ရန်ကုန်၊ စက်တင်ဘာ ၈
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ထမင်းမစားကျေးရွာ၌ တပ်စွဲထားသော အ ကြမ်း ဖက်စစ်ကောင်စီ တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ကြောင်း KNU မြိတ် -ထားဝယ်ခရိုင် အတွင်းရေးမှူး စောအယ်နား က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ယနေ့ စက်တင်ဘာလ ၈ ရက် နံနက် ၇ နာရီ အချိန်က ပုလောမြို့နယ်၊ ထမင်းမစားကျေးရွာ၌ အင်အား ၄၀ ဝန်းကျင်ဖြင့် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီ၏ ခလရ ၂၈၀ တပ်ရင်း၊ အမတ ၃၀၉ တပ်ရင်း၊ အမှတ် ၁၂ တပ်မ တော်လေ့ကျင့်ရေးသင်တန်းကျောင်းတပ်ဖွဲ့ဝင်များကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“အင်အား ၄၀ လောက်ရှိတဲ့စခန်းပါ၊ ထွက်ပြေးတာလဲရှိတယ်၊ သေတာလည်းရှိတယ်၊ ထွက်ပြေး တာများတယ်၊ စာရင်းအတိအကျတော့ ပြောမရဘူး” ဟု KNU မြိတ် -ထားဝယ်ခရိုင် အတွင်းရေးမှူး စောအယ်နားက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ထိုသို့ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သားများ အသုံးပြုသည့် လက်နက်တစ်လက်၊ ခဲယမ်း များနှင့် စစ်အသုံးအဆောင်ပစ္စည်းများသိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို K.N.L.A ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မ တော်၊ တပ်မဟာ ၄ လက် အောက်ခံ KNDOတပ်ရင်း ၇ ၊ တပ်ခွဲ ၂ ၊ တပ်ခွဲ ၅ ၊ KNLA အထူးတပ်ဖွဲ့၊ ပုလောပြည့်သူ့ ကာကွယ် ရေးတပ်ဖွဲ့နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များတိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ၂ ကြိမ် တိုက်ခိုက်ရာ စစ်သား ၁၉ ဦးသေဆုံးခဲ့ကြောင်း ပွင့်ဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
စက်တင်ဘာလ ၆ ရက်နေ့တွင် ပွင့်ဖြူ ဝါစိုက်ပျိုးရေးတပ်မှ စစ်သားများ နှင့် ပျူစောထီးများ ပါဝင်သော အင်အား ၃၀ ခန့်ပါ စစ် ကြောင်းသည် ကျောင်းကုန်းကြီးကျေးရွာတွင် အင်အားစုဖွဲ့ပြီး မဒဲကျေးရွာမြောက်ဘက်ကို စစ် ကြောင်းထိုး ဝင်ရောက်လာစဉ် တော်လှန်ရေး တပ်ဖွဲ့များနှင့် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား ၄ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ယင်းနေ့ ညနေ ၄ နာရီခန့်တွင် မဲဇလီရဲစခန်းမှ အင်အား ၈၀ ခန့်ပါ စစ်ကြောင်းသည် မဒဲကျေးရွာဘုန်းကြီးကျောင်းသို့ ရောက်ရှိလာသော အကြမ်းဖက် စစ် တပ် စစ်ကြောင်းနှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲထပ်မံ ဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ အထိနာပြီး ထွက်ပြေး ဆုတ်ခွာလာစဉ် တော် လှန်ရေး တပ်ဖွဲ့များက ထပ်မံ မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ မိုင်းဆွဲ တိုက်ခိုက်ပြီးနောက် တိုက်ပွဲ မိနစ် ၃၀ ခန့်ဖြစ်ပွားခဲ့ပြီး အကြမ်း ဖက် စစ်တပ်ဘက်မှ ၁၄ ဦးသေဆုံးခဲ့ကြောင်း၊ တိုက် ပွဲဖြစ်ပွားပြီးနောက် ည ၇ နာရီခန့်တွင် ပွင့်ဖြူမြို့နယ် သမ္ဗာဆန္ဒ နာရေးကားများ၊ လူနာတင်ကားများဖြင့် စစ်သားအလောင်းများနှင့် ဒဏ်ရာရရှိသူများကို လာရောက် သယ်ဆောင်သွားကြောင်း သိရသည်။
“စစ်ခွေး သေစာရင်းကတော့ ထပ်တိုး ရှိနိုင်ပါတယ်။ သူတို့က လူနာတွေကို နာရေးကားနဲ့ သယ်သွားတာဆိုတော့ နောက်ပိုင်းက အတည်ပြုလို့ခက်ပါတယ်။ တိုက်ပွဲ ၂ ကြိမ် အတွင်းမှာ စစ်ခွေး ၁၉ ကောင်သေဆုံးပါတယ်။ လက်နက်တွေတော့ သိမ်းဆည်းရမိတာမရှိပါဘူး” ဟု ပွင့်ဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖပွင့်ဖြူ၊ ပွင့်ဖြူကာ ကွယ်ရေးတပ်(Local)နှင့် မင်းဘူးခရိုင်ပကဖ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
ပြည်သူများအနေဖြင့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းထိုးလာပါက သတိပြုသွားလာနေထိုင်ကြရန်နှင့် တိုက်ပွဲဖြစ်ပွားရာနေရာများအနီး သွားလာခြင်းမပြု လုပ်ကြရန် ပွင့်ဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အသိပေး ပြောဆိုထား သည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar


