31.1 C
Yangon

ညောင်လေးပင်-မဒေါက်-ရွှေကျင် လမ်းပိုင်းရှိ စစ်တပ် ဂိတ်စခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၂ ဦး သေဆုံးပြီး သေနတ် ၂ လက်သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ စက်တင်ဘာ ၅

ပဲခူးတိုင်း၊ ညောင်လေးပင်-မဒေါက်-ရွှေကျင်လမ်းပိုင်းရှိ အကြမ်းဖက် စစ်တပ် စစ်ဆေးရေးဂိတ်ကို ဝင်ရောက် တိုက်ခိုက်ရာ စစ်သား ၂ ဦး သေဆုံးပြီး သေနတ် ၂ လက်သိမ်းဆည်းရရှိခဲ့ကြောင်း Fire Dragon PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ စက်တင်ဘာလ ၅ ရက်နေ့ နံနက် ၆ နာရီခန့်တွင် ညောင်လေးပင်-မဒေါက်-ရွှေကျင်လမ်းပိုင်း၌ ယာယီ အထိုင်ချကာ အင်အား ၂၀ ခန့်ဖြင့် ဂိတ်ဖွင့် ဆက်ကြေးကောက်နေသော စစ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၂ ဦးသေဆုံးခဲ့ကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်၏ ညောင်လေးပင်မြို့ ခမရ ၂၀ တပ်ရင်း၌ တပ်စွဲထားသော စစ်သားများက လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ် တိုက်ခိုက်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။

ထို့ပြင် တိုက်ပွဲအတွင်း အကြမ်းဖက် စစ်သားများထံမှ MA1 သေနတ် ၁ လက်၊ MA2 သေနတ် ၁ လက်၊ ကျည် ၁၈၀ တောင့်၊ ကျည်ဘောက် ၅ ခု နှင့် အီနာဂါ ၂ လုံးတို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။ PDF တပ်ဖွဲ့ဝင်တွေ သိမ်းဆည်းရရှိခဲ့ပါတယ်။

“ဒီနေ့ နံနက် ၆ နာရီမှာ ညောင်လေးပင်-မဒေါက်- ရွှေကျင် လမ်းပိုင်းက စစ်ခွေးတွေ ဂိတ်စခန်းဖွင့်ပြီး ဂိတ်ကြေးကောက်နေတဲ့ နေရာကို ဝင်ပစ်ခဲ့တာဖြစ်ပါတယ်။ ကျနော်တို့ သေနတ် ၂ လက် ကျည်တချို့ရရှိခဲ့တယ်။ အဲလိုပစ်ခတ်ပြီးတဲ့ အချိန်မှဦ ညောင်လေးပင် ခမရ ၂၀ ကနေပြီးတော့ လက်နက်ကြီးနဲ့ သူတို့ ခြိမ်းခြောက်ပစ်ခတ်မှုတွေလုပ်ခဲ့ပါတယ်။ ကျနော်တို့ ဘက်က အထိအခိုက်မရှိပါဘူး။ ရန်သူ ၂ ကောင်ကျပါတယ်။ အဲစခန်းမှာ စစ်ခွေး ၂၀ လောက်ရှိတယ်။ အသေအထိုင်ချထားတဲ့ စခန်းမဟုတ်ဘူး။ ဂိတ်ကြေး လာလာကောက်ပြီးတော့ နေ့ဘက် ကောက်လိုက် ညဘက်ဆို ပြန်သွားလိုက်အဲလိုကောက်နေတဲ့ နေရာ” ဟု Fire Dragon PDF မှ တာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Fire Dragon နှင့် Fire Dragon ကွန်မန်ဒို PDF တပ်ဖွဲ့ဝင် တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article