ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ သစ်ဟောင်းပြင်ရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အမျိုးသမီး ၂ ဦးသေဆုံးပြီး နေအိမ် ၂ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
စက်တင်ဘာလ ၉ ရက်နေ့ မွန်းလွဲပိုင်းတွင် အကြမ်းဖက် စစ်တပ်က လက်ပံတန်းမြို့နယ်၊ သစ်ဟောင်းပြင်ရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း အသက် ၆၀ အရွယ် ဒေါ်ခင်လှိုင်နှင့် အသက် ၅၀ အရွယ် ဒေါ်စန်းဌေး တို့ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ ထို့ပြင် အသက် ၄၅ နှစ်အရွယ် မညိုမီလှိုင်နှင့် အသက် ၉ နှစ်အရွယ် မယွန်းဝတီ တို့လည်း ပြင်းထန်ဒဏ်ရာရရှိကာ ဆေးရုံတင်ထားရကာ နေအိမ် ၂ လုံးလည်း မီးလောင် ပျက်စီးခဲ့ကြောင်း သိရှိရသည်။
“စစ်ခွေးတွေက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ ဒရုန်းနဲ့ ဗုံးကျဲသွားတာ အမျိုး သမီး ၂ ဦးကတော့ ပွဲချင်းပြီး သေဆုံးတယ်။ ကလေးငယ် ၁ ဦးနဲ့ အမျိုးသမီး ၁ ဦးကိုကတော့ ပြင်းထန်ဒဏ်ရာရလို့ ဆေးရုံတင်ထားရတယ်။ နေအိမ် ၂ လုံးလည်း မီးလောင်ပျက်စီး သွားတယ်” ဟုရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။
အလားတူ စက်တင်ဘာလ ၄ ရက်နေ့ကလည်း လက်ပံတန်းမြို့ပေါ်တွင် တပ်စွဲထားသော အကြမ်းဖက် စစ်သားများသည် ဆင်တလင်းရွာကို ရောက်ရှိလာပြီးနောက် သရက်ချောင်းရွာကို ဒရုန်းဖြင့် ဗုံး ၂ လုံးကျဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင့် ကျေးရွာနေ ပြည်သူ ဦးဇေယျာလင်း နေအိမ်ပေါ် ဗုံးသီးကျရောက် ပေါက်ကွဲခဲ့ပြီး ပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။
ဓာတ်ပုံ – စက်တင်ဘာလ ၄ ရက်နေ့တွင် သရက်ချောင်းရွာကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော နေအိမ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
