မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ ထောက်ကြံ့ကွင်းဂိတ်မှ ထွက်လာသော အကြမ်းဖက်စစ်တပ်ကို မိုင်းဆွဲ၊ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ဗိုလ်ကြီး ၁ ဦးအပါအဝင် စစ်သား ၄ ဦး သေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ် ရေးတပ်မတော် – ပုဏ္ဏ၀တီတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ဩဂုတ်လ ၃၁ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်အချိန် တောင်တွင်းကြီးမြို့နယ်၊ ထောက်ကြံ့ကွင်းဂိတ်မှ အကြမ်း ဖက် စစ်ကောင်စီတပ်သား ၂၅ ဦးခန့်က ဆင်ပေါင်ဝဲမြို့နယ်၊ ဓနုန်းမြောင်ဂိတ်သို့ တပ်ဖွဲ့ဝင် အချိန်း အပြောင်း ပြုလုပ်ရန်ထွက်လာစဥ် ပဲခူးရိုးမ ပတ်လမ်းတစ်နေရာအရောက် တော်လှန်ရေးတပ်ဖွဲ့များမှ ရှေ့ထွက်မိုင်းများဖြင့် မိုင်းဆွဲတိုက်ခိုက်ခြင်း၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း လုပ် ဆောင်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်မှ ဗိုလ်ကြီး ၁ ဦးအပါအဝင် စစ်သား ၄ ဦး သေဆုံးပြီး အများ အပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“သေသွားတဲ့ဗိုလ်ကြီးက ကပစတပ်တွေထဲကနေ ပစ္စည်းထုတ်လုပ်တဲ့ တပ်ကလို့ပဲ သိရတယ်၊ ဒီဘက်မှာ ပခနတို့ ၉၆၇ တို့ ကပစတို့ရှိတယ်။ အပြန်အလှန်ပစ်ခတ်တိုက်ပွဲက ၁၀ မိနစ်လောက်ပဲ ကြာခဲ့ပါတယ်” ဟု ပြည်သူ့ကာ ကွယ်ရေးတပ်မတော် – ပုဏ္ဏ၀တီတပ်ဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
စစ်တပ်က တိုက်ပွဲဖြစ်ပွားပြီးနောက် မကွေးတိုင်း ၊တောင်တွင်းကြီးမြို့နယ် ဝါးသုန်းပြူးအုပ်စု သီရိရတနာကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်ပြီး ပြည်သူ့နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် – ပုဏ္ဏ၀တီတပ်ဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
စက်တင်ဘာလ ၅ ရက်နေ့ နံနက် ၈ နာရီခန့်က တောင်တွင်းကြီးမြို့နယ်၊ ဝါးသုန်းပြူးအုပ်စု၊ သီရိရတနာ ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်များကို မီးရှို့ကာ အနီး အနားပတ်ဝန်းကျင်ကျေးရွာများကို လက်နက် ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားရာ အနီးအနား ကျေးရွာများမှ ပြည်သူများမှာ စစ်ဘေးရှောင် ထွက်ပြေးနေရကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်-ပုဏ္ဏဝတီ PDF PNWD (တောင်တွင်းကြီး) ၊ သ ရက်ခရိုင်အမှတ် ၅ တပ်ရင်း (ဆင်ပေါင်ဝဲမြို့နယ်) ၊ နေပြည်တော် ၉၀၂ တပ်ရင်း ၊ မကွေးတောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ် ၊ တောင်တွင်းကြီး ပကဖ (အဂ္ဂကြီးအဖွဲ့) ၊ ဗိဿနိုး ပြည်သူ့ကာကွယ် ရေး အဖွဲ့ (တောင်တွင်းကြီး) နှင့် မကွေးပျောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
