28.9 C
Yangon

NUG က တစ်နိုင်ငံလုံး အထွေထွေထိုးစစ် ပြင်ဆင်နေချိန် စစ်တပ်က နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှ မြို့များ၊ စခန်းများနှင့် မဟာဗျူဟာလမ်းပိုင်းများကို ပြန်လည်ထိန်းချုပ် တန်ပြန်ထိုးစစ်ဆင်လာဟု ဝန်ခံ

Must read

ရန်ကုန်၊ စက်တင်ဘာ ၈

အမျိုးသားညီညွတ်ရေးအစိုးရ-NUG က တစ်နိုင်ငံလုံးအထွေထွေထိုးစစ်အတွက် ပြင်ဆင်နေချိန် စစ်တပ်က နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှ မြို့များ၊ စခန်းများနှင့် မဟာဗျူဟာလမ်းပိုင်းများကို ပြန်လည်ထိန်းချုပ် တန်ပြန် ထိုးစစ်ဆင်လာကြောင်း NUG -ကာကွယ်ရေးဝန်ကြီးဌာနက အစီရင်ခံစာ ထုတ်ပြန် ဝန်ခံလိုက်သည်။

ယမန်နေ့ထုတ်ပြန်သော ပြည်သူ့ခုခံတွန်းလှန်စစ် ၄ နှစ်ပြည့် အစီရင်ခံစာတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ယင်းသို့ ဝန်ခံထားခြင်းဖြစ်သည်။

နွေဦးတော်လှန်ရေး၏ အရေးအကြီးအလှည့်အပြောင်းကို ဖန်တီးနိုင်ရေး တစ် နိုင်ငံ လုံးအတိုင်အတာဖြင့် ဒေသတိုင်း ဟန်ချက်ညီ စစ်ဆင်ရန် ကာကွယ်ရေးဝန်ကြီးဌာနက ပြင်ဆင်လျက်ရှိကြောင်း၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်ကို နေရာအနှံ့ တပ်ဖြန့် တည်ထောက်ထားနိုင်ခြင်း၊ ညီနောင်တိုင်းရင်းသားတော်လှန် ရေးတပ်ဖွဲ့များကလည်း မရပ်မနား တိုက်ပွဲဝင်နေခြင်းသည် အဆိုပါ အလှည့်အပြောင်းကို ဖန်တီးရန် အခြေအနေပေးမှုနှင့် အခင်းအကျင်းများရရှိထားခြင်းဖြစ်ကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အထွေထွေထိုးစစ်ဆင် ဆင်နွှဲနိုင်ရန် အတွက် မိမိတပ်ကို ပြင်ဆင်ခြင်း၊ ဘဏ္ဍာရန်ပုံငွေ ပြင်ဆင်ခြင်း၊ ခဲယမ်းမီးကျောက်ဖြည့်တင်းခြင်းတို့ကို လုပ်ဆောင်လျက်ရှိကြောင်း NUG က ဆိုသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို ယခုအခါ တပ်ပုံစံ ကျစေရန် လေ့ကျင့်မှု၊ စုဖွဲ့မှု၊ ကွပ်ကဲမှုအဆင့်ဆင့် တာဝန်ပေးအပ်မှုတို့ကို ဆောင်ရွက်ရင်း တစ်ဖက်တွင် ဘဏ္ဍာရန်ပုံငွေနှင့် စစ်လက်နက်ပစ္စည်းစုစည်းမှုကို အားပြုလုပ်ဆောင်နေကြောင်း၊ အကြမ်းဖက်စစ်အာဏာသိမ်းမှုကို ဖယ်ရှားပြီး မြန်မာ့စစ်တပ်၏ နိုင်ငံရေးတွင် ပါဝင်နေခြင်းအား အဆုံးသတ်ရန် ဟူသော ဦးတည်ချက်ကို မျက်ခြေပြတ်မခံဘဲ ကြံ့ကြံ့ခံသော ဇွဲသတ္တိဖြင့် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ် ကြောင်း သိရှိရသည်။

အခြားသောတစ်ဖက်တွင်လည်း စစ်တပ်က စစ်မှုထမ်းဥပဒေဖြင့် အဓမ္မစစ်သား စုဆောင်းပြီး အရေအတွက်အင် အား ပြန်လည်ဖြည့်တင်းလာနိုင်ခြင်း၊ ဒရုန်းသုံးစွဲလာနိုင်ခြင်း၊ အိမ်နီးချင်းနိုင်ငံကြီး၏ မျက်နှာသာပေးမှုကို ရရှိခြင်းတို့ကို အကြောင်းပြု၍ စစ်မျက်နှာတချို့တွင် အင်အားကို စုစည်းပြီး တန်ပြန် ထိုးစစ် ဆောင်ရွက်လာကြောင်း၊ စစ်တပ်၏ တန်ပြန်ထိုးစစ်မှာ နယ်စပ်ကုန် သွယ်ရေးလမ်းကြောင်းပေါ်မှ မြို့များ၊ စခန်းများနှင့် မြေပြန့်ဒေသရှိ မဟာဗျူ ဟာလမ်းပိုင်းများကို ပြန်လည် ထိန်းချုပ်နိုင်ရေး ဦးတည်လျက်ရှိကြောင်း၊ သို့သော် တန်ပြန်ထိုးစစ်သည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အကန့်အသတ်မဲ့ စစ်ဆင်နိုင်ခြင်းမဟုတ်ဘဲ နေရာကွက်ပြီး အကန့်အသတ်ဖြင့်သာ တန်ပြန်ထို းစစ်ဆင်နေခြင်းဖြစ်ကြောင်း၊ လူအင်အားနှင့် လက်နက်ခဲယမ်းအင်အား အကန့်အ သတ်ရှိနေကြောင်း NUG က ဆိုသည်။

