြောင့် တော်လှန်ရေးပူးပေါင်းတပ်တို့က စစ်တပ်ကို လမ်းတစ်လျှောက် ဖြတ်တောက်တိုက်ခိုက်မှုများအား လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ရေဦးမြို့ မြောက်ပိုင်းသို့ စစ်ကြောင်းထွက်လာသော အကြမ်းဖက် စစ်တပ်ကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်တပ်ဘက်မှာ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့- ရေဦးမြို့နယ် ပကဖ တာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ယနေ့ စက်တင်ဘာလ ၅ ရက်နေ့ နံနက် ၈နာရီ ၃မိနစ်ခန့်အချိန် ရေဦးမြို့မြောက်ပိုင်းသို့ စစ်ကြောင်းထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သား ၆၀ ခန့်ကို ရေဦးမြို့နယ် ရွာသစ်ရွာအနီးအရောက်တွင် ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုအရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိဘဲ အကြမ်းဖက်စစ်ကောင်စီတပ်သားများအထိနာသွား၍ နံနက် ၁၀နာရီခန့်တွင် ရေဦးမြို့သို့ ပြန်လည်ဝင်ရောက်သွားကြောင်းသိရှိရသည်။

“စစ်ခွေး သေစာရင်းကတော့ မသိရသေးဘူး။ မိုင်းခွဲလိုက်တဲ့အချိန်မှာတော့ ၅ကောင် ထိထားတယ်လို့သိရပြီး နောက်ဆက်တွဲ ဒဏ်ရာပြင်းထန်မှုအနေအထား မသိရသေးပါဘူး။ ၅ ဦးကတော မိုင်းထိဒဏ်ရာရသွားတဲ့ အနေအထားပါ။ စစ်ခွေးဘက်ကတော့ ထိခိုက်သေဆုံးတာမျိုးကတော့ ရှိနိုင်ပါတယ်။ မိုင်းကွင်းထဲအရောက်မှာ မိုင်းဆွဲခဲ့တာမို့ပါ။ မိုင်းတစ်ပွိုင့် ၃ လုံးပါ။ ဒီနေ့ နံနက်ပိုင်းကပါ မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ”ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့- ရေဦးမြို့နယ် ပကဖ တာဝန်ခံက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article