28.4 C
Yangon

အုတ်ဖိုတွင် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးပြီး လစဉ် စစ်မှုထမ်းကြေး ကောက်ခံနေသော ကန်သာယာကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ထွန်းသိန်း ပစ်ခတ်ခံရပြီး သေဆုံး

Must read

ရန်ကုန်၊ စက်တင်ဘာ ၈

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးပြီး လစဉ် စစ်မှုထမ်းကြေး ကောက်ခံနေသော အုပ်ချုပ်ရေးမှူး ထွန်းသိန်းကို ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ Black Tiger ပြောက်ကျား အဖွဲ့ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၆ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်ခန့်အချိန် အုတ်ဖိုမြို့နယ်၊ ကန်သာယာရွာတွင် နေထိုင်သော ကန်သာယာရွာ အုပ်စု အုပ်ချုပ်ရေးမှူး ထွန်းသိန်း နှင့် ပျူခေါင်းဆောင် လှရွှေတို့ စကားပြောနေစဥ် မိမိတို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ Black Tiger ပြောက်ကျား အဖွဲ့ မှ တော်လှန်ရေး ရဲဘော်များက ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို တိုက်ခိုက်မှု အတွင်း အုပ်ချုပ်ရေးမှူး ထွန်းသိန်းသည် ပွဲချင်းပြီး သေဆုံးခဲ့ပြီး ပျူစောထီး ခေါင်းဆောင် လှရွှေသည် ထွက်ပြေးလွတ်မြောက်သွားကြောင်း၊ အုပ်ချုပ်ရေးမှူး ထွန်းသိန်း၏ နေအိမ်မှလည်း စစ်မှုထမ်းစာရွက်များနှင့် အခြားစာရွက်စာတမ်းများ သိမ်းဆည်းရရှိခဲ့ပြီး တော်လှန်ရေး ရဲဘော်များက မီးရှို့ရှင်းလင်းခဲ့ကြောင်း သိရှိရသည်။

သေဆုံးသွားသော အုပ်ချုပ်ရေးမှူး ထွန်းသိန်း သည် အကြမ်းဖက် စစ်တပ်၏ အမာခံ ဒေါက်တိုင်ဖြစ်ပြီး ပြည်သူလူထုကို ဖိနှိပ်ရန် ပျူစောထီး ခေါင်းဆောင်များကို အမိန့်ပေးခြင်း၊ အကြမ်းဖက် စစ်တပ်မှ ပြုလုပ်မည့် တရားမဝင်ရွေးကောက်ပွဲ၌ ပျူစောထီးအဖွဲ့များ လုံခြုံရေးယူကြရန် ဖိအားပေးပြောဆိုခြင်း၊ တောင်သူများကို စိုက်ပျိုးစရိတ်ချေးငွေများ အတင်းအကြပ်ဆပ်ခိုင်းပြီး မဆပ်ပါက စစ်တပ်ခေါ်ဖမ်းမည်ဟု ခြိမ်းခြောက်ခြင်း၊ စစ်မှုထမ်းကြေးဟုဆိုကာ ပြည်သူများထံမှ ငွေကြေးများ အတင်းအကြပ် ကောက်ခံခြင်း၊ လူငယ်များအား စစ်မှုထမ်းရန် အတင်းအကြပ် စုဆောင်းခြင်းများ လုပ်ဆောင်နေသောကြောင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အုပ်ကြီးနဲ့ပျူခေါင်းဆောင်လှရွှေရယ် စကားပြောနေတာကို ဝင်ပစ်တာ အုပ်ကြီးထွန်းသိန်း ခေါင်းကို ကျည် ၃ ချက်မှန်ပြီးသေတယ်။ ပျူစောထီး ခေါင်းဆောင်လှသိန်း ကတော့ ထွက်ပြေးလို့လွတ်သွားတယ်။ စစ်မှုထမ်းရမည့် လူငယ်တွေ အမည်ပါတဲ့ စာရွက်စာတမ်းနဲ့ တခြားစာရွက်တွေ အုပ်ကြီးအိမ်မှာတွေ့တော့ မီးရှို့ရှင်းလင်းလိုက်တယ်။ အုပ်ကြီးရှင်းပြီး ရဲဘော်တွေပြန်ဆုတ်တော့ ထွက်ပြေးသွားတဲ့ ပျူခေါင်းဆောင် လှရွှေက စစ်ခွေးတွေဆီ ဖုန်းဆက်အကြောင်းကြားလို့ လက်နက်ကြီး၂လုံးနဲ့ စခတွေရွာထဲကို ပစ်တယ်။ တော်လှန်ရေး ရဲဘော်တွေတော့ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်။ အဲ့ အုပ်ကြီးက ခေတ်အဆက်ဆက် စစ်တပ်ထောက်တိုင်လုပ်လာပြီး ပြည်သူကိုဖိနှိပ်နေတဲ့သူပါ။ တခြားအုပ်ကြီးနဲ့ ပျူတွေကိုလည်း ပြည်သူကို ဖိနှိပ်ရမယ်ဆိုပြီး သူကခိုင်းနေတာ” ဟု Black Tiger ပြောက်ကျား အဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ Black Tiger ပြောက်ကျား အဖွဲ့ အနေဖြင့် ပြည်သူများနှင့် တော်လှန်ရေးတပ်ဖွဲ့များကို ဒုက္ခပေးနေကြသည့် အကြမ်းဖက် စစ်အုပ်စုအပြင် ၎င်းတို့​၏ ဒေါက်တိုင်များကိုလည်း တိုက်ခိုက်သွားမည်ဖြစ်၍ ပြည်သူများအနေဖြင့် ၄င်းတို့အနီး သွားလာနေထိုင်ခြင်းများ မပြုလုပ်ကြရန် အသိပေးပြောဆိုထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article