29.8 C
Yangon

Khit Thit သတင်းဌာန၏ စက်တင်ဘာ ၁၀ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ စက်တင်ဘာ ၁၀ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • အကြမ်းဖက်စစ်တပ်လက်အောက်ခံ ဗိုလ်မှူးကြီးစောချစ်သူ ဦးဆောင်တဲ့ KNA ကို နိုင်ငံဖြတ်ကျော် ရာဇဝတ်အဖွဲ့အစည်းအဖြစ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ကြေညာလိုက်ပါတယ်။
  • မြန်မာစစ်အုပ်စုက တရုတ်ကုမ္ပဏီ Geedge (ဂျိ့ချ်) Networks ဆီကနေ အင်တာနက်သုံးစွဲမှုနဲ့ မိုလ်ဘိုင်း ဖုန်းသုံး သူတွေရဲ့ တည်နေရာတွေကို ခြေရာခံနိုင်တဲ့နည်းပညာတွေ ဝယ်ယူပြီး အင်တာနက်သုံးစွဲသူတွေကို ခြေရာခံနေတယ်လို့ Justice For Myanmar (JFM) က ထုတ်ပြန်လိုက်ပါတယ်။
  • အရပ်သားပြည်သူအများအပြားကို သတ်ဖြတ်ထားတဲ့ စစ်တပ်လက်အောက်ခံ ပျူစောထီးအဖွဲ့ရဲ့ ဘုန်းကြီး လို့ လူသိများတဲ့ ပေါက်ကိုယ်တော်နဲ့ ထိုင်းအမျိုးသားရေး အစွန်းရောက်နှုတ်ခမ်းမွှေးတို့ တွေ့ဆုံခဲ့တယ်လို့ ပေါက်ကိုယ်တော်က သူရဲ့ TikTok လူမှုကွန်ရက်မှာ ဗီဒီယိုတင်ထားပါတယ်။
  • ရှမ်းပြည်နယ် ကျောက်မဲမြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ မြေပြင်တိုက်ခိုက်မှု တွေကြောင့် ၁၂ ရက်အတွင်း ပြည်သူ ၂၉ ဦး သေပြီး ၆၆ ဦး ဒဏ်ရာရကာ ပြည်သူ ၉,၀၀၀ နီးပါး ထွက်ပြေးနေရတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article