ထို့ပြင် နွေဦးတော်လှန်ရေး ကာလအတွင်း တော်လှန်ရေးတပ်ဖွဲ့များ၏ တိုက် ခိုက်မှုကြောင့် ၂၀၂၄ ခုနှစ်အကုန်ထိ တိုင်းစစ်ဌာနချုပ် ၂ ခု ၊ ဒကစ ဌာနချုပ် ၁ ခု၊ စကခ ဌာနချုပ် ၅ ခု၊ စစ်ဗျူဟာ အခြေချစခန်း ၆ ခု၊ လေတပ်ဆွယ် ၂ ခု၊ တိုက်ခိုက်ရေးနောက်တန်းစခန်း ၈၆ ခု၊ လက်ရုံးနောက်တန်းစခန်း ၅၄ ခု၊ နယ်ခြား စောင့်စခန်း ၁၇ ခု၊ စုစုပေါင်း အခြေစိုက် စစ်တပ်ဌာနချုပ်စခန်း ၁၇၃ ခု လက်လွှတ်ဆုံးရှုံးခဲ့ပြီးဖြစ်ကြောင်း၊ ၂၀၂၅ ခုနှစ်အတွင်း ယနေ့အချိန် စစ်တပ် နောက်တပ်စခန်း တပ်ရင်းဌာနချုပ် ၁၀ ခု ထပ်မံကျဆုံးခဲ့ကြောင်း သိရှိရသည်။

နွေဦးတော်လှန်ရေး ပြည်သူ့ခုခံတွန်းလှန် စစ်ကာလအတွင်း စစ်အုပ်စု ဩဇာခံ စစ်သား၊ ရဲနှင့် နယ်ခြားစောင့်တပ်ဖွဲ့ဝင် သေဆုံးမှု ခြောက်သောင်း နီးပါး (ကိန်းဂဏန်းအားဖြင့် ၆၀၃၃၁ ဦး) ရှိပြီး ထိခိုက်ဒဏ်ရာရရှိမှု နှစ်သောင်းကျော် (ကိန်းဂဏန်းအားဖြင့် ၂၆၉၀၅ ဦး) ရှိရာ စစ်တပ်ဘက်မှ စစ်အင်အား စုစုပေါင်း ရှစ်သောင်းကျော် (ကိန်းဂဏန်းအားဖြင့် ၈၇၂၃၆ ဦး) ပြုန်းတီးခဲ့ကြောင်း၊ ၄ နှစ်တာကာလအတွင်း စစ်တပ်၏ လေယာဉ်မျိုးစုံ ၂၀ စီးလည်း ထိခိုက်ပျက်စီးခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။

နွေဦးတော်လှန်ရေးကာလ နယ်မြေထိန်းချုပ်မှုအနေဖြင့် ၂၀၂၅ ခုနှစ် ဩဂုတ်လအထိ မဟာမိတ်တော်လှန်ရေးအဖွဲ့များ၊ PDF နှင့် ပကဖ အဖွဲ့တို့၏ အပြည့်အ၀ စိုးမိုးအုပ်ချုပ်လျက်ရှိသည့် နယ်မြေများမှာ တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် မြို့နယ်စုစုပေါင်း ၁၆ ရာခိုင်နှုန်းရှိကြောင်း၊ ၀ိုင်းပတ်ပိတ်ဆို့ ထိန်းချုပ်ထားသည့်နယ်မြေများမှာ မြို့နယ်စုစုပေါင်း၏ ၂၄ ရာခိုင်နှုန်း၊ စစ်ဖြစ်ပွားလျက်ရှိသော နယ်မြေမှာ မြို့နယ်စုစုပေါင်း၏ ၂၁ ရာခိုင်နှုန်း၊ စစ်အုပ်စုက ထိန်းချုပ်ထားသော နယ်မြေများမှာ မြို့နယ်စုစုပေါင်း၏ ၃၉ ရာခိုင်နှုန်းရှိကြောင်း သိရှိရသည်။

နယ်စပ်ကုန်သွယ်ရေးမြို့အမြောက်အမြားကိုလည်း တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ထိန်းချုပ်ထားဆဲဖြစ်ပြီး တရုတ်၊ အိန္ဒိယ၊ ထိုင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများနှင့် ဆက်စပ်နေသော အဓိက နယ်စပ်ကုန်သွယ်ရေးမြို့ အနည်း ဆုံး ၁၁ မြို့ကို စစ်အုပ်စုက လက်လွှတ်ခဲ့ရကြောင်း၊ အဆိုပါမြို့များမှာ ကန်ပိုက်တီ၊ လိုင်ဇာ၊ လွယ်ဂျယ်၊ နမ့်ခမ်း၊ ပန်ဆိုင်း(ကြူကုတ်)၊ လောက်ကိုင်၊ ချင်းရွှေဟော်၊ မယ်စဲ့၊ မောတောင်၊ မောင်တောနှင့် ရိဒ်ခေါဒါရ်မြို့တို့ဖြစ်ကြောင်း၊ အိန္ဒိယနယ်စပ် တမူးမြို့ကိုလည်း PDF များ ဝိုင်းပတ်ထိန်းချုပ် တိုက်ခိုက်လျက်ရှိကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article