ဒီကနေ့ စက်တင်ဘာ ၈ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- အကြမ်းဖက်စစ်တပ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ဗိုလ်မှူးအဆင့်နှင့်အထက် စစ်အရာရှိတွေ တိုက်ပွဲအတွင်း သေဆုံးရင် နာရေးစရိတ်နှင့် သက်စွန့် ဂုဏ်ပြု မှတ်တမ်းလွှာ ချက်ချင်းထုတ်ပေးပြီး အသက်အာမခံလျှော်ကြေး၊ ပင်စင် အပါအဝင် ခံစားခွင့်တွေကို ၃ လအတွင်း ရရှိဖို့ဆောင်ရွက်ပေးနေတယ်လို့ နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ပြောပါတယ်။
- အကြမ်းဖက်စစ်တပ်က မြို့နယ်နှင့်နယ်မြေရဲစခန်းတိုင်းမှာ ပြည်သူတွေကို ပြစ်မှု မှတ်တမ်းနှင့် နိုင်ငံရေးမှာ ပါဝင်ပတ်သက်မှု ရှိ၊ မရှိကို အဓိက စိစစ်တဲ့ Person Scrutinization and Monitoring System (PSMS) ဆော့ဝဲတွေ တပ်ဆင်ထားတယ်လို့ သိရပါတယ်။
- ယူကေရောက် မြန်မာပြည်ဖွားတွေက လူထုခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေကြောင်းဆိုတဲ့ နှင်းဆီဆုတောင်း အစီအစဉ်ကို မန်ချက်စတာ ဟင်းအိုးကြီး ၄ နှစ်မြောက် ရန်ပုံငွေစျေးရောင်းပွဲမှာ ဆုမွန်ကောင်းတောင်း ခဲ့ကြတယ်လို့ သိရပါတယ်။
- မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ကျောက်ဖြူကျေး ရွာမှာ ကလေးငယ်တွေ စာသင်ကြားနေတဲ့ နေအိမ်ကို အကြမ်းဖက် စစ်တပ်က လေယာဉ်နဲ့ ဗုံးကျဲ တိုက်ခိုက်ခဲ့တာကြောင့် အသက် ၁၀ နှစ် အရွယ်ကလေးငယ် ၁ ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာ ရရှိခဲ့တဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
