26.3 C
Yangon

ချောက်မြို့ပေါ်ရှိ ခလရ ၁၃ တပ်ရင်းနှင့် စလေမြို့နယ်ရှိ ခမရ ၄၁၆ တပ်ရင်းတိုကို ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားဟုဆို

Must read

ရန်ကုန်၊ စက်တင်ဘာ ၅

မကွေးတိုင်း၊ ချောက်မြို့ပေါ်ရှိ ခလရ ၁၃ တပ်ရင်းနှင့် စလေမြို့နယ်ရှိ ခမရ ၄၁၆ တပ်ရင်းကို ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၁၅ ဦး သေဆုံးခဲ့ကြောင်း မကွေးတိုင်း ပကဖ Drone လက်ရုံး တပ်ဖွဲ့ ဖြစ်သော သိန်းငှက်နက် ဆိပ်ဖြူ တော်လှန်ရေးတပ်ဦးအဖွဲ့မှ Cyrus က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၄ ရက်နေ့ ည ၉ နာရီ ၄၅ မိနစ်ခန့်တွင် ချောက်မြို့ရှိ တပ်မ ၈၈ လက်အောက်ခံ ခလရ ၁၃ နှင့် စလေမြို့နယ်ရှိ ခမရ ၄၁၆ တပ်ရင်းကို တော်လှန် ရေးတပ်ဖွဲ့များက ရော့ကတ် ၁၅ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ထို တိုက်ခိုက်မှု အတွင်း ခလရ ၁၃ တပ်ရင်းကို ရော့ကတ် ၇ လုံး၊ ခမရ ၄၁၆ တပ်ရင်း ကို ရော့ကတ် ၈ လုံး ကျရောက် ပေါက်ကွဲခဲ့ပြီး အကြမ်းဖက် စစ်သား ၁၅ ဦး သေဆုံးခဲ့ကြောင်း၊ ထို့ပြင် ခလရ ၁၃ တပ်ရင်းထဲကို ပေါက်မြို့နယ်မှ ရိက္ခာပို့ပြီး ပြန်လာသည့် ကား ၂ စီးလည်း ထိမှန်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေး ထိခိုက်သေဆုံးမှုစာရင်းက ၃၀ ဝန်းကျင်လောက်ရှိတယ်။ သေဆုံးတာကတော့ ၁၅ ယောက် ကျော်တယ်လို့တော့ သိရတယ်။ ၄၁၆ တပ်ရင်းထဲမှာ အင်အား ၁၀၀ ဝန်းကျင်ရှိတယ်လို့သိရတယ်။ ခလရ ၁၃ တပ်ရင်းကတော့ အင်အားပိုများတဲ့အပြင် စစ်သင်တန်းပါပေးတယ်။ ပေါ်တာဆွဲထားတဲ့ လူတွေကို စစ်သင်တန်းပေးတယ်။ စစ်ခွေး သေစာရင်းကတော့ ၂ ခု ပေါင်းရင် အဲ့ထက်ပိုနိုင်တယ်။ ပစ်ခတ်မှု ဖြစ်ပြီး ၃ နာရီကျော်ကြာမှ ချောက်မြို့ပေါ်နဲ့ ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ကင်းတွေထွက်လာတယ်။ အဲဒီအချက်နဲ့တင် အထဲမှာ ဘယ်လောက်ရုတ်ရုတ်သဲသဲ ဖြစ်သွားနိုင်လည်းဆိုတာကို သိနိုင်တယ်။ ပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့ရွေးကောက်ပွဲနဲ့ ရွေးကောက်ပွဲ ကော်မရှင်ရုံးတွေ ရွေးကောက်ပွဲနဲ့ သက်ဆိုင်တဲ့နေရာတွေကို ဝေးဝေးမှရှောင်ပေးဖို့ရယ် မရှောင်လို့သွားမိရင် ထိခိုက်မှုတွေရှိလာနိုင်လို့ပါ။ နောက်ပြီး ပူးပေါင်းလုပ်ဆောင်ကြတဲ့ အဖွဲ့တွေကို ကူညီထောက်ပံ့ပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု မကွေးတိုင်း ပကဖ Drone လက်ရုံးတပ်ဖွဲ့ ဖြစ်သော သိန်းငှက်နက် ဆိပ်ဖြူ တော်လှန်ရေးတပ်ဦးအဖွဲ့မှ Cyrus က ပြောဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို မကွေးတိုင်းပြည်သူ့ကာကွယ်​ရေးအဖွဲ့ Droneလက်ရုံးတပ်ဖွဲ့ Team1 သိန်းငှက်နက်ဆိပ်ဖြူတော်လှန်ရေးတပ်ဦးနှင့် ချောက်သခင်ဖိုးလှကြီးတပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article