စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်တွင် စစ်သင်္ဘောအုပ်စုဖြတ်သန်းချိန် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ ၁၁ ဦး သေဆုံးကြောင်း Tigyaing Revolution – TR အဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
စက်တင်ဘာလ ၆ ရက်နေ့နှင့် စက်တင်ဘာလ ၇ ရက်နေ့ အချိန် အကြမ်းဖက်စစ်တပ်၏ စစ်သင်္ဘောအုပ်စုက ဧရာ၀တီမြစ်အတိုင်း ဖြတ်သန်းချိန် စစ်သင်္ဘောအုပ်စုကို လုံခြုံရေးပေးရန် စစ်တပ်က လေကြောင်းတိုက်ခိုက်ခြင်းနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ထိုသို့ပစ်ခတ်မှုမှာ တိုက်ပွဲဖြစ်ပွားခြင်းမဟုတ်ဘဲ ပစ်ခတ်ခြင်းဖြစ်ကြောင်း သိရှိရသည်။
အကြမ်းဖက်စစ်တပ်၏ ပစ်ခတ်မှုကြောင့် မောင်းကုန်းရွာမှ ပြည်သူ ၅ ဦး၊ ကျော်မှော်ရွာမှာ ပြည်သူ ၁ ဦး ဘိုကုန်းရွာမှ ပြည်သူ ၃ ဦး၊ ဝဲကြီး(ချွန်း)ရွာမှာ ပြည်သူ ၂ ဦး စုစုပေါင်း ပြည်သူ ၁၁ ဦးသေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူများခဲ့ကြောင်း သိရှိရသည်။
“တိုက်ပွဲမဖြစ်ဘဲ ရမ်းသမ်းပစ်ခတ်တာမျိုးပါ” ဟု Tigyaing Revolution – TR အဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
လတ်တလော မြေပြင်တွင်လည်း စစ်တပ်က ထီးချိုင့်မြို့အပါအဝင် စစ်ကိုင်းတိုင်းနှင့်ကချင်ပြည်နယ်အစပ်နေရာများသို့ ဦးတည် စစ်ကြောင်းထိုးရန် ပြင်ဆင်မှုများ မြင်တွေ့နေရကြောင်း ဒေသကင်းထောက်အဖွဲ့များထံမှ သိရှိရသည်။
ဓာတ်ပုံ – ထီးချိုင့်မြို့နယ်တွင် စစ်တပ်က ပြည်သူများနေထိုင်သော ကျေးရွာနှင့်နေအိမ်များကို ပစ်ခတ် မီးရှို့ဖျက်ဆီးခဲ့စဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
