30.4 C
Yangon

အုတ်ဖိုတွင် ဆိုင်ကယ် ကယ်ရီသမားပုံစံ အယောင်ဆောင်ကာ PDF စခန်း စုံစမ်းနေသော ပျူစောထီး ပြည့်စုံ အရှင်ဖမ်းဆီးခံရစဉ် ခုခံထွက်ပြေးသဖြင့် ပစ်ခတ်ခံရပြီး သေဆုံး

Must read

ရန်ကုန်၊ စက်တင်ဘာ ၈

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် ကယ်ရီသမား အယောင်ဆောင်ကာ PDF သတင်း လာရောက် စုံစမ်းသော ပျူစောထီး ပြည့်စုံကို အရှင်ဖမ်းမိ သော်လည်း ခုခံထွက်ပြေး၍ ပစ်ခတ်ဖမ်းဆီးစဉ် သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဩဂုတ်လ ၁၈ ရက်နေ့ ညနေ ၅ နာရီခန့်တွင် အုတ်ဖိုမြို့နယ်၊ ပြည်တော်သာရွာတွင် နေထိုင်သော စစ်တပ် သတင်းပေး ပျူစောထီး ပြည့်စုံသည် မင်းလှဆည်ဘောင်ပေါ်၌ ကယ်ရီသမား အယောင်ဆောင်ကာ PDF သတင်း လာရောက် စုံစမ်းစဉ် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ Black Tiger ပျောက်ကြားအဖွဲ့ က အရှင်ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ဖမ်းဆီးရမိပြီးနောက် စစ်ဆေးမှုများ ပြုလုပ်ရန် ခေါ်ဆောင်လာစဉ် လမ်းပိုင်း တနေရာအရောက်တွင် ခုခံ ထွက်ပြေး၍ ပစ်ခတ် ဖမ်းဆီးရာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ သေဆုံးသွားသော ပျူစောထီး ပြည့်စုံထံမှ ဆိုင်ကယ် ၁ စီး နှင့် ဖုန်း ၁လုံး သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

သေဆုံးသွားသော ပျူစောထီး ပြည့်စုံသည် အေးမြသာယာမြို့၌ အမည်ဆိုးဖြင့် လူသိများသည့် ပျူခေါင်းဆောင် ဝန ၏ တပည့်ဖြစ်ပြီး ဆိုင်ကယ်ကယ်ရီသမား အယောင်ဆောင်ကာ တော်လှန်ရေးတပ်ဖွဲ့များ၏ လှုပ်ရှားသွားလာမှုများကို စုံစမ်းထောက် လှမ်း၍ စစ်တပ်ထံ သတင်းပေးခြင်း၊ တော်လှန်ရေးကို အားပေးကူညီသူများအား သတင်းစုံစမ်း၍ စစ်တပ်နှင့်အတူ ဖမ်းဆီးပေးခြင်း၊ လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးခြင်းများ လုပ်ဆောင်နေသူဖြစ်ကြောင်း သိရသည်။

“သူ့ကို ဖမ်းမိတော့ သူက ဝန်ခံတယ်။ PDF သတင်း လာစုံစမ်းတာဆိုပြီး အဲတာနဲ့ ကျနော်တို့က ဆက်လက် စစ်ဆေးမေးမြန်းတာတွေလုပ်ဖို့ ဖမ်းဆီးလာတဲ့ အချိန် ခုခံ ထွက်ပြေးလို့ ပစ်ခတ် ဖမ်းဆီးတာ ပွဲချင်းပြီး သေဆုံးခဲ့တယ်။ သူက လူငယ်တွေကို စစ်ခွေးတွေနဲ့ ပူးပေါင်း ပေါ်တာဆွဲ ဖမ်းဆီးတာတွေလည်း လုပ်ပါတယ်” ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ မှ တာဝန်ရှိသူက ပြောဆိုသည်။

သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ အနေဖြင့် ပြည်သူများနှင့် တော်လှန်ရေးတပ်ဖွဲ့များကို ဒုက္ခပေးနေကြသည့် အကြမ်းဖက် စစ်တပ်အပြင် ၎င်းတို့ ဒေါက်တိုင်များကိုလည်း တိုက်ခိုက်သွားမည်ဖြစ်၍ ပြည်သူများအနေဖြင့် ၄င်းတို့အနီး သွားလာနေထိုင်ခြင်းများ မပြုလုပ်ကြရန် အသိပေး ပြောဆိုထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